မန္ယူရဲ႕ပြဲဦးထြက္အႏုိင္မွာ Winners Or Losers က ဘယ္သူေတြျဖစ္မလဲ ?

Photo Credit: Man Utd FC

နည္းျပဆုိးလ္ရွားရဲ႕ ရာသီသစ္အတြက္ ပထမဆံုးေျခစမ္းပြဲမွာ မန္ယူကေတာ့ ပါ့သ္ဂလိုရီကို 2-0 နဲ႔အႏုိင္ယူကာ အဖြင့္လွပခဲ့ပါၿပီ။ ေျခစမ္းပြဲရလဒ္ဆုိတာက ဘာမွသိပ္အေရးမပါဘူးဆုိေပမယ့္ တခ်ဳိ႕ကစားသမားေတြအတြက္ေတာ့ ကစားခြင့္ရတဲ့မိနစ္တုိင္းက တန္ဖုိးရွိပါတယ္။ အေကာင္းဆံုးေျခစြမ္းျပၿပီး နည္းျပရဲ႕ယံုၾကည္မႈကိုသိမ္းပိုက္ဖုိ႔ဆုိတာဟာ ရာသီႀကိဳကာလရဲ႕ အခြင့္အေရးတစ္ခုပါပဲ။ ဒါကို အေကာင္းဆံုးအသံုးခ်ႏုိင္သူ (Winner) နဲ႔ အသံုးမခ်ႏုိင္ခဲ့သူ (Loser) ေတြက ဘယ္သူေတြျဖစ္ခဲ့သလဲဆုိတာ ၿဗိတိန္ေၾကးမံုသတင္းစာႀကီးက သံုးသပ္ျပခဲ့ပါတယ္။

Photo Credit: Man Utd FC

(Winners)

လင္ဂတ္(ကြင္းလယ္)
ပထမပိုင္းမွာ လင္ဂတ္ဟာ တုိက္စစ္မွဴးမာရွယ္ရဲ႕ေနာက္ကေန သြက္သြက္လက္လက္န႔ဲ လႈပ္ရွားကစားႏုိင္ခ့ဲၿပီး ခ်ိတ္ဆက္မႈကလည္းေကာင္းမြန္ခဲ့ပါတယ္။ ဂိုးမသြင္းႏုိင္ခဲ့ေပမယ့္ သပ္ရပ္တဲ့ အေ၀းကန္ခ်က္တစ္ခုနဲ႔ ၿခိမ္းေျခာက္ႏုိင္ခဲ့ေသးၿပီး ၿပိဳင္ဘက္ဂိုးသမားရဲ႕ကာကြယ္မႈေၾကာင့္သာ ဂိုးမရခဲ့တာျဖစ္ပါတယ္။

ဒန္နီရယ္ဂ်ိမ္းစ္(ေတာင္ပံ)
ဆြမ္ဆီးကေန ေပါင္ 15 သန္းနဲ႔ေျပာင္းေရႊ႕လာခဲ့တဲ့ ဒန္နီရယ္ဂ်ိမ္းစ္ဟာ မန္ယူအတြက္ လာျခင္းေကာင္းသူဆုိတာကို ပထမဆံုးပြဲဦးထြက္မွာတင္ျပသႏုိင္ခဲ့တာပါ။ ပထမပိုင္း 45 မိနစ္ပဲကစားခဲ့ရတာျဖစ္ေပမယ့္ တစ္ပြဲလံုးရဲ႕အေကာင္းဆံုးကစားသမားဆုကိုရရွိခဲ့ၿပီး ဘယ္ျခမ္းကေနတစ္ဆင့္ ၿပိဳင္ဘက္ခံစစ္ကို ျမန္ဆန္တဲ့တုိးအားနဲ႔ဖိအားေပးႏုိင္ခဲ့ပါတယ္။ ေျခစြမ္းအျပင္ စိတ္ဓာတ္ပိုင္းအရလည္း နည္းျပေက်နပ္ေလာက္တ့ဲပံုစံမ်ဳိးကို ျပသသြားႏုိင္ခဲ့ကာ မန္ယူပရိသတ္ေတြရဲ႕ ခ်ီးက်ဴးမႈကိုလည္း ခံယူခဲ့ရပါတယ္။

ဂ်ိမ္းစ္ဂါနာ(ကြင္းလယ္)
ဆုိးလ္ရွားကိုယ္တုိင္က ဂါနာကို မုိက္ကယ္ကာရစ္လက္သစ္လုိ႔ တင္စားထားဖူးပါတယ္။ ပြဲခ်ိန္ 83 မိနစ္ေရာက္မွ လုခ္ေရွာအစား လူစား၀င္ခဲ့ရတာျဖစ္ေပမယ့္ ပထမဆံုးေဘာလံုးထိခ်က္မွာပဲ သပ္ရပ္တဲ့ ညာေျခကန္ခ်က္နဲ႔ ဂုိးသြင္းႏုိင္ခဲ့တာက ခ်ီးက်ဴးစရာပါပဲ။ ရလာတဲ့ မိနစ္အနည္းငယ္ကို အေကာင္းဆံုးအသံုးခ်ႏုိင္သူျဖစ္ခဲ့ပါတယ္။

Photo Credit: Man Utd FC

(Losers)

မာရွယ္(တုိက္စစ္)
ပထမပိုင္းတစ္ေလွ်ာက္လံုး ပံုမွန္ေျခစြမ္းျပဖုိ႔ကို မာရွယ္ရုန္းကန္ခဲ့ရပါတယ္။ ေဘာလံုးဆံုးရႈံးမႈမ်ားခဲ့ၿပီး လူကၽြံအေနအထားကလည္း မၾကာခဏျဖစ္ခဲ့တယ္။ ၿပိဳင္ဆုိင္မႈေတြပိုမ်ားလာတဲ့ မန္ယူတုိက္စစ္ပိုင္းမွာ သူ႕ရဲ႕ပံုမွန္ေနရာအတြက္ ဒီထက္ပိုၿပီးသက္ေရာက္မႈရွိလာေအာင္ လုပ္ေဆာင္ရဦးမွာပါ။

မာတစ္(ကြင္းလယ္)
ပထမပိုင္းမွာ ပါရဲရားနဲ႔တြဲကစားခဲ့တဲ့ ၀ါရင့္ကြင္းလယ္လူမာတစ္ဟာ ေလလံထုိင္းမိႈင္းၿပီး ဘာမွမလုပ္ႏုိင္ခဲ့သေလာက္ပါပဲ။ သူ႕ရဲ႕ေနရာကို ေပါ့ဂ္ဘာ၀င္လာေတာ့မွပဲ မန္ယူအသင္းရဲ႕အေျခအေနက အေျပာင္းအလဲျဖစ္သြားခဲ့ရတာပါ။

လီဂရန္႔(ဂိုးသမား)
ပြဲထြက္ဂိုးသမားအျဖစ္ ရိုမီယိုနဲ႔ ဂ်ဳိရယ္ပါရဲရားတုိ႔က 45 မိနစ္စီကစားသြားခဲ့ၿပီး အသက္ 36 ႏွစ္အရြယ္ လီဂရန္႔အတြက္ အခြင့္အေရးမရွိခဲ့ပါဘူး။ အခုဆုိရင္ မန္ယူအသင္းမွာ ဒီဂီယာအပါအ၀င္ ဂုိးသမား 4 ဦးေတာင္ျဖစ္ေနလုိ႔ ပါ့သ္ဂလုိရီနဲ႔ပြဲအေျခအေနကိုၾကည့္တာနဲ႔ လီဂရန္႔အတြက္ အုိးလ္ထရက္ဖုိ႔ဒ္မွာ အနာဂတ္မရွိေတာ့ဘူးဆုိတာ သေဘာေပါက္သင့္ပါတယ္။

Photo Credit: Man Utd FC

(Unicode)

မန်ယူရဲ့ပွဲဦးထွက်အနိုင်မှာ Winners Or Losers က ဘယ်သူတွေဖြစ်မလဲ ?

နည်းပြဆိုးလ်ရှားရဲ့ ရာသီသစ်အတွက် ပထမဆုံးခြေစမ်းပွဲမှာ မန်ယူကတော့ ပါ့သ်ဂလိုရီကို 2-0 နဲ့အနိုင်ယူကာ အဖွင့်လှပခဲ့ပါပြီ။ ခြေစမ်းပွဲရလဒ်ဆိုတာက ဘာမှသိပ်အရေးမပါဘူးဆိုပေမယ့် တချို့ကစားသမားတွေအတွက်တော့ ကစားခွင့်ရတဲ့မိနစ်တိုင်းက တန်ဖိုးရှိပါတယ်။ အကောင်းဆုံးခြေစွမ်းပြပြီး နည်းပြရဲ့ယုံကြည်မှုကိုသိမ်းပိုက်ဖို့ဆိုတာဟာ ရာသီကြိုကာလရဲ့ အခွင့်အရေးတစ်ခုပါပဲ။ ဒါကို အကောင်းဆုံးအသုံးချနိုင်သူ (Winner) နဲ့ အသုံးမချနိုင်ခဲ့သူ (Loser) တွေက ဘယ်သူတွေဖြစ်ခဲ့သလဲဆိုတာ ဗြိတိန်ကြေးမုံသတင်းစာကြီးက သုံးသပ်ပြခဲ့ပါတယ်။

(Winners)

လင်ဂတ်(ကွင်းလယ်)
ပထမပိုင်းမှာ လင်ဂတ်ဟာ တိုက်စစ်မှူးမာရှယ်ရဲ့နောက်ကနေ သွက်သွက်လက်လက်နဲ့ လှုပ်ရှားကစားနိုင်ခဲ့ပြီး ချိတ်ဆက်မှုကလည်းကောင်းမွန်ခဲ့ပါတယ်။ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သပ်ရပ်တဲ့ အဝေးကန်ချက်တစ်ခုနဲ့ ခြိမ်းခြောက်နိုင်ခဲ့သေးပြီး ပြိုင်ဘက်ဂိုးသမားရဲ့ကာကွယ်မှုကြောင့်သာ ဂိုးမရခဲ့တာဖြစ်ပါတယ်။

ဒန်နီရယ်ဂျိမ်းစ်(တောင်ပံ)
ဆွမ်ဆီးကနေ ပေါင် 15 သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဒန်နီရယ်ဂျိမ်းစ်ဟာ မန်ယူအတွက် လာခြင်းကောင်းသူဆိုတာကို ပထမဆုံးပွဲဦးထွက်မှာတင်ပြသနိုင်ခဲ့တာပါ။ ပထမပိုင်း 45 မိနစ်ပဲကစားခဲ့ရတာဖြစ်ပေမယ့် တစ်ပွဲလုံးရဲ့အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပြီး ဘယ်ခြမ်းကနေတစ်ဆင့် ပြိုင်ဘက်ခံစစ်ကို မြန်ဆန်တဲ့တိုးအားနဲ့ဖိအားပေးနိုင်ခဲ့ပါတယ်။ ခြေစွမ်းအပြင် စိတ်ဓာတ်ပိုင်းအရလည်း နည်းပြကျေနပ်လောက်တဲ့ပုံစံမျိုးကို ပြသသွားနိုင်ခဲ့ကာ မန်ယူပရိသတ်တွေရဲ့ ချီးကျူးမှုကိုလည်း ခံယူခဲ့ရပါတယ်။

ဂျိမ်းစ်ဂါနာ(ကွင်းလယ်)
ဆိုးလ်ရှားကိုယ်တိုင်က ဂါနာကို မိုက်ကယ်ကာရစ်လက်သစ်လို့ တင်စားထားဖူးပါတယ်။ ပွဲချိန် 83 မိနစ်ရောက်မှ လုခ်ရှောအစား လူစားဝင်ခဲ့ရတာဖြစ်ပေမယ့် ပထမဆုံးဘောလုံးထိချက်မှာပဲ သပ်ရပ်တဲ့ ညာခြေကန်ချက်နဲ့ ဂိုးသွင်းနိုင်ခဲ့တာက ချီးကျူးစရာပါပဲ။ ရလာတဲ့ မိနစ်အနည်းငယ်ကို အကောင်းဆုံးအသုံးချနိုင်သူဖြစ်ခဲ့ပါတယ်။

(Losers)

မာရှယ်(တိုက်စစ်)
ပထမပိုင်းတစ်လျှောက်လုံး ပုံမှန်ခြေစွမ်းပြဖို့ကို မာရှယ်ရုန်းကန်ခဲ့ရပါတယ်။ ဘောလုံးဆုံးရှုံးမှုများခဲ့ပြီး လူကျွံအနေအထားကလည်း မကြာခဏဖြစ်ခဲ့တယ်။ ပြိုင်ဆိုင်မှုတွေပိုများလာတဲ့ မန်ယူတိုက်စစ်ပိုင်းမှာ သူ့ရဲ့ပုံမှန်နေရာအတွက် ဒီထက်ပိုပြီးသက်ရောက်မှုရှိလာအောင် လုပ်ဆောင်ရဦးမှာပါ။

မာတစ်(ကွင်းလယ်)
ပထမပိုင်းမှာ ပါရဲရားနဲ့တွဲကစားခဲ့တဲ့ ဝါရင့်ကွင်းလယ်လူမာတစ်ဟာ လေလံထိုင်းမှိုင်းပြီး ဘာမှမလုပ်နိုင်ခဲ့သလောက်ပါပဲ။ သူ့ရဲ့နေရာကို ပေါ့ဂ်ဘာဝင်လာတော့မှပဲ မန်ယူအသင်းရဲ့အခြေအနေက အပြောင်းအလဲဖြစ်သွားခဲ့ရတာပါ။

လီဂရန့်(ဂိုးသမား)
ပွဲထွက်ဂိုးသမားအဖြစ် ရိုမီယိုနဲ့ ဂျိုရယ်ပါရဲရားတို့က 45 မိနစ်စီကစားသွားခဲ့ပြီး အသက် 36 နှစ်အရွယ် လီဂရန့်အတွက် အခွင့်အရေးမရှိခဲ့ပါဘူး။ အခုဆိုရင် မန်ယူအသင်းမှာ ဒီဂီယာအပါအဝင် ဂိုးသမား 4 ဦးတောင်ဖြစ်နေလို့ ပါ့သ်ဂလိုရီနဲ့ပွဲအခြေအနေကိုကြည့်တာနဲ့ လီဂရန့်အတွက် အိုးလ်ထရက်ဖို့ဒ်မှာ အနာဂတ်မရှိတော့ဘူးဆိုတာ သဘောပေါက်သင့်ပါတယ်။