ရာသီသစ္အတြက္ျပင္ဆင္ေလ့က်င့္ရန္ ဂ်ဴဗင္တပ္အသင္းနဲ႔ စီေရာ္နယ္ဒိုလာေရာက္ပူးေပါင္း

ဂ်ဴဗင္တပ္တုိက္စစ္မွဴး စီေရာ္နယ္ဒိုဟာ ရာသီႀကိဳေလ့က်င့္မႈေတြျပဳလုပ္ဖုိ႔ စေနေန႔က အသင္းထံ ျပန္လည္ေရာက္ရိွလာခဲ့ပါတယ္။

ဂ်ဴဗင္တပ္အသင္းေလ့က်င့္ေရးကြင္းကို လာေရာက္ပူးေပါင္းခဲ့တဲ့ စီေရာ္နယ္ဒိုကို ပရိသတ္အေျမာက္အမ်ားလာေရာက္ ႀကိဳဆုိခဲ့ၾကၿပီး စီေရာ္နယ္ဒိုက ပရိသတ္ေတြကို အမွတ္တရလက္မွတ္ေတြ ေရးထုိးေပးခဲ့ပါတယ္။

ဂ်ဴဗင္တပ္အသင္းရဲ႕ေလ့က်င့္ေရးကြင္းကို ျပန္ေရာက္လာတဲ့ေန႔မွာပဲ စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕ေျခေထာက္ၾကြက္သား ေလ့က်င့္ခန္းေတြကို စတင္ျပဳလုပ္ခဲ့တဲ့အျပင္ အသင္းရဲ႕ ေဆးဌာနမွာ ႏွလံုးနဲ႔ ပတ္သက္တဲ့ ေဆးစစ္မႈေတြကို ျပဳလုပ္ခဲ့ပါေသးတယ္။

စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ရာသီက ဂ်ဴဗင္တပ္အသင္းအတြက္ စီးရီးေအခ်န္ပီယံဆုဖလားရယူေပးခဲ့တဲ့အျပင္ ရာသီအကုန္မွာ ေပၚတူဂီလက္ေရြးစင္အသင္းအတြက္လည္း ပထမဆံုးအႀကိမ္က်င္းပတဲ့ ဥေရာပေနးရွင္းလိဂ္ၿပိဳင္ပြဲ ဆုဖလားကို ရယူေပးႏုိင္ခဲ့ပါတယ္။

 

အဲဒီၿပိဳင္ပြဲအၿပီး မိသားစုနဲ႔အတူ အပန္းေျဖခရီးထြက္ခဲ့တဲ့ စီေရာ္နယ္ဒိုဟာ စကၤာပူႏိုင္ငံကို ထူးခၽြန္ေက်ာင္းသားေတြကို ေပးအပ္မယ့္ စေကာလားရွစ္ပရိုဂရမ္အတြက္ အလည္အပတ္ေရာက္ရိွလာခဲ့ပါေသးတယ္။

ဂ်ဴဗင္တပ္အသင္းဟာ ယခုေႏြရာသီအတြင္း ျပဳျပင္ေျပာင္းလဲမႈမ်ားစြာကို ျပဳလုပ္ထားၿပီး နည္းျပဆာရီနဲ႔အတူ ရမ္ေဆး၊ ဘူဖြန္၊ ရာဘီေရာ့၊ပယ္လီဂရီနီ စတဲ့ ကစားသမားသစ္ေတြကို ေခၚယူအားျဖည့္ထားတာေၾကာင့္ လာမယ့္ရာသီသစ္မွာ စီေရာ္နယ္ဒိုရဲ႕ ေျခစြမ္းကို ပိုေကာင္းလာမယ့္ပံုစံမ်ိဳး ျမင္ေတြ႕ရဖြယ္ရိွေနတယ္လုိ႔ အီတလီမီဒီယာေတြက ဆုိပါတယ္။

စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ရာသီက ဂ်ဴဗင္တပ္အသင္းအတြက္ ၿပိဳင္ပြဲစံု 43 ပြဲကစားခဲ့ၿပီး 28 ဂိုးသြင္းယူေပးႏုိင္ခဲ့ပါတယ္။

[Unicode]

ရာသီသစ်အတွက်ပြင်ဆင်လေ့ကျင့်ရန် ဂျူဗင်တပ်အသင်းနဲ့ စီရော်နယ်ဒိုလာရောက်ပူးပေါင်း
================================

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ရာသီကြိုလေ့ကျင့်မှုတွေပြုလုပ်ဖို့ စနေနေ့က အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းလေ့ကျင့်ရေးကွင်းကို လာရောက်ပူးပေါင်းခဲ့တဲ့ စီရော်နယ်ဒိုကို ပရိသတ်အမြောက်အများလာရောက် ကြိုဆိုခဲ့ကြပြီး စီရော်နယ်ဒိုက ပရိသတ်တွေကို အမှတ်တရလက်မှတ်တွေ ရေးထိုးပေးခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့လေ့ကျင့်ရေးကွင်းကို ပြန်ရောက်လာတဲ့နေ့မှာပဲ စီရော်နယ်ဒိုဟာ သူ့ရဲ့ခြေထောက်ကြွက်သား လေ့ကျင့်ခန်းတွေကို စတင်ပြုလုပ်ခဲ့တဲ့အပြင် အသင်းရဲ့ ဆေးဌာနမှာ နှလုံးနဲ့ ပတ်သက်တဲ့ ဆေးစစ်မှုတွေကို ပြုလုပ်ခဲ့ပါသေးတယ်။

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်အသင်းအတွက် စီးရီးအေချန်ပီယံဆုဖလားရယူပေးခဲ့တဲ့အပြင် ရာသီအကုန်မှာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်လည်း ပထမဆုံးအကြိမ်ကျင်းပတဲ့ ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲ ဆုဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။

အဲဒီပြိုင်ပွဲအပြီး မိသားစုနဲ့အတူ အပန်းဖြေခရီးထွက်ခဲ့တဲ့ စီရော်နယ်ဒိုဟာ စင်္ကာပူနိုင်ငံကို ထူးချွန်ကျောင်းသားတွေကို ပေးအပ်မယ့် စကောလားရှစ်ပရိုဂရမ်အတွက် အလည်အပတ်ရောက်ရှိလာခဲ့ပါသေးတယ်။

ဂျူဗင်တပ်အသင်းဟာ ယခုနွေရာသီအတွင်း ပြုပြင်ပြောင်းလဲမှုများစွာကို ပြုလုပ်ထားပြီး နည်းပြဆာရီနဲ့အတူ ရမ်ဆေး၊ ဘူဖွန်၊ ရာဘီရော့၊ပယ်လီဂရီနီ စတဲ့ ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်ထားတာကြောင့် လာမယ့်ရာသီသစ်မှာ စီရော်နယ်ဒိုရဲ့ ခြေစွမ်းကို ပိုကောင်းလာမယ့်ပုံစံမျိုး မြင်တွေ့ရဖွယ်ရှိနေတယ်လို့ အီတလီမီဒီယာတွေက ဆိုပါတယ်။

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်အသင်းအတွက် ပြိုင်ပွဲစုံ 43 ပွဲကစားခဲ့ပြီး 28 ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။