ယူႏိုက္တက္နဲ႔ လူကာကူကို သီးျခားစီျဖစ္ဖို႔ ေနာက္ဆုံးလက္နက္အျဖစ္ ဒီဘားလားကို ဂ်ဴဗင္တပ္စ္ထုတ္သုံးဖြယ္ရွိ

Photo Credit ; Getty Images

Photo Credit ; Reuters

ဂ်ဴဗင္တပ္စ္အသင္းဟာ ယခုေႏြရာသီအတြင္း ယူႏုိက္တက္အသင္းကေန တုိက္စစ္မွဴးလူကာကူကို ေခၚထုတ္ႏုိင္ေရးအတြက္ ေနာက္ဆုံးလက္နက္အျဖစ္ ၾကယ္ပြင့္တုိက္စစ္မွဴး ဒီဘားလားကို အသုံးခ်ဖြယ္ရွိေနေၾကာင္း သိရပါတယ္။ စကုိင္းစပို႔တ္သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ စီးရီးေအခ်န္ပီယံ ဂ်ဴဗင္တပ္စ္အသင္းဟာ အင္တာမီလန္အသင္းကို အလဲထုိးႏိုင္ေရးအတြက္ ေႏြရာသီေစ်းကြက္ဖြင့္ကတည္းက အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြဆက္တုိက္ထြက္ေပၚေနတဲ့ ဘယ္လ္ဂ်ီယံလက္ေရြးစင္ လူကာကူကို ေခၚယူေရးႀကိဳးစားလာတာျဖစ္ေၾကာင္း သိရပါတယ္။

Photo Credit ; Offside

အင္တာမီလန္က လက္ရွိအခ်ိန္အထိ ယူႏုိက္တက္သတ္မွတ္ထားတဲ့ေျပာင္းေရႊ႕ေၾကးေပးေခ်ႏိုင္ဖို႔ အဆင္မေျပျဖစ္ေနခ်ိန္မွာ ဂ်ဴဗင္တပ္စ္ကေတာ့ ယူႏုိက္တက္အသင္း လက္သင့္ခံႏိုင္ေလာက္တဲ့ကမ္းလွမ္းမႈနဲ႔ လူကာကူကို ေခၚယူဖို႔ ႀကိဳးစားလာတာျဖစ္ၿပီး အဲဒီကမ္းလွမ္းမႈမွာ အာဂ်င္တီးနားလက္ေရြးစင္ ဒီဘားလားကို အစိတ္အပိုင္းတစ္ရပ္အျဖစ္ အလုိက္ေပးကမ္းလွမ္းမယ့္အစီအစဥ္ျဖစ္ပါတယ္။ ဒီဘားလားဟာ ၿပီးခဲ့တဲ့ေႏြရာသီက ရီးရဲလ္ကေန ေရာ္နယ္ဒိုေရာက္ရွိလာခ်ိန္ကတည္းက ဂ်ဴဗင္တပ္စ္မွာ ပုံမွန္ေျခစြမ္းရရွိဖို႔ ႐ုန္းကန္ေနရတာျဖစ္ၿပီး တူရင္မွာ ဆက္ကစားလုိတယ္လုိ႔ ၿပီးခဲ့တဲ့ေမလအတြင္း ဖြင့္ဟထားေပမယ့္ အခုခ်ိန္မွာေတာ့ အသင္းေျပာင္းေရႊ႕ဖို႔ ရာခုိင္ႏႈန္းမ်ားေနပါတယ္။

Photo Credit ; Getty Images

စပါးက ပါလာမုိတုိက္စစ္မွဴးေဟာင္း ဒီဘားလားကို ေခၚယူဖို႔ ဂ်ဴဗင္တပ္စ္နဲ႔ ေဆြးေႏြးခဲ့ၿပီး ေပါင္သန္း ၈၀နဲ႔ ကမ္းလွမ္းရင္ အဆင္ေျပႏိုင္ေလာက္ပါတယ္။ ဒါေပမဲ့ စပါးရဲ႕ႀကိဳးစားမႈက အရာမထင္ျဖစ္လာႏုိင္ၿပီး ဂ်ဴဗင္တပ္စ္က လူကာကူကို ေခၚယူေရးႀကိဳးစားမႈမွာ အဓိကလက္နက္အျဖစ္ ဒီဘားလားကို အသုံးခ်လာႏိုင္တာေၾကာင့္ျဖစ္ပါတယ္။

Photo Credit 

ဂ်ဴဗင္တပ္စ္ဟာ ေနာက္ထပ္ယူႏုိက္တက္အသင္းသားျဖစ္တဲ့ ကြင္းလယ္လူ ေပါ့ဂ္ဘာကို ျပန္လည္ေခၚယူဖို႔လည္း ႀကိဳးစားေနေပမယ့္ တူရင္ကို ျပင္သစ္လက္ေရြးစင္ ျပန္ေရာက္လာေရးအတြက္ ႀကိဳးစားမႈမွာ ဒီဘားလားကို အလုိက္ေပးကမ္းလွမ္းဖို႔ ဘာသတင္းမွ မထြက္ေပၚေသးပါဘူး။ အဲဒီအစား ဂ်ဴဗင္တပ္စ္အသင္းဟာ နည္းျပေဟာင္း ကြန္တီကို အလဲထိုးႏိုင္ေရးအတြက္ လူကာကူကုိ ေခၚယူေရးပဲ အာ႐ုံစုိက္ႀကိဳးစားလာဖြယ္ရွိပါတယ္။

Photo Credit 

Unicode

ယူနိုက်တက်နဲ့ လူကာကူကို သီးခြားစီဖြစ်ဖို့ နောက်ဆုံးလက်နက်အဖြစ် ဒီဘားလားကို ဂျူဗင်တပ်စ်ထုတ်သုံးဖွယ်ရှိ

ဂျူဗင်တပ်စ်အသင်းဟာ ယခုနွေရာသီအတွင်း ယူနိုက်တက်အသင်းကနေ တိုက်စစ်မှူးလူကာကူကို ခေါ်ထုတ်နိုင်ရေးအတွက် နောက်ဆုံးလက်နက်အဖြစ် ကြယ်ပွင့်တိုက်စစ်မှူး ဒီဘားလားကို အသုံးချဖွယ်ရှိနေကြောင်း သိရပါတယ်။ စကိုင်းစပို့တ်သတင်းဌာနရဲ့ဖော်ပြချက်အရ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းဟာ အင်တာမီလန်အသင်းကို အလဲထိုးနိုင်ရေးအတွက် နွေရာသီဈေးကွက်ဖွင့်ကတည်းက အသင်းပြောင်းရွှေ့ဖို့ သတင်းတွေဆက်တိုက်ထွက်ပေါ်နေတဲ့ ဘယ်လ်ဂျီယံလက်ရွေးစင် လူကာကူကို ခေါ်ယူရေးကြိုးစားလာတာဖြစ်ကြောင်း သိရပါတယ်။
အင်တာမီလန်က လက်ရှိအချိန်အထိ ယူနိုက်တက်သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးပေးချေနိုင်ဖို့ အဆင်မပြေဖြစ်နေချိန်မှာ ဂျူဗင်တပ်စ်ကတော့ ယူနိုက်တက်အသင်း လက်သင့်ခံနိုင်လောက်တဲ့ကမ်းလှမ်းမှုနဲ့ လူကာကူကို ခေါ်ယူဖို့ ကြိုးစားလာတာဖြစ်ပြီး အဲဒီကမ်းလှမ်းမှုမှာ အာဂျင်တီးနားလက်ရွေးစင် ဒီဘားလားကို အစိတ်အပိုင်းတစ်ရပ်အဖြစ် အလိုက်ပေးကမ်းလှမ်းမယ့်အစီအစဉ်ဖြစ်ပါတယ်။ ဒီဘားလားဟာ ပြီးခဲ့တဲ့နွေရာသီက ရီးရဲလ်ကနေ ရော်နယ်ဒိုရောက်ရှိလာချိန်ကတည်းက ဂျူဗင်တပ်စ်မှာ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရတာဖြစ်ပြီး တူရင်မှာ ဆက်ကစားလိုတယ်လို့ ပြီးခဲ့တဲ့မေလအတွင်း ဖွင့်ဟထားပေမယ့် အခုချိန်မှာတော့ အသင်းပြောင်းရွှေ့ဖို့ ရာခိုင်နှုန်းများနေပါတယ်။
စပါးက ပါလာမိုတိုက်စစ်မှူးဟောင်း ဒီဘားလားကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ ဆွေးနွေးခဲ့ပြီး ပေါင်သန်း ၈၀နဲ့ ကမ်းလှမ်းရင် အဆင်ပြေနိုင်လောက်ပါတယ်။ ဒါပေမဲ့ စပါးရဲ့ကြိုးစားမှုက အရာမထင်ဖြစ်လာနိုင်ပြီး ဂျူဗင်တပ်စ်က လူကာကူကို ခေါ်ယူရေးကြိုးစားမှုမှာ အဓိကလက်နက်အဖြစ် ဒီဘားလားကို အသုံးချလာနိုင်တာကြောင့်ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်ဟာ နောက်ထပ်ယူနိုက်တက်အသင်းသားဖြစ်တဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူဖို့လည်း ကြိုးစားနေပေမယ့် တူရင်ကို ပြင်သစ်လက်ရွေးစင် ပြန်ရောက်လာရေးအတွက် ကြိုးစားမှုမှာ ဒီဘားလားကို အလိုက်ပေးကမ်းလှမ်းဖို့ ဘာသတင်းမှ မထွက်ပေါ်သေးပါဘူး။ အဲဒီအစား ဂျူဗင်တပ်စ်အသင်းဟာ နည်းပြဟောင်း ကွန်တီကို အလဲထိုးနိုင်ရေးအတွက် လူကာကူကို ခေါ်ယူရေးပဲ အာရုံစိုက်ကြိုးစားလာဖွယ်ရှိပါတယ်။