မာတာရဲ႕ေနာက္က်ပင္နယ္တီဂိုးေၾကာင့္ ရာသီႀကိဳေျခစမ္းပြဲမွာ ႏုိင္ပြဲဆက္ခဲ့တဲ့မန္ယူ

0
453

ၾသစေၾတးလ်နဲ႔ အာရွေျခစမ္းခရီးစဥ္မွာ ႏုိင္ပြဲဆက္ၿပီး ရလဒ္ေကာင္းေတြရရိွခဲ့တဲ့ မန္ယူအသင္းဟာ ေနာ္ေ၀ကလပ္ ခရစၥတီယန္ဆန္အသင္းနဲ႔ ရင္ဆုိင္ကစားခဲ့တဲ့ပြဲမွာ ဂိုးရဖို႔ရုန္းကန္ခဲ့ရေပမယ့္ မာတာသြင္းယူတဲ့ ေနာက္က်ပင္နယ္တီဂိုးေၾကာင့္ တစ္ဂိုးတည္းနဲ႔ကပ္ႏုိင္ကာ ရာသီႀကိဳေျခစမ္းခရီးမွာ ႏုိင္ပြဲဆက္သြားခဲ့ပါတယ္။

ဒီပြဲမွာ မန္ယူအသင္းက ရာသီႀကိဳေျခစမ္းခရီးစဥ္တစ္ေလွ်ာက္လံုးမွာ အသံုးျပဳခဲ့တဲ့ 4-2-3-1 ကစားကြက္အတုိင္းပဲ ပြဲထြက္လာခဲ့ၿပီး ရက္ရွ္ဖုိ႔ဒ္၊ လင္ဂတ္၊ မာရွယ္၊ ဒန္နီရယ္ဂ်ိမ္းစ္၊ မာတစ္၊ တြမ္မီေနးတုိ႔နဲ႔အတူ ဘစ္ဆာကာ၊ လင္ဒီေလာ့ဖ္၊ ဖီးလ္ဂ်ံဳး၊ လုခ္ေရွာ၊ ဒီဂီယာတုိ႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ခရစၥတီယန္ဆန္အသင္းကေတာ့ 4-3-3 ကစားကြက္ကို အေျခခံလာခဲ့ေပမယ့္ ပြဲမတုိင္မီက သတင္းေတြထြက္ေပၚခဲ့သလုိ မန္ယူနည္းျပဆိုးလ္ရွားရဲ႕ သားျဖစ္သူ ႏုိအာဆိုးလ္ရွားကေတာ့ ပြဲထြက္စရင္းမွာ ပါ၀င္လာခဲ့ျခင္းမရိွပါဘူး။

မန္ယူအသင္းဟာ ခရစၥတီယန္ဆန္အသင္းကို လ်င္ျမန္တဲ့ေျပးအား၊ ျဖတ္တင္ေဘာေတြနဲ႔ တုိက္စစ္ဖြင့္ရင္ဆုိင္ကစားခဲ့ရာမွာ လင္ဂတ္၊ မာရွယ္တုိ႔ အပိုင္အခြင့္အေရးေတြ အသံုးမခ်ႏုိင္ခဲ့သလို ပြဲခိ်န္ပထမပိုင္းမွာ ဖီးလ္ဂ်ံဳးရဲ႕ အပိုင္ေခါင္းတုိက္ခ်က္ကလည္း လြဲေခ်ာ္ခဲ့လို႔ မန္ယူအသင္းဂိုးရဖို႔ ရုန္းကန္ခဲ့ရပါတယ္။ မန္ယူအသင္းမွာ တုိက္စစ္မွဴးရက္ရွ္ဖုိ႔ဒ္က တုိက္စစ္ျမားဦးေနရာမွာ ကစားခဲ့ေပမယ့္လည္း တြန္းတြန္းတုိက္တိုက္ ကစားခဲ့ျခင္းမရိွလို႔ တိုက္စစ္မွာ သိသိသာသာေပ်ာက္ဆံုးေနခဲ့ပါတယ္။

လင္ဂတ္၊ မာရွယ္တုိ႔ရဲ႕ ကြင္းလယ္တုိက္စစ္ေတြက အခ်ိတ္အဆက္မိေနခဲ့ေပမယ့္ ဂိုးသြင္းဖို႔ ႀကိဳးစားရာမွာ အဆံုးသတ္ပိုင္းအားနည္းေနခဲ့လို႔ ဂိုးမရခဲ့တာပါ။ အိမ္ရွင္ခရစၥတီယန္ဆန္အသင္းကေတာ့ မန္ယူအသင္းရဲ႕ တုိက္စစ္ဆင္မႈကိုသာ ကာကြယ္ေနခဲ့ရၿပီး တုိက္စစ္ဆင္ဖုိ႔ အခြင့္အေရးမရလို႔ အေ၀းကန္ခ်က္ေတြနဲ႔သာ ဂိုးရဖုိ႔ ႀကိဳးစားခဲ့ရတာပါ။

ဒုတိယပိုင္းမိနစ္ 60 မွာေတာ့ မန္ယူအသင္းက ရိုဂ်ိဳ၊ေပါ့ဘာ၊ တာဟစ္ေခ်ာင္၊ အက္ရွ္ေလယန္း၊ ဒါေလာ့၊ မာတာ၊ ပီရီရာတုိ႔ လူစား၀င္ကစားခဲ့ၾကရာမွာလည္း မန္ယူအသင္းဂိုးရဖုိ႔ ကံေခခဲ့ပါတယ္။ ပြဲခ်ိန္ 85 မိနစ္မွာေတာ့ ခရစၥတီယန္ဆန္အသင္းက ႏိုအာဆိုးလ္ရွာ လူစား၀င္ကစားလုိ႔ မန္ယူနည္းျပဆုိးလ္ရွားကိုယ္တုိင္ သားျဖစ္သူကို သြားအားေပးခဲ့ပါတယ္။

ပြဲၿပီးခါနီးမွာေတာ့ မာတာ ဂုိးသြင္းဖုိ႔ ႀကိဳးစားရာမွာ ခရစၥတီယန္ဆန္ဂိုးသမား အ၀င္ၾကမ္းခဲ့လို႔ မန္ယူပင္နယ္တီရရိွၿပီး မာတာကပဲ ကန္သြင္းယူခဲ့လို႔ ရာသီႀကိဳေျခစမ္းပြဲေတြမွာ ရာႏႈန္းျပည့္ႏုိင္ပြဲဆက္ခဲ့တာျဖစ္ပါတယ္။

[Unicode]

မာတာရဲ့နောက်ကျပင်နယ်တီဂိုးကြောင့် ရာသီကြိုခြေစမ်းပွဲမှာ နိုင်ပွဲဆက်ခဲ့တဲ့မန်ယူ
=================================

သြစတြေးလျနဲ့ အာရှခြေစမ်းခရီးစဉ်မှာ နိုင်ပွဲဆက်ပြီး ရလဒ်ကောင်းတွေရရှိခဲ့တဲ့ မန်ယူအသင်းဟာ နော်ဝေကလပ် ခရစ္စတီယန်ဆန်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲမှာ ဂိုးရဖို့ရုန်းကန်ခဲ့ရပေမယ့် မာတာသွင်းယူတဲ့ နောက်ကျပင်နယ်တီဂိုးကြောင့် တစ်ဂိုးတည်းနဲ့ကပ်နိုင်ကာ ရာသီကြိုခြေစမ်းခရီးမှာ နိုင်ပွဲဆက်သွားခဲ့ပါတယ်။

ဒီပွဲမှာ မန်ယူအသင်းက ရာသီကြိုခြေစမ်းခရီးစဉ်တစ်လျှောက်လုံးမှာ အသုံးပြုခဲ့တဲ့ 4-2-3-1 ကစားကွက်အတိုင်းပဲ ပွဲထွက်လာခဲ့ပြီး ရက်ရှ်ဖို့ဒ်၊ လင်ဂတ်၊ မာရှယ်၊ ဒန်နီရယ်ဂျိမ်းစ်၊ မာတစ်၊ တွမ်မီနေးတို့နဲ့အတူ ဘစ်ဆာကာ၊ လင်ဒီလော့ဖ်၊ ဖီးလ်ဂျုံး၊ လုခ်ရှော၊ ဒီဂီယာတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ခရစ္စတီယန်ဆန်အသင်းကတော့ 4-3-3 ကစားကွက်ကို အခြေခံလာခဲ့ပေမယ့် ပွဲမတိုင်မီက သတင်းတွေထွက်ပေါ်ခဲ့သလို မန်ယူနည်းပြဆိုးလ်ရှားရဲ့ သားဖြစ်သူ နိုအာဆိုးလ်ရှားကတော့ ပွဲထွက်စရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိပါဘူး။

မန်ယူအသင်းဟာ ခရစ္စတီယန်ဆန်အသင်းကို လျင်မြန်တဲ့ပြေးအား၊ ဖြတ်တင်ဘောတွေနဲ့ တိုက်စစ်ဖွင့်ရင်ဆိုင်ကစားခဲ့ရာမှာ လင်ဂတ်၊ မာရှယ်တို့ အပိုင်အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့သလို ပွဲချိန်ပထမပိုင်းမှာ ဖီးလ်ဂျုံးရဲ့ အပိုင်ခေါင်းတိုက်ချက်ကလည်း လွဲချော်ခဲ့လို့ မန်ယူအသင်းဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ မန်ယူအသင်းမှာ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်က တိုက်စစ်မြားဦးနေရာမှာ ကစားခဲ့ပေမယ့်လည်း တွန်းတွန်းတိုက်တိုက် ကစားခဲ့ခြင်းမရှိလို့ တိုက်စစ်မှာ သိသိသာသာပျောက်ဆုံးနေခဲ့ပါတယ်။

လင်ဂတ်၊ မာရှယ်တို့ရဲ့ ကွင်းလယ်တိုက်စစ်တွေက အချိတ်အဆက်မိနေခဲ့ပေမယ့် ဂိုးသွင်းဖို့ ကြိုးစားရာမှာ အဆုံးသတ်ပိုင်းအားနည်းနေခဲ့လို့ ဂိုးမရခဲ့တာပါ။ အိမ်ရှင်ခရစ္စတီယန်ဆန်အသင်းကတော့ မန်ယူအသင်းရဲ့ တိုက်စစ်ဆင်မှုကိုသာ ကာကွယ်နေခဲ့ရပြီး တိုက်စစ်ဆင်ဖို့ အခွင့်အရေးမရလို့ အဝေးကန်ချက်တွေနဲ့သာ ဂိုးရဖို့ ကြိုးစားခဲ့ရတာပါ။

ဒုတိယပိုင်းမိနစ် 60 မှာတော့ မန်ယူအသင်းက ရိုဂျို၊ပေါ့ဘာ၊ တာဟစ်ချောင်၊ အက်ရှ်လေယန်း၊ ဒါလော့၊ မာတာ၊ ပီရီရာတို့ လူစားဝင်ကစားခဲ့ကြရာမှာလည်း မန်ယူအသင်းဂိုးရဖို့ ကံခေခဲ့ပါတယ်။ ပွဲချိန် 85 မိနစ်မှာတော့ ခရစ္စတီယန်ဆန်အသင်းက နိုအာဆိုးလ်ရှာ လူစားဝင်ကစားလို့ မန်ယူနည်းပြဆိုးလ်ရှားကိုယ်တိုင် သားဖြစ်သူကို သွားအားပေးခဲ့ပါတယ်။

ပွဲပြီးခါနီးမှာတော့ မာတာ ဂိုးသွင်းဖို့ ကြိုးစားရာမှာ ခရစ္စတီယန်ဆန်ဂိုးသမား အဝင်ကြမ်းခဲ့လို့ မန်ယူပင်နယ်တီရရှိပြီး မာတာကပဲ ကန်သွင်းယူခဲ့လို့ ရာသီကြိုခြေစမ်းပွဲတွေမှာ ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့တာဖြစ်ပါတယ်။