မန္ယူအသင္းေခါင္းေဆာင္ရာထူးက ဘယ္သူနဲ႔ အထုိက္တန္ဆံုးလဲ..?

Photo Credit: Getty Images

ေႏြရာသီေစ်းကြက္အတြင္း ေပၚလစီပိုင္းအရေရာ၊ နည္းစနစ္ပိုင္းအရပါ အေျပာင္းအလဲေတြျပဳလုပ္ေနၿပီး ဆုိးလ္ရွားရဲ႕ကိုယ္ပိုင္စတုိင္၊ ကိုယ္ပိုင္အိုင္ဒီယာနဲ႔ ဖန္တီးပံုေဖာ္ေနတဲ့ မန္ယူအသင္းရဲ႕ ပံုစံသစ္တစ္ခုကိုျမင္ေတြ႕ေနရပါၿပီ။ ဒီလုိအခ်ိန္မွာ အန္တိုနီယိုဗလန္စီယာထြက္ခြာသြားတဲ့ မန္ယူအသင္းေခါင္းေဆာင္ရာထူးကို ဘယ္သူက ဆက္ခံခြင့္ရမလဲဆုိတာကလည္း စိတ္၀င္စားစရာေမးခြန္းတစ္ခုျဖစ္လာပါတယ္။ အသင္းမွာဆက္ေနေအာင္စည္းရံုးရမယ့္သူလား၊ တကယ္ပဲ ေခါင္းေဆာင္မႈအရည္အေသြးရွိတဲ့သူလား၊ ဒါမွမဟုတ္ ေျခစြမ္းေကာင္းတဲ့သူကို ဦးေဆာင္သူအျဖစ္ ဆုိးလ္ရွားကေရြးခ်ယ္မလားဆိုတဲ့ ေမးခြန္းေပါင္းမ်ားစြာလည္းရွိေနတာပါ။ ရာသီသစ္ မန္ယူအသင္းေခါင္းေဆာင္ရာထူးကို အနီးစပ္ဆံုးပိုင္ဆုိင္ခြင့္ရွိသူ 5 ဦးကို ခန္႔မွန္းၾကည့္ၾကရေအာင္…။

Photo Credit: Getty Images

(5) စေမာလင္း
2010 ကတည္းက မန္ယူမွာေရာက္ေနတဲ့ 29 ႏွစ္အရြယ္ စေမာလင္းဟာ လက္ရွိကစားသမားေတြထဲမွာေတာ့ ကာလရွည္ၾကာေနသူတစ္ဦးပါ။ အဂၤလန္လက္ေရြးစင္ျဖစ္ေနတာကလည္း သူ႕ရဲ႕အားသာခ်က္ပါပဲ။ ဆုိးလ္ရွားလက္ထက္မွာလည္း သူဟာ မၾကာခဏ အသင္းကိုဦးေဆာင္ခြင့္ရခဲ့သူပါ။ ဒါေပမဲ့ ေျခစြမ္းကပံုမွန္မရွိသလုိ မၾကာခဏလည္း အမွားလုပ္တတ္တဲ့သူျဖစ္လုိ႔ ပရိသတ္အမ်ားစုကေတာ့ စေမာလင္းကိုခန္႔အပ္ဖုိ႔ ေထာက္ခံၾကမယ္မထင္ပါဘူး။

Photo Credit: Getty Images

(4) အက္ရွ္ေလယန္း
ဆုိးလ္ရွားကိုယ္တုိင္က မန္ယူရဲ႕အေကာင္းဆံုးကစားသမားဟာ အက္ရွ္ေလယန္းလုိ႔ေျပာထားခဲ့ဖူးပါတယ္။ ေလာေလာဆယ္ သူပါ၀င္တဲ့ပြဲေတြမွာ အသင္းေခါင္းေဆာင္အျဖစ္တာ၀န္ယူေနတာပါ။ ဒါေပမဲ့ ဘစ္ဆာကာနဲ႔ လုခ္ေရွာတုိ႔ရွိေနတဲ့ ဘယ္ညာခံစစ္ႏွစ္ဖက္မွာ အက္ရွ္ေလယန္းပြဲထြက္ခြင့္ရဖုိ႔ကေတာ့ သိပ္မေသခ်ာပါဘူး။ အသက္ 34 ႏွစ္အရြယ္ အက္ရွ္ေလယန္းဟာ မန္ယူပရိသတ္ေတြရဲ႕ ေ၀ဖန္မႈနဲ႔ေတာင္ရင္ဆုိင္ေနရသူျဖစ္လုိ႔ ဆုိးလ္ရွားကသာ သူ႕ကိုခန္႔အပ္မယ္ဆုိရင္ ကန္႔ကြက္မႈေတြ ေတာ္ေတာ္မ်ားႏုိင္ပါတယ္။

Photo Credit: Getty Images

(3) ေပါ့ဂ္ဘာ
မန္ယူအကယ္ဒမီထြက္ျဖစ္ၿပီး ေျခစြမ္းကလည္းေကာင္းတဲ့သူျဖစ္လုိ႔ ေပါ့ဂ္ဘာကို အသင္းေခါင္းေဆာင္ရာထူးေပးမယ္ဆုိရင္ သင့္ေတာ္ပါတယ္။ ဒါေပမဲ့ ခက္ေနတာက သူ႕ရဲ႕ကြင္းတြင္း၊ ကြင္းျပင္ ေနထုိင္မႈပံုစံေၾကာင့္ပါ။ အခုအသင္းေျပာင္းမယ္ေျပာလုိက္၊ စိတ္မပါတဲ့ပံုစံမ်ဳိးလုပ္လုိက္၊ ေကာင္းခ်င္ရင္လည္း ထေကာင္းလုိက္ျဖစ္ေနတဲ့သူတစ္ဦးကို ကစားသမားအားလံုးက ဘယ္လုိယံုၾကည္ၿပီး အားကိုးရမလဲဆုိတာကလည္း ျပသနာတစ္ခုပါပဲ။

Photo Credit: Getty Images

(2) ဒီဂီယာ
မန္ယူနဲ႔ စံခ်ိန္တင္စာခ်ဳပ္သစ္ခ်ဳပ္ဖုိ႔ရွိေနၿပီး အသင္းေခါင္းေဆာင္အျဖစ္လည္း မၾကာခဏတာ၀န္ယူခြင့္ရခဲ့ပါတယ္။ အသင္းမွာရွိေနတာ 8 ရာသီရွိၿပီျဖစ္သလုိ ကလပ္ရဲ႕တစ္ရာသီအေကာင္းဆံုးကစားသမားဆုကိုလည္း စံခ်ိန္တင္ရထားတဲ့သူပါ။ သူကုိယ္တုိင္ကလည္း မန္ယူအသင္းေခါင္းေဆာင္ရာထူးကို လိုခ်င္တယ္ဆုိၿပီး မၾကာေသခင္းကမွ ဖြင့္ဟထားပါတယ္။ ဂုိးသမားတစ္ဦးက အသင္းကိုဦးေဆာင္တာမ်ဳိးဟာ အၿမဲတမ္းေတာ့ မေကာင္းေပမယ့္ အဂၤလိပ္မဟုတ္တဲ့တစ္ခ်က္ကလြဲရင္ ဒီဂီယာဟာ ဒီရာထူးအတြက္ ေထာက္ခံမႈေတာ္ေတာ္မ်ားမ်ားရႏုိင္တဲ့သူမ်ဳိးပါပဲ။

Photo Credit: Getty Images

(1) ရက္ရွ္ဖုိ႔ဒ္
အသက္ 21 ႏွစ္ပဲရွိေသးတဲ့သူတစ္ဦးဟာ မန္ယူအသင္းေခါင္းေဆာင္ျဖစ္ထုိက္ပါ့မလား။ ေမးခြန္းထုတ္စရာေကာင္းပါတယ္။ ဒါေပမဲ့ လက္ရွိမန္ယူအသင္းတစ္သင္းလံုးမွာ ဆုိးလ္ရွားအႀကိဳက္ဆံုးသူက ရက္ရွ္ဖုိ႔ဒ္ပဲျဖစ္မယ္ထင္တယ္။ ရက္ရွ္ဖုိ႔ဒ္ရွိေနတဲ့အတြက္ လူကာကူကိုေရာင္းခ်ဖုိ႔ အသည္းအသန္ႀကိဳးပမ္းေနၿပီး ေနာက္ထပ္ေခၚယူဖုိ႔ေရပန္းစားေနတဲ့သူေတြထဲမွာလည္း အေထာင္တုိက္စစ္မွဴးက လံုး၀မပါ၀င္ပါဘူး။ မန္ယူအကယ္ဒမီထြက္စစ္စစ္ျဖစ္ၿပီး အဂၤလိပ္တစ္ဦးလည္းျဖစ္ေနတာဟာ ရက္ရွ္ဖုိ႔ဒ္အတြက္ေတာ့ အဓိကအားသာခ်က္ေတြလုိ႔ဆုိရမွာပါ။

(Unicode)

မန်ယူအသင်းခေါင်းဆောင်ရာထူးက ဘယ်သူနဲ့ အထိုက်တန်ဆုံးလဲ..?

နွေရာသီစျေးကွက်အတွင်း ပေါ်လစီပိုင်းအရရော၊ နည်းစနစ်ပိုင်းအရပါ အပြောင်းအလဲတွေပြုလုပ်နေပြီး ဆိုးလ်ရှားရဲ့ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်အိုင်ဒီယာနဲ့ ဖန်တီးပုံဖော်နေတဲ့ မန်ယူအသင်းရဲ့ ပုံစံသစ်တစ်ခုကိုမြင်တွေ့နေရပါပြီ။ ဒီလိုအချိန်မှာ အန်တိုနီယိုဗလန်စီယာထွက်ခွာသွားတဲ့ မန်ယူအသင်းခေါင်းဆောင်ရာထူးကို ဘယ်သူက ဆက်ခံခွင့်ရမလဲဆိုတာကလည်း စိတ်ဝင်စားစရာမေးခွန်းတစ်ခုဖြစ်လာပါတယ်။ အသင်းမှာဆက်နေအောင်စည်းရုံးရမယ့်သူလား၊ တကယ်ပဲ ခေါင်းဆောင်မှုအရည်အသွေးရှိတဲ့သူလား၊ ဒါမှမဟုတ် ခြေစွမ်းကောင်းတဲ့သူကို ဦးဆောင်သူအဖြစ် ဆိုးလ်ရှားကရွေးချယ်မလားဆိုတဲ့ မေးခွန်းပေါင်းများစွာလည်းရှိနေတာပါ။ ရာသီသစ် မန်ယူအသင်းခေါင်းဆောင်ရာထူးကို အနီးစပ်ဆုံးပိုင်ဆိုင်ခွင့်ရှိသူ 5 ဦးကို ခန့်မှန်းကြည့်ကြရအောင်…။

(5) စမောလင်း
2010 ကတည်းက မန်ယူမှာရောက်နေတဲ့ 29 နှစ်အရွယ် စမောလင်းဟာ လက်ရှိကစားသမားတွေထဲမှာတော့ ကာလရှည်ကြာနေသူတစ်ဦးပါ။ အင်္ဂလန်လက်ရွေးစင်ဖြစ်နေတာကလည်း သူ့ရဲ့အားသာချက်ပါပဲ။ ဆိုးလ်ရှားလက်ထက်မှာလည်း သူဟာ မကြာခဏ အသင်းကိုဦးဆောင်ခွင့်ရခဲ့သူပါ။ ဒါပေမဲ့ ခြေစွမ်းကပုံမှန်မရှိသလို မကြာခဏလည်း အမှားလုပ်တတ်တဲ့သူဖြစ်လို့ ပရိသတ်အများစုကတော့ စမောလင်းကိုခန့်အပ်ဖို့ ထောက်ခံကြမယ်မထင်ပါဘူး။

(4) အက်ရှ်လေယန်း
ဆိုးလ်ရှားကိုယ်တိုင်က မန်ယူရဲ့အကောင်းဆုံးကစားသမားဟာ အက်ရှ်လေယန်းလို့ပြောထားခဲ့ဖူးပါတယ်။ လောလောဆယ် သူပါဝင်တဲ့ပွဲတွေမှာ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူနေတာပါ။ ဒါပေမဲ့ ဘစ်ဆာကာနဲ့ လုခ်ရှောတို့ရှိနေတဲ့ ဘယ်ညာခံစစ်နှစ်ဖက်မှာ အက်ရှ်လေယန်းပွဲထွက်ခွင့်ရဖို့ကတော့ သိပ်မသေချာပါဘူး။ အသက် 34 နှစ်အရွယ် အက်ရှ်လေယန်းဟာ မန်ယူပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့တောင်ရင်ဆိုင်နေရသူဖြစ်လို့ ဆိုးလ်ရှားကသာ သူ့ကိုခန့်အပ်မယ်ဆိုရင် ကန့်ကွက်မှုတွေ တော်တော်များနိုင်ပါတယ်။

(3) ပေါ့ဂ်ဘာ
မန်ယူအကယ်ဒမီထွက်ဖြစ်ပြီး ခြေစွမ်းကလည်းကောင်းတဲ့သူဖြစ်လို့ ပေါ့ဂ်ဘာကို အသင်းခေါင်းဆောင်ရာထူးပေးမယ်ဆိုရင် သင့်တော်ပါတယ်။ ဒါပေမဲ့ ခက်နေတာက သူ့ရဲ့ကွင်းတွင်း၊ ကွင်းပြင် နေထိုင်မှုပုံစံကြောင့်ပါ။ အခုအသင်းပြောင်းမယ်ပြောလိုက်၊ စိတ်မပါတဲ့ပုံစံမျိုးလုပ်လိုက်၊ ကောင်းချင်ရင်လည်း ထကောင်းလိုက်ဖြစ်နေတဲ့သူတစ်ဦးကို ကစားသမားအားလုံးက ဘယ်လိုယုံကြည်ပြီး အားကိုးရမလဲဆိုတာကလည်း ပြသနာတစ်ခုပါပဲ။

(2) ဒီဂီယာ
မန်ယူနဲ့ စံချိန်တင်စာချုပ်သစ်ချုပ်ဖို့ရှိနေပြီး အသင်းခေါင်းဆောင်အဖြစ်လည်း မကြာခဏတာဝန်ယူခွင့်ရခဲ့ပါတယ်။ အသင်းမှာရှိနေတာ 8 ရာသီရှိပြီဖြစ်သလို ကလပ်ရဲ့တစ်ရာသီအကောင်းဆုံးကစားသမားဆုကိုလည်း စံချိန်တင်ရထားတဲ့သူပါ။ သူကိုယ်တိုင်ကလည်း မန်ယူအသင်းခေါင်းဆောင်ရာထူးကို လိုချင်တယ်ဆိုပြီး မကြာသေခင်းကမှ ဖွင့်ဟထားပါတယ်။ ဂိုးသမားတစ်ဦးက အသင်းကိုဦးဆောင်တာမျိုးဟာ အမြဲတမ်းတော့ မကောင်းပေမယ့် အင်္ဂလိပ်မဟုတ်တဲ့တစ်ချက်ကလွဲရင် ဒီဂီယာဟာ ဒီရာထူးအတွက် ထောက်ခံမှုတော်တော်များများရနိုင်တဲ့သူမျိုးပါပဲ။

(1) ရက်ရှ်ဖို့ဒ်
အသက် 21 နှစ်ပဲရှိသေးတဲ့သူတစ်ဦးဟာ မန်ယူအသင်းခေါင်းဆောင်ဖြစ်ထိုက်ပါ့မလား။ မေးခွန်းထုတ်စရာကောင်းပါတယ်။ ဒါပေမဲ့ လက်ရှိမန်ယူအသင်းတစ်သင်းလုံးမှာ ဆိုးလ်ရှားအကြိုက်ဆုံးသူက ရက်ရှ်ဖို့ဒ်ပဲဖြစ်မယ်ထင်တယ်။ ရက်ရှ်ဖို့ဒ်ရှိနေတဲ့အတွက် လူကာကူကိုရောင်းချဖို့ အသည်းအသန်ကြိုးပမ်းနေပြီး နောက်ထပ်ခေါ်ယူဖို့ရေပန်းစားနေတဲ့သူတွေထဲမှာလည်း အထောင်တိုက်စစ်မှူးက လုံးဝမပါဝင်ပါဘူး။ မန်ယူအကယ်ဒမီထွက်စစ်စစ်ဖြစ်ပြီး အင်္ဂလိပ်တစ်ဦးလည်းဖြစ်နေတာဟာ ရက်ရှ်ဖို့ဒ်အတွက်တော့ အဓိကအားသာချက်တွေလို့ဆိုရမှာပါ။