ယူရို ၂၂၄ သန္းတန္ကစားသမားသစ္ေတြဆီကေန အမ်ားႀကီးေမွ်ာ္လင့္ထားတဲ့ဗယ္ဗာဒီ

ဘာစီလုိနာနည္းျပဗယ္ဗာဒီဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူထားတဲ့ စုစုေပါင္းယူရို ၂၂၄ သန္းတန္ေၾကးရွိ ကစာသမားသစ္ေတြျဖစ္ၾကတဲ့ တုိက္စစ္မႈးဂရစ္ဇ္မန္း၊ ကြင္းလယ္လူဒီေဂ်ာင္နဲ႔ ဂိုးသမားနီတိုတုိ႔ဆီကေန လွ်င္ျမန္စြာသက္ေရာက္ႏိုင္မယ့္အေထာက္အကူျပဳမႈမ်ဳိး ေမွ်ာ္လင့္ေနပါတယ္။ ဒီထဲမွာ ျပင္သစ္ၾကယ္ပြင့္ဂရစ္ဇ္မန္းဟာ ဂရစ္ဇ္မန္းဟာ အက္သလက္တီကိုကထြက္ခြာေၾကးျဖစ္တဲ့ ယူရိုသန္း ၁၂၀ကို ဘာစီလုိနာက ေပးေခၚခဲ့ရတဲ့ကစားသမားျဖစ္ပါတယ္။ ဒီေဂ်ာင္ကလည္း ၿပီးခဲ့တဲ့ရာသီေအဂ်က္နဲ႔ေျခစြမး္ေၾကာင့္ ဥေရာပထိပ္တန္းအသင္းေတြရဲ႕စိတ္၀င္စားျခင္းခံခဲ့ရၿပီး ဇန္န၀ါရီလကတည္းက ကနဦးေစ်းယူရို ၇၅ သန္းနဲ႔ သေဘာတူညီကာ ဘာစီလုိနာက လက္ဦးမႈရယူခဲ့တာပါ။ ဂိုးသမားနီတိုကေတာ့ ယူရို ၂၉ သန္းနဲ႔ ဗလင္စီယာကေန ေရာက္လာတာျဖစ္ၿပီး ေအာင္ျမင္မႈအေပၚမူတည္ၿပီး သူ႔အတြက္ ေနာက္ထပ္ ၉ သန္းေပးရဖုိ႔ ရွိပါတယ္။

photo-Goal

ဒါေၾကာင့္လည္း သူတုိ႔ ၃ ေယာက္အတြက္ ဒီႏွစ္ေႏြရာသီေစ်းကြက္ထဲမွာ ဘာစီလုိနာအသုံးျပခဲ့ရတဲ့ေငြေၾကးပမာဏဟာ ယူရို ၂၂၄ သန္းအထိ ျဖစ္သြားပါတယ္။ မာ်းျပားလွတဲ့သုံးစြဲမႈျဖစ္ၿပီး အထူးသျဖင့္ ဂရစ္ဇ္မန္းနဲ႔ ဒီေဂ်ာင္တို႔အေပၚ မ်ားစြာေမွ်ာ္လင့္ထားၾကတာပါ။ နီတိုကေတာ့ ဆီလက္ဆန္မရွိေတာ့တဲ့ တာစတီဂန္ရဲ႕အရန္ေနရာအတြက္သာ ေရာက္လာတာ ျဖစ္ပါတယ္။

photo-gettyimages

”သူတုိ႔ ၃ ေယာက္ဟာ အေရးပါတဲ့ေခၚယူမႈေတြပါ။ ဆိုေတာ့ သူတို႔အေပၚမွာ အမ်ားႀကီးေမွ်ာ္လင့္ထားပါတယ္။ ပရိသတ္ေတြက သူတို႔ေၾကာင့္ စိတ္လႈပ္ရွားေနၾကသလို သူတုိ႔ကို ကၽြန္ေတာ္တို႔ျဖစ္ေစခ်င္တာကလည္း သူတို႔အဆင့္နဲ႔လိုက္ေအာင္ အသင္းနဲ႔ခ်က္ခ်င္အံ့၀င္ခြင္က်ျဖစ္ေရးပါ။ ဒီေဂ်ာင္ဆို ၿပီးခဲ့တဲ့ႏွစ္နဲ႔ မၾကာေသးခင္ႏွစ္ေတြမွာ အဆင့္အတန္းျမင့္စြာကစားႏိုင္ခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔က အနာဂါတ္အတြက္ တည္ေဆာက္ေနသလို သူ႔ကစားသမားဘ၀မွာလည္း ႏွစ္ေတြအမ်ားႀကီးက်န္ေသးတာပါ။ ဂရစ္ဇ္မန္းကေတာ့ ေနရာလြတ္ေတြကို လ်င္ျမန္စြာျဖည့္ဆည္းေပးႏိုင္ၿပီး ဂိုးနားမွာ ဆုံးျဖတ္ေပးႏိုင္စြမ္းရွိသူပါ။ ဒီလုိကစားသမားမ်ိဳးက ဘယ္ေလာက္တန္တယ္ဆိုတာနဲ႔ သူဘာျပန္ေပးႏိုင္သလဲဆိုတာ ကၽြန္ေတာ္တို႔သိပါတယ္။ သူ႔အေပၚလည္း အမ်ားႀကီးေမွ်ာ္လင့္ထားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူဟာ အသက္ငယ္ေသးသလုိ အေတြ႕အႀကဳံလည္းရွိၿပီး ကၽြန္ေတာ့္အတြက္ ခ်က္ခ်င္းအသုံးက်ႏိုင္မယ့္ကစားသမားပါ”လို႔ ဘာစီလိုနာရုပ္သံနဲ႔  အင္တာဗ်ဴးမွာ နည္းျပဗယ္ဗာဒီက ေျပာၾကားခဲ့ပါတယ္။

[Unicode]

ဘာစီလိုနာနည်းပြဗယ်ဗာဒီဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ စုစုပေါင်းယူရို ၂၂၄ သန်းတန်ကြေးရှိ ကစာသမားသစ်တွေဖြစ်ကြတဲ့ တိုက်စစ်မှုးဂရစ်ဇ်မန်း၊ ကွင်းလယ်လူဒီဂျောင်နဲ့ ဂိုးသမားနီတိုတို့ဆီကနေ လျှင်မြန်စွာသက်ရောက်နိုင်မယ့်အထောက်အကူပြုမှုမျိုး မျှော်လင့်နေပါတယ်။ ဒီထဲမှာ ပြင်သစ်ကြယ်ပွင့်ဂရစ်ဇ်မန်းဟာ ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုကထွက်ခွာကြေးဖြစ်တဲ့ ယူရိုသန်း ၁၂၀ကို ဘာစီလိုနာက ပေးခေါ်ခဲ့ရတဲ့ကစားသမားဖြစ်ပါတယ်။ ဒီဂျောင်ကလည်း ပြီးခဲ့တဲ့ရာသီအေဂျက်နဲ့ခြေစွမ်းကြောင့် ဥရောပထိပ်တန်းအသင်းတွေရဲ့စိတ်ဝင်စားခြင်းခံခဲ့ရပြီး ဇန်နဝါရီလကတည်းက ကနဦးဈေးယူရို ၇၅ သန်းနဲ့ သဘောတူညီကာ ဘာစီလိုနာက လက်ဦးမှုရယူခဲ့တာပါ။ ဂိုးသမားနီတိုကတော့ ယူရို ၂၉ သန်းနဲ့ ဗလင်စီယာကနေ ရောက်လာတာဖြစ်ပြီး အောင်မြင်မှုအပေါ်မူတည်ပြီး သူ့အတွက် နောက်ထပ် ၉ သန်းပေးရဖို့ ရှိပါတယ်။

ဒါကြောင့်လည်း သူတို့ ၃ ယောက်အတွက် ဒီနှစ်နွေရာသီဈေးကွက်ထဲမှာ ဘာစီလိုနာအသုံးပြခဲ့ရတဲ့ငွေကြေးပမာဏဟာ ယူရို ၂၂၄ သန်းအထိ ဖြစ်သွားပါတယ်။ မာျးပြားလှတဲ့သုံးစွဲမှုဖြစ်ပြီး အထူးသဖြင့် ဂရစ်ဇ်မန်းနဲ့ ဒီဂျောင်တို့အပေါ် များစွာမျှော်လင့်ထားကြတာပါ။ နီတိုကတော့ ဆီလက်ဆန်မရှိတော့တဲ့ တာစတီဂန်ရဲ့အရန်နေရာအတွက်သာ ရောက်လာတာ ဖြစ်ပါတယ်။

”သူတို့ ၃ ယောက်ဟာ အရေးပါတဲ့ခေါ်ယူမှုတွေပါ။ ဆိုတော့ သူတို့အပေါ်မှာ အများကြီးမျှော်လင့်ထားပါတယ်။ ပရိသတ်တွေက သူတို့ကြောင့် စိတ်လှုပ်ရှားနေကြသလို သူတို့ကို ကျွန်တော်တို့ဖြစ်စေချင်တာကလည်း သူတို့အဆင့်နဲ့လိုက်အောင် အသင်းနဲ့ချက်ချင်အံ့ဝင်ခွင်ကျဖြစ်ရေးပါ။ ဒီဂျောင်ဆို ပြီးခဲ့တဲ့နှစ်နဲ့ မကြာသေးခင်နှစ်တွေမှာ အဆင့်အတန်းမြင့်စွာကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က အနာဂါတ်အတွက် တည်ဆောက်နေသလို သူ့ကစားသမားဘဝမှာလည်း နှစ်တွေအများကြီးကျန်သေးတာပါ။ ဂရစ်ဇ်မန်းကတော့ နေရာလွတ်တွေကို လျင်မြန်စွာဖြည့်ဆည်းပေးနိုင်ပြီး ဂိုးနားမှာ ဆုံးဖြတ်ပေးနိုင်စွမ်းရှိသူပါ။ ဒီလိုကစားသမားမျိုးက ဘယ်လောက်တန်တယ်ဆိုတာနဲ့ သူဘာပြန်ပေးနိုင်သလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ သူ့အပေါ်လည်း အများကြီးမျှော်လင့်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ အသက်ငယ်သေးသလို အတွေ့အကြုံလည်းရှိပြီး ကျွန်တော့်အတွက် ချက်ချင်းအသုံးကျနိုင်မယ့်ကစားသမားပါ”လို့ ဘာစီလိုနာရုပ်သံနဲ့  အင်တာဗျူးမှာ နည်းပြဗယ်ဗာဒီက ပြောကြားခဲ့ပါတယ်။