မန္ယူလူငယ္ကစားသမားေလးေတြကို ပိုမိုသေဘာက်လာေနတဲ့ နည္းျပဆုိးလ္ရွား

Photo Credit-skysport

မေန႔က က်င္းပခဲ့တဲ့ မန္ယူနဲ႔စပါး အသင္းတို႔ရဲ႕ပြဲမွာ မန္ယူဟာ ပရိသတ္ေတြရဲ႕ အားေပးႏွစ္သက္မႈ ကိုျပန္လည္ ရရိွခဲ့ပါတယ္။ တစ္ဖက္မွာေတာ့ စပါးအသင္းကကစားသမားေတြရဲ႕ ၾကမ္းတမ္းမႈကို ပရိသတ္ေတြ သတိထားမိခဲ့ၾကပါတယ္။ မေန႔ကပြဲမွာ မန္ယူလူငယ္ကစားသမားေတြျဖစ္တဲ့ ဂရင္းဝုဒ္နဲ႕ ဂိုးမက္စ္တို႔ဟာ ေျခစြမ္းေကာင္းေတြကို ထုတ္ျပႏိုင္ခဲ့ၾကပါတယ္။

Photo Credit-getty

ဒါ့အျပင္ တာဟစ္ေခ်ာင္ကလည္းမန္ယူအတြက္အားထားရတဲ့လူငယ္ကစားသမားတစ္ေယာက္ျဖစ္ ပါတယ္။ မန္ယူနည္းျပ ဆုိးလ္ရွားဟာ ကစားသမားႀကီးေတြထက္ ေျခတက္လူငယ္ကစားသမားေတြကို ပိုမိုသေဘာ က်ေနပါတယ္။ “သူတို႔ေတြဟာ(လူငယ္ကစားသမားမ်ား)ကၽြန္ေတာ္တို႔အတြက္ အဓိပၸါယ္မ်ားစြာရိွပါတယ္။ စပါးနဲ႔ပြဲမွာ အားရစရာေကာင္းတဲ့ေျခစြမ္းေတြကို သူတို႔ျပသႏိုင္ခဲ့ပါတယ္။ ကစားပြဲရဲ႕ ဇာတ္ရိွန္အတက္အက်ကို လည္းထိန္းႏိုင္တဲ့ကေလးေတြျဖစ္ပါတယ္။ ပြဲအဆုံးသတ္ေကာင္းေအာင္လည္း ဖန္တီးေပးႏိုင္ၾကပါတယ္”လုိ႔ နည္းျပဆိုးလ္ရွားကေျပာပါတယ္။

Photo Credit-evening-standard

“ကစားကြက္ဖန္တီးႏိုင္တဲ့အပိုင္းေတြ၊ ဂိုးရေအာင္ဖန္တီးႏိုင္မႈေတြဟာ သင့္ကိုအံ့အားသင့္ေစႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔အတြက္ ခမ္းနားတဲ့ ရာသီႀကိဳပြဲလုိ႔ဆုိႏိုင္ပါတယ္” လို႔နည္းျပဆိုးလ္ရွားက သေဘာက်စြာနဲ႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

Photo Credit-manchester-evening-news

ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ဂိုးမက္စ္က “အခုနယ္လွည့္ကစားရတဲ့အေနအထားဟာကၽြန္ေတာ္အတြက္ ႀကီးက်ယ္ခမ္း နားပါတယ္။ မန္ယူဟာ လူငယ္ကစားသမားေတြနဲ႔ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္တယ္ဆိုတာကို ျပသလိုက္သလုိပါပဲ။ ရာသီဥတုကေတာ့ ပူၿပီးထိုင္းမိႈင္းပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ပြဲကိုအေကာင္းဆုံးျဖစ္ေအာင္ထိန္းၿပီး ကစားႏိုင္ခဲ့ပါတယ္။ ဂိုးသြင္းရမယ့္အခ်ိန္ေကာင္းေတြေစာင့္ၿပီး ေနာက္ဆုံးမွာ ဂိုးရေအာင္ဖန္တီးႏိုင္ခဲ့ပါတယ္”လုိ႔ေျပာ ပါတယ္။

Photo Credit-south-china-morning-post

(Unicode Version)

မန်ယူလူငယ်ကစားသမားလေးတွေကို ပိုမိုသဘောကျလာနေတဲ့ နည်းပြဆိုးလ်ရှား

မနေ့က ကျင်းပခဲ့တဲ့ မန်ယူနဲ့စပါး အသင်းတို့ရဲ့ပွဲမှာ မန်ယူဟာ ပရိသတ်တွေရဲ့ အားပေးနှစ်သက်မှု ကိုပြန်လည်ရရှိခဲ့ပါတယ်။ တစ်ဖက်မှာတော့ စပါးအသင်းကကစားသမားတွေရဲ့ ကြမ်းတမ်းမှုကို ပရိသတ်တွေသတိထားမိခဲ့ကြပါတယ်။ မနေ့ကပွဲမှာ မန်ယူလူငယ်ကစားသမားတွေဖြစ်တဲ့ ဂရင်းဝုဒ်နဲ့ ဂိုးမက်စ်တို့ဟာ ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့ကြပါတယ်။

ဒါ့အပြင် တာဟစ်ချောင်ကလည်းမန်ယူအတွက်အားထားရတဲ့လူငယ်ကစားသမားတစ်ယောက်ဖြစ် ပါတယ်။ မန်ယူနည်းပြ ဆိုးလ်ရှားဟာ ကစားသမားကြီးတွေထက် ခြေတက်လူငယ်ကစားသမားတွေကို ပိုမိုသဘော ကျနေပါတယ်။ “သူတို့တွေဟာ(လူငယ်ကစားသမားများ)ကျွန်တော်တို့အတွက် အဓိပ္ပါယ်များစွာရှိပါတယ်။ စပါးနဲ့ပွဲမှာ အားရစရာကောင်းတဲ့ခြေစွမ်းတွေကို သူတို့ပြသနိုင်ခဲ့ပါတယ်။ ကစားပွဲရဲ့ ဇာတ်ရှိန်အတက်အကျကို လည်းထိန်းနိုင်တဲ့ကလေးတွေဖြစ်ပါတယ်။ ပွဲအဆုံးသတ်ကောင်းအောင်လည်း ဖန်တီးပေးနိုင်ကြပါတယ်”လို့ နည်းပြဆိုးလ်ရှားကပြောပါတယ်။

“ကစားကွက်ဖန်တီးနိုင်တဲ့အပိုင်းတွေ၊ ဂိုးရအောင်ဖန်တီးနိုင်မှုတွေဟာ သင့်ကိုအံ့အားသင့်စေနိုင်ပါတယ်။ ကျွန်တော်တို့အတွက် ခမ်းနားတဲ့ ရာသီကြိုပွဲလို့ဆိုနိုင်ပါတယ်” လို့နည်းပြဆိုးလ်ရှားက သဘောကျစွာနဲ့ မှတ်ချက်ပြုခဲ့ပါတယ်။

ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂိုးမက်စ်က “အခုနယ်လှည့်ကစားရတဲ့အနေအထားဟာကျွန်တော်အတွက် ကြီးကျယ်ခမ်း နားပါတယ်။ မန်ယူဟာ လူငယ်ကစားသမားတွေနဲ့အောင်မြင်အောင် လုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသလိုက်သလိုပါပဲ။ ရာသီဥတုကတော့ ပူပြီးထိုင်းမှိုင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပွဲကိုအကောင်းဆုံးဖြစ် အောင်ထိန်းပြီးကစားနိုင်ခဲ့ပါတယ်။ ဂိုးသွင်းရမယ့်အချိန်ကောင်းတွေစောင့်ပြီး နောက်ဆုံးမှာ ဂိုးရအောင်ဖန်တီးနိုင်ခဲ့ပါတယ်”လို့ပြောပါတယ်။