ယူႏိုက္တက္ရဲ႕ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္မွာ ေပါ့ဂ္ဘာလည္း လုိက္ပါသြား

Photo Credit ; Daily Mail

Photo Credit ; Zenpix Ltd

ယူႏုိက္တက္အသင္းကြင္းလယ္လူ ေပါ့ဂ္ဘာဟာ အသင္းေဖာ္ေတြနဲ႔အတူ ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္အျဖစ္ ၾသစေၾတးလ်ႏိုင္ငံကို လုိက္ပါသြားေၾကာင္း သိရပါတယ္။ ယူႏိုက္တက္ဟာ ယေန႔မွာ အသင္းရဲ႕ကာရင္တန္ေလ့က်င့္ေရးကြင္းကေန ေလဆိပ္ကို သြားေရာက္ကာ ၾသစေၾတးလ်ႏုိင္ငံကို ထြက္ခြာသြားတာျဖစ္ၿပီး ေပါ့ဂ္ဘာက စိန္ေခၚမႈအသစ္ေတြနဲ႔ရင္ဆုိင္ခ်င္တယ္လုိ႔ ဆုိကာ အသင္းကေန ထြက္ခြာဖို႔ ဆႏၵရွိေနသလုိ ေအးဂ်င့္ျဖစ္သူ ႐ိုင္အိုလာကလည္း ေပါ့ဂ္ဘာအသင္းေျပာင္းေရႊ႕ေရးအတြက္ လုပ္ေဆာင္ေနတယ္လုိ႔ ဆိုထားပါတယ္။

Photo Credit ; Zenpix Ltd

ဒါေပမဲ့ ေပါ့ဂ္ဘာဟာ လင္ဂတ္၊ နည္းျပဆိုးလ္ရွား၊ ဒီဂီယာနဲ႔ ဒါေလာ့တုိ႔အပါအ၀င္ ယူႏိုက္တက္အသင္းေဖာ္ေတြနဲ႔အတူ ၾသစေၾတးလ်ႏိုင္ငံ၊ ပါ့သ္ၿမိဳ႕ကို ရွည္လ်ားတဲ့ေလၾကာင္းခရီး ထြက္ခဲ့တာျဖစ္ပါတယ္။ ေပါ့ဂ္ဘာအေနနဲ႔ အသင္းေဖာ္ေတြနဲ႔အတူ ေလယာဥ္မွာ ၁၇နာရီၾကာ ခရီးႏွင္ရမွာျဖစ္ၿပီး မန္ခ်က္စတာကေန ၾကားမွာမနားဘဲ ဆက္တုိက္ခရီးအေ၀းဆုံးပ်ံသန္းမႈအျဖစ္လည္း စံခ်ိန္တင္ေတာ့မွာျဖစ္ပါတယ္။

Photo Credit ; Eamonn and James Clarke

ယူႏိုက္တက္ဟာ ပါ့သ္ၿမိဳ႕မွာ ေျခစမ္းပြဲ ၂ပဲြကစားမွာျဖစ္ၿပီး အဲဒီေနာက္ စင္ကာပူနဲ႔ တ႐ုတ္ႏိုင္ငံေတြဆီ ဆက္လက္ခရီးထြက္မွာျဖစ္ပါတယ္။ ယူႏုိက္တက္အသင္းသားေတြဟာ တနဂၤေႏြေန႔နံနက္ပိုင္းက ကာရင္တန္ေလ့က်င့္ေရးကြင္းကို ေရာက္ရွိလာၿပီး ေပ့ါဂ္ဘာကိုေတာ့ သတင္းသမားေတြ မေတြ႕ျမင္ခဲ့ပါဘူး။

Photo Credit ; Eamonn and James Clarke

ေပါ့ဂ္ဘာဟာ ျပင္သစ္အသင္းနဲ႔အတူ ယူ႐ိုေျခစစ္ပြဲေတြမွာ ပါ၀င္ကစားခဲ့ၿပီးေနာက္ ယူႏိုက္တက္က သူ႕ကို အားလပ္ရက္ထပ္ေဆာင္းေပးခဲ့ၿပီး တခ်ိဳ႕အသင္းေဖာ္ေတြက သူတုိ႔နဲ႔အတူ ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္မွာ ေပါ့ဂ္ဘာလည္း လုိက္ပါလာဖို႔ မေသမခ်ာျဖစ္ခ့ဲၾကပါတယ္။ ေပါ့ဂ္ဘာကို ေခၚယူဖို႔ လက္ရွိအခ်ိန္မွာ ဂ်ဴဗင္တပ္စ္နဲ႔ရီးရဲလ္တုိ႔က အၿပိဳင္ႀကိဳးစားေနၿပီး ဂ်ဴဗင္တပ္စ္က ၂၀၁၆ ေႏြရာသီမွာ ယူႏုိက္တက္ကို ျပန္ေရာက္သြားတဲ့ေပါ့ဂ္ဘာကို ျပန္လည္ေခၚယူဖုိ႔ ေပါင္သန္း ၁၂၀နဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။

Photo Credit

Unicode

ယူနိုက်တက်ရဲ့ရာသီကြိုခြေစမ်းပွဲခရီးစဉ်မှာ ပေါ့ဂ်ဘာလည်း လိုက်ပါသွား

ယူနိုက်တက်အသင်းကွင်းလယ်လူ ပေါ့ဂ်ဘာဟာ အသင်းဖော်တွေနဲ့အတူ ရာသီကြိုခြေစမ်းပွဲခရီးစဉ်အဖြစ် သြစတြေးလျနိုင်ငံကို လိုက်ပါသွားကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ယနေ့မှာ အသင်းရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းကနေ လေဆိပ်ကို သွားရောက်ကာ သြစတြေးလျနိုင်ငံကို ထွက်ခွာသွားတာဖြစ်ပြီး ပေါ့ဂ်ဘာက စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်ချင်တယ်လို့ ဆိုကာ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေသလို အေးဂျင့်ဖြစ်သူ ရိုင်အိုလာကလည်း ပေါ့ဂ်ဘာအသင်းပြောင်းရွှေ့ရေးအတွက် လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ ပေါ့ဂ်ဘာဟာ လင်ဂတ်၊ နည်းပြဆိုးလ်ရှား၊ ဒီဂီယာနဲ့ ဒါလော့တို့အပါအဝင် ယူနိုက်တက်အသင်းဖော်တွေနဲ့အတူ သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့ကို ရှည်လျားတဲ့လေကြာင်းခရီး ထွက်ခဲ့တာဖြစ်ပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ အသင်းဖော်တွေနဲ့အတူ လေယာဉ်မှာ ၁၇နာရီကြာ ခရီးနှင်ရမှာဖြစ်ပြီး မန်ချက်စတာကနေ ကြားမှာမနားဘဲ ဆက်တိုက်ခရီးအဝေးဆုံးပျံသန်းမှုအဖြစ်လည်း စံချိန်တင်တော့မှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပါ့သ်မြို့မှာ ခြေစမ်းပွဲ ၂ပွဲကစားမှာဖြစ်ပြီး အဲဒီနောက် စင်ကာပူနဲ့ တရုတ်နိုင်ငံတွေဆီ ဆက်လက်ခရီးထွက်မှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းသားတွေဟာ တနင်္ဂနွေနေ့နံနက်ပိုင်းက ကာရင်တန်လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာပြီး ပေ့ါဂ်ဘာကိုတော့ သတင်းသမားတွေ မတွေ့မြင်ခဲ့ပါဘူး။
ပေါ့ဂ်ဘာဟာ ပြင်သစ်အသင်းနဲ့အတူ ယူရိုခြေစစ်ပွဲတွေမှာ ပါဝင်ကစားခဲ့ပြီးနောက် ယူနိုက်တက်က သူ့ကို အားလပ်ရက်ထပ်ဆောင်းပေးခဲ့ပြီး တချို့အသင်းဖော်တွေက သူတို့နဲ့အတူ ရာသီကြိုခြေစမ်းပွဲခရီးစဉ်မှာ ပေါ့ဂ်ဘာလည်း လိုက်ပါလာဖို့ မသေမချာဖြစ်ခဲ့ကြပါတယ်။ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ လက်ရှိအချိန်မှာ ဂျူဗင်တပ်စ်နဲ့ရီးရဲလ်တို့က အပြိုင်ကြိုးစားနေပြီး ဂျူဗင်တပ်စ်က ၂၀၁၆ နွေရာသီမှာ ယူနိုက်တက်ကို ပြန်ရောက်သွားတဲ့ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူဖို့ ပေါင်သန်း ၁၂၀နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။