မုိနာကိုကြင္းလယ္လူ တုိင္လီမန္းစ္ကို ေပါင္သန္း ၄၀နဲ႔ လက္စတာ ေခၚယူ

Photo Credit ; Getty Images

Photo Credit ; Getty Images

လက္စတာအသင္းဟာ ဘယ္လ္ဂ်ီယံလက္ေရြးစင္ကြင္းလယ္လူ တုိင္လီမန္းစ္ကို မိုနာကိုအသင္းကေန ၄ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိကာ ေခၚယူႏိုင္ခဲ့ၿပီး ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၄၀အထိ ေပးေခ်ခဲ့ရေၾကာင္း သိရပါတယ္။ အသက္ ၂၂ႏွစ္အရြယ္ရွိ တိုင္လီမန္းစ္ဟာ ၿပီးခဲ့တဲ့ဇန္န၀ါရီလက လက္စတာအသင္းကို ၆လအငွားစာခ်ဳပ္နဲ႔ေရာက္လာၿပီးေနာက္ ပရီးမီးယားလိဂ္ ၁၃ပြဲကစားခြင့္ရရွိခဲ့ရာမွာ ၃ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၄ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။

Photo Credit ; Getty Images

သူဟာ နယူးကာဆယ္အသင္းကေန ေရာက္လာတဲ့တုိက္စစ္မွဴး ပီရက္ဇ္၊ လူတန္ေတာင္းအသင္းကေန ေရာက္လာတဲ့ ဂ်ိမ္းစ္ဂ်က္စတင္တို႔ၿပီးေနာက္ ယခုေႏြရာသီအတြင္း လက္စတာအသင္းရဲ႕ ၃ဦးေျမာက္ကစားသမားသစ္ေခၚယူမႈျဖစ္လာပါတယ္။ ”အသင္းေဖာ္ေတြနဲ႔အတူ ထပ္မံလက္တြဲဖို႔ မေစာင့္ႏိုင္ေအာင္ျဖစ္မိပါတယ္။ ေအာင္ျမင္မႈရဖို႔ လုံေလာက္တဲ့အရည္အေသြးပိုင္ဆုိင္ထားတယ္လုိ႔ ယုံၾကည္ၿပီး ဘယ္ကစားသမားအတြက္မဆို စိတ္လႈပ္ရွားစရာေကာင္းလာမွာပါ”လုိ႔ တုိင္လီမန္းစ္က ေျပာၾကားခဲ့ပါတယ္။

Photo Credit ; Getty Images

သူဟာ လက္စတာနည္းျပေဟာင္း ကေလာ္ဒီပူရယ္ရဲ႕ေနာက္ဆုံးေခၚယူမႈျဖစ္ခဲ့ၿပီး အဲဒီနည္းျပဟာ ေဖေဖာ္၀ါရီလမွာ ရာထူးကေန ထုတ္ပယ္ခံခဲ့ရကာ လက္ရွိနည္းျပ ေရာ့ဂ်ာက အစားထိုးတာ၀န္ယူခဲ့ပါတယ္။ တိုင္လီမန္းစ္ဟာ ဘယ္လ္ဂ်ီယံကလပ္ အန္ဒါလက္ရွ္အသင္းနဲ႔အတူ သူ႕ရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကို စတင္ခဲ့ၿပီး ၂၀၁၃ ေအာက္တိုဘာလက အိုလံပီယာကို႔စ္နဲ႔ပြဲမွာ ပါ၀င္ကစားခဲ့ၿပီးေနာက္ အသက္ ၁၆ႏွစ္၊ ၁၄၈ရက္နဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ကစားခြင့္ရရွိတဲ့ အသက္အငယ္ဆုံးဘယ္လ္ဂ်ီယံကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

Photo Credit

တိုင္လီမန္းစ္ဟာ ၄ရာသီအတြင္း အမွတ္ေပးခ်န္ပီယံဆု ၂ႀကိမ္ရရွိခဲ့ၿပီးေနာက္ ၂၀၁၇ ေႏြရာသီမွာ အန္ဒါလက္ရွ္ကေန မိုနာကိုအသင္းကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၂သန္း၀န္းက်င္နဲ႔ ေရာက္ရွိသြားၿပီး လီဂူး-၁အသင္းအတြက္ ၆၅ ပြဲမွာ ၆ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ သူဟာ ဘယ္လ္ဂ်ီယံအသင္းအတြက္လည္း ၂၃ပြဲကစားေပးထားၿပီး ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာလည္း ပါ၀င္ကစားခြင့္ရရွိခဲ့ပါတယ္။

Photo Credit 

Unicode

မိုနာကိုကွင်းလယ်လူ တိုင်လီမန်းစ်ကို ပေါင်သန်း ၄၀နဲ့ လက်စတာ ခေါ်ယူ

လက်စတာအသင်းဟာ ဘယ်လ်ဂျီယံလက်ရွေးစင်ကွင်းလယ်လူ တိုင်လီမန်းစ်ကို မိုနာကိုအသင်းကနေ ၄နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူနိုင်ခဲ့ပြီး ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀အထိ ပေးချေခဲ့ရကြောင်း သိရပါတယ်။ အသက် ၂၂နှစ်အရွယ်ရှိ တိုင်လီမန်းစ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက လက်စတာအသင်းကို ၆လအငှားစာချုပ်နဲ့ရောက်လာပြီးနောက် ပရီးမီးယားလိဂ် ၁၃ပွဲကစားခွင့်ရရှိခဲ့ရာမှာ ၃ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
သူဟာ နယူးကာဆယ်အသင်းကနေ ရောက်လာတဲ့တိုက်စစ်မှူး ပီရက်ဇ်၊ လူတန်တောင်းအသင်းကနေ ရောက်လာတဲ့ ဂျိမ်းစ်ဂျက်စတင်တို့ပြီးနောက် ယခုနွေရာသီအတွင်း လက်စတာအသင်းရဲ့ ၃ဦးမြောက်ကစားသမားသစ်ခေါ်ယူမှုဖြစ်လာပါတယ်။ ”အသင်းဖော်တွေနဲ့အတူ ထပ်မံလက်တွဲဖို့ မစောင့်နိုင်အောင်ဖြစ်မိပါတယ်။ အောင်မြင်မှုရဖို့ လုံလောက်တဲ့အရည်အသွေးပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ပြီး ဘယ်ကစားသမားအတွက်မဆို စိတ်လှုပ်ရှားစရာကောင်းလာမှာပါ”လို့ တိုင်လီမန်းစ်က ပြောကြားခဲ့ပါတယ်။
သူဟာ လက်စတာနည်းပြဟောင်း ကလော်ဒီပူရယ်ရဲ့နောက်ဆုံးခေါ်ယူမှုဖြစ်ခဲ့ပြီး အဲဒီနည်းပြဟာ ဖေဖော်ဝါရီလမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရကာ လက်ရှိနည်းပြ ရော့ဂျာက အစားထိုးတာဝန်ယူခဲ့ပါတယ်။ တိုင်လီမန်းစ်ဟာ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ရှ်အသင်းနဲ့အတူ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၁၃ အောက်တိုဘာလက အိုလံပီယာကို့စ်နဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီးနောက် အသက် ၁၆နှစ်၊ ၁၄၈ရက်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားခွင့်ရရှိတဲ့ အသက်အငယ်ဆုံးဘယ်လ်ဂျီယံကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
တိုင်လီမန်းစ်ဟာ ၄ရာသီအတွင်း အမှတ်ပေးချန်ပီယံဆု ၂ကြိမ်ရရှိခဲ့ပြီးနောက် ၂၀၁၇ နွေရာသီမှာ အန်ဒါလက်ရှ်ကနေ မိုနာကိုအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၂သန်းဝန်းကျင်နဲ့ ရောက်ရှိသွားပြီး လီဂူး-၁အသင်းအတွက် ၆၅ ပွဲမှာ ၆ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ ဘယ်လ်ဂျီယံအသင်းအတွက်လည်း ၂၃ပွဲကစားပေးထားပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။