ရင္ဆုိင္ရအခက္ဆုံးၿပိဳင္ဘက္အျဖစ္ ဗန္ဒိုက္ကို ဟာဇက္ ခ်ီးက်ဴး

Photo Credit

Photo Credit ; Getty Images

ရီးရဲလ္ေတာင္ပံကစားသမား ဟာဇက္က လီဗာပူးအသင္းေနာက္ခံလူ ဗန္ဒိုက္ကို ခ်ီးက်ဴးလုိက္ၿပီး မိမိရင္ဆုိင္ရအခက္ဆုံးၿပိဳင္ဘက္တစ္ဦးျဖစ္ေၾကာင္း ေျပာၾကားပါတယ္။ ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္း ဟာဇက္က အသက္ ၂၈ႏွစ္အရြယ္ရွိ ဗန္ဒိုက္ကို ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးေနာက္ခံလူအျဖစ္ ခ်ီးက်ဴးခ့ဲတာျဖစ္ပါတယ္။

Photo Credit ; Zimbio

”ပရီးမီးယားလိဂ္မွာ ေနာက္ခံလူေကာင္းေတြအမ်ားႀကီးရိွၿပီး အထူးသျဖင့္ ၿပီးခဲ့တ့ဲရာသီမွာ ဗန္ဒိုက္က အေကာင္းဆုံးျဖစ္ခဲ့ပါတယ္။ ဒီအတြက္ေၾကာင့္ပဲ ပီအက္ဖ္ေအအေကာင္းဆုံးကစားသမားဆုရရွိခဲ့တာလုိ႔ ထင္ပါတယ္။ သူက တကယ္ပဲေကာင္းမြန္ၿပီး ေတာင့္တင္းသန္မာပါတယ္။ ၿပီးခဲ့တဲ့ရာသီက အန္ဖီးလ္မွာ ကစားခဲ့တဲ့ပြဲကို မွတ္မိေနပါေသးတယ္။ ကၽြန္ေတာ္က အဲဒီပြဲမွာ တုိက္စစ္မွဴးအျဖစ္ ကစားခဲ့ရၿပီး သူနဲ႔အၿပိဳင္ ေခါင္းခုန္တုိက္ကာ ဘာအခြင့္အေရးမွမရဘဲ လဲက်သြားခဲ့ပါတယ္”လုိ႔ ဟာဇက္က ေျပာပါတယ္။

Photo Credit ; Zimbio

နယ္သာလန္လက္ေရြးစင္ ဗန္ဒိုက္ဟာ ၿပီးခဲ့တဲ့ရာသီက လီဗာပူးအသင္း ေအာင္ျမင္မႈရရွိခဲ့ရာမွာ အဓိကကစားသမားအျဖစ္ ေျခစြမ္းျပႏိုင္ခဲ့ၿပီး အသင္းကလည္း ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲႏိုင္ခဲ့သလို ပရီးမီးယားလိဂ္မွာ ခ်န္ပီယံဆုကာကြယ္ႏိုင္ခဲ့တဲ့စီးတီးကို ေနာက္ဆုံးအခ်ိ္န္အထိ ဖိအားေပးႏုိင္ခဲ့ပါတယ္။ သူဟာ ပီအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုရရွိခဲ့ၿပီး ပီအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးအသင္းမွာလည္း ေရြးခ်ယ္ျခင္းခံခဲ့ရပါတယ္။ ဟာဇက္ကေတာ့ ယခုေႏြရာသီအတြင္း ခ်ဲလ္ဆီးကေန ရီးရဲလ္ကို ေပါင္ ၈၈.၅သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့ပါတယ္။

Photo Credit ; PA

Unicode

ရင်ဆိုင်ရအခက်ဆုံးပြိုင်ဘက်အဖြစ် ဗန်ဒိုက်ကို ဟာဇက် ချီးကျူး

ရီးရဲလ်တောင်ပံကစားသမား ဟာဇက်က လီဗာပူးအသင်းနောက်ခံလူ ဗန်ဒိုက်ကို ချီးကျူးလိုက်ပြီး မိမိရင်ဆိုင်ရအခက်ဆုံးပြိုင်ဘက်တစ်ဦးဖြစ်ကြောင်း ပြောကြားပါတယ်။ ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဟာဇက်က အသက် ၂၈နှစ်အရွယ်ရှိ ဗန်ဒိုက်ကို ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနောက်ခံလူအဖြစ် ချီးကျူးခဲ့တာဖြစ်ပါတယ်။
”ပရီးမီးယားလိဂ်မှာ နောက်ခံလူကောင်းတွေအများကြီးရှိပြီး အထူးသဖြင့် ပြီးခဲ့တဲ့ရာသီမှာ ဗန်ဒိုက်က အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့်ပဲ ပီအက်ဖ်အေအကောင်းဆုံးကစားသမားဆုရရှိခဲ့တာလို့ ထင်ပါတယ်။ သူက တကယ်ပဲကောင်းမွန်ပြီး တောင့်တင်းသန်မာပါတယ်။ ပြီးခဲ့တဲ့ရာသီက အန်ဖီးလ်မှာ ကစားခဲ့တဲ့ပွဲကို မှတ်မိနေပါသေးတယ်။ ကျွန်တော်က အဲဒီပွဲမှာ တိုက်စစ်မှူးအဖြစ် ကစားခဲ့ရပြီး သူနဲ့အပြိုင် ခေါင်းခုန်တိုက်ကာ ဘာအခွင့်အရေးမှမရဘဲ လဲကျသွားခဲ့ပါတယ်”လို့ ဟာဇက်က ပြောပါတယ်။
နယ်သာလန်လက်ရွေးစင် ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်း အောင်မြင်မှုရရှိခဲ့ရာမှာ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းကလည်း ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုကာကွယ်နိုင်ခဲ့တဲ့စီးတီးကို နောက်ဆုံးအချိန်အထိ ဖိအားပေးနိုင်ခဲ့ပါတယ်။ သူဟာ ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုရရှိခဲ့ပြီး ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးအသင်းမှာလည်း ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ဟာဇက်ကတော့ ယခုနွေရာသီအတွင်း ချဲလ်ဆီးကနေ ရီးရဲလ်ကို ပေါင် ၈၈.၅သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။