မာဆန္ဂရင္း၀ုဒ္ကို စာခ်ဳပ္သစ္ကမ္းလွမ္းဖို႔မန္ယူျပင္ဆင္ေန

မန္ယူအသင္းဟာ အကယ္ဒမီထြက္လူငယ္ေတြထဲမွာ အလားအလာအရမး္ေကာင္းၿပီး ရာသီႀကိဳေျခစမ္းပြဲေတြမွာလည္း အစြမ္းျပေနတဲ႔ လူငယ္တိုက္စစ္မွဴ း မာဆန္ဂရင္း၀ုဒ္ကို စာခ်ဳပ္သစ္ကမး္လွမ္းဖို႔ စီစဥ္ေနၿပီလို႔ သိရပါတယ္။ ဂရင္း၀ုဒ္ဟာ အသက္ ၁၇ ႏွစ္သာရွိေသးတဲ႔သူပါ။

ဂရင္း၀ုဒ္ ဟာသူ႔ရဲ႕လက္ရွိေျခစြမ္းေၾကာင့္ လာမယ္႔ရာသီ စီနီယာအသင္းႀကီးမွာေနရာ ရမယ္႔သူအျဖစ္လည္း သတ္မွတ္ခံထားရပါတယ္။ ဒါေၾကာင့္ သူ႔ကိုစာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ကလပ္ဘက္ကေရာ နည္းျပဆိုးလ္ရွားဘက္ကပါ အလိုရွိေနတာျဖစ္ပါတယ္။ သူဟာ မန္ယူမွာတစ္ပတ္လစာေပါင္ ၈၀၀ သာရရွိေနသူျဖစ္တယ္လို႔လည္း သိရပါတယ္။

သူဟာ တစ္ပတ္ကိုေပါင္ ၈၀၀ သာရေနေပမယ္႔ အသင္းႀကီးမွာတစ္ပြဲပါ၀င္တိုင္းေပါင္ ၅၀၀၀ ထပ္မံရရွိေနသူျဖစ္ပါတယ္။ စာခ်ဳပ္သစ္အရ သူ႔အေျခခံလစာဟာ တစ္ပတ္ကိုေပါင္ ၂၀၀၀၀ အထိရွိလာမွာျဖစ္ပါတယ္။ ဒီစာခ်ဳပ္သစ္ကို သူအသက္ ၁၈ ႏွစ္ျပည့္မယ္႔ လာမယ္႔ေအာက္တိုဘာမေရာက္ခင္မွာ အၿပီးသတ္ဖို႔ မန္ယူကအလိုရွိေနပါတယ္။

ၿပီးခဲ့တဲ႔ေအာက္တိုဘာလက မန္ယူနဲ႔ပထမဆုံးပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တဲ႔ အဂၤလန္ယူ ၁၈ လက္ေရြးစင္ ဂရင္း၀ုဒ္ဟာ ရာသီႀကိဳကာလမွာ ၂ ဂိုးသြင္းယူထားသူျဖစ္ၿပီး လိဒ္ယူႏိုက္တက္နဲ႔ပြဲမွာတစ္ဂိုး၊ အင္တာမီလန္နဲ႔ပြဲမွာ တစ္လုံးတည္းေသာအႏိုင္ဂိုးကို သြင္းယူခဲ့သူျဖစ္ပါတယ္။

မန္ယူကိုအသက္ ၆ ႏွစ္သားကတည္းကေရာက္ရွိေနတဲ႔ ဂရင္း၀ုဒ္ဟာ ဂိုးသြင္းႏိုင္စြမ္းျမင့္မားသူျဖစ္ၿပီး အင္တာမီလန္နဲ႔ပြဲကသူ႔သြင္းဂိုးဆိုရင္ အရင္တိုက္စစ္မွဴ း ဗန္ပါစီရဲ႕သြင္းယူပုံနဲ႔တူညီလို႔ ဗန္ပါစီလက္သစ္အျဖစ္လည္း သတ္မွတ္ေနၾကပါတယ္။

Unicode

မာဆန်ဂရင်းဝုဒ်ကို စာချုပ်သစ်ကမ်းလှမ်းဖို့မန်ယူပြင်ဆင်နေ
မန်ယူအသင်းဟာ အကယ်ဒမီထွက်လူငယ်တွေထဲမှာ အလားအလာအရမ်းကောင်းပြီး ရာသီကြိုခြေစမ်းပွဲတွေမှာလည်း အစွမ်းပြနေတဲ့ လူငယ်တိုက်စစ်မှူ း မာဆန်ဂရင်းဝုဒ်ကို စာချုပ်သစ်ကမ်းလှမ်းဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ ဂရင်းဝုဒ်ဟာ အသက် ၁၇ နှစ်သာရှိသေးတဲ့သူပါ။

ဂရင်းဝုဒ် ဟာသူ့ရဲ့လက်ရှိခြေစွမ်းကြောင့် လာမယ့်ရာသီ စီနီယာအသင်းကြီးမှာနေရာ ရမယ့်သူအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့် သူ့ကိုစာချုပ်သစ်ချုပ်ဖို့ ကလပ်ဘက်ကရော နည်းပြဆိုးလ်ရှားဘက်ကပါ အလိုရှိနေတာဖြစ်ပါတယ်။ သူဟာ မန်ယူမှာတစ်ပတ်လစာပေါင် ၈၀၀ သာရရှိနေသူဖြစ်တယ်လို့လည်း သိရပါတယ်။

သူဟာ တစ်ပတ်ကိုပေါင် ၈၀၀ သာရနေပေမယ့် အသင်းကြီးမှာတစ်ပွဲပါဝင်တိုင်းပေါင် ၅၀၀၀ ထပ်မံရရှိနေသူဖြစ်ပါတယ်။ စာချုပ်သစ်အရ သူ့အခြေခံလစာဟာ တစ်ပတ်ကိုပေါင် ၂၀၀၀၀ အထိရှိလာမှာဖြစ်ပါတယ်။ ဒီစာချုပ်သစ်ကို သူအသက် ၁၈ နှစ်ပြည့်မယ့် လာမယ့်အောက်တိုဘာမရောက်ခင်မှာ အပြီးသတ်ဖို့ မန်ယူကအလိုရှိနေပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလက မန်ယူနဲ့ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့တဲ့ အင်္ဂလန်ယူ ၁၈ လက်ရွေးစင် ဂရင်းဝုဒ်ဟာ ရာသီကြိုကာလမှာ ၂ ဂိုးသွင်းယူထားသူဖြစ်ပြီး လိဒ်ယူနိုက်တက်နဲ့ပွဲမှာတစ်ဂိုး၊ အင်တာမီလန်နဲ့ပွဲမှာ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့သူဖြစ်ပါတယ်။

မန်ယူကိုအသက် ၆ နှစ်သားကတည်းကရောက်ရှိနေတဲ့ ဂရင်းဝုဒ်ဟာ ဂိုးသွင်းနိုင်စွမ်းမြင့်မားသူဖြစ်ပြီး အင်တာမီလန်နဲ့ပွဲကသူ့သွင်းဂိုးဆိုရင် အရင်တိုက်စစ်မှူ း ဗန်ပါစီရဲ့သွင်းယူပုံနဲ့တူညီလို့ ဗန်ပါစီလက်သစ်အဖြစ်လည်း သတ်မှတ်နေကြပါတယ်။