မန္ယူနဲ႔ စပါး ဘယ္သူႏိုင္မလဲ?

Photo Credit-daily express

ICC ပြဲအတြက္ အသင္းႀကီးေတြ ကစားေနၾကရာ ဒီေန႔မွာေတာ့ မန္ယူနဲ႔စပါးေတြ႕ၾကပါမယ္။တရုတ္ေျမေပၚမွာ ကစားၾကမယ့္ ပြဲျဖစ္ၿပီး၊ႏွစ္သင္းစလုံးအတြက္ ေျခစြမ္းေတြအကဲျဖတ္ႏိုင္မယ့္ပြဲပါ။ ႏွစ္သင္းစလုံးဟာ ICC နဲ႔ပတ္သက္ၿပီး ကံေကာင္းတဲ့အေနအထားမွာေတာ့ရိွပါေသးတယ္။

Photo Credit-skysport

မန္ယူဟာစင္ကာပူမွာ ပြတ္ကာသီကာနဲ႔တစ္ဂိုးသြင္းၿပီး အႏိုင္ရခဲ့ေပမယ့္ ဒီပြဲမွာေတာ့ အင္တာနဲ႔ပြဲထက္ ပိုႀကိဳးစားရမယ့္ အေနအထားရိွပါတယ္။ ဘာေၾကာင့္လဲဆုိရင္ စပါးဟာ ဒီဘက္ရာသီမွာ ေျခစြမ္းထက္လာတဲ့ အသင္းတစ္သင္းျဖစ္လုိ႔ပါ။ ဒါ့အျပင္ ဂ်ဴဗင္တပ္နဲ႔ပြဲမွာတုန္းကလည္း အသင္းသိကၡာမက်ေအာင္ ဂိုးေတြသြင္းႏိုင္ခဲ့ပါတယ္။

Photo Credit-skysport

စပါးအေနနဲ႔ ဒီႏွစ္လအတြင္း အသင္းႀကီးေတြနဲ႔ကစားခဲ့တ့ဲ အေနအထားမွာဆုိရင္ လီဗာပူးကိုသာ အေလွ်ာ့ေပးခ့ဲ ရတာျဖစ္ပါတယ္။ မန္ယူဘက္ကေတာ့ အသင္းႀကီးေတြနဲ႔အေနအထားမွာ အေျခအေနသိပ္မေကာင္းေပမယ့္ 7လပုိင္းအတြင္း ကစားခဲ့တဲ့ပြဲေတြမွာေတာ့ ေပးဂိုးမရိွဘဲ သြင္းဂိုးေတြနဲ႔သာ ေအာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ အခု 7လပိုင္းအတြင္း ကစားတဲ့ စပါးနဲ႔ပြဲမွာလည္း ေအာင္ျမင္ႏိုင္ေျခရိွပါတယ္။

Photo Credit-Internet

လက္ရိွပြဲထြက္စာရင္းအေျခအေနအရကေတာ့ မန္ယူဘက္မွာဆိုရင္ ေပါ့ဘာ,ဒီဂီယာ, ေရွာ,မာတာ,၀မ္ဘီစကာ တို႔ပါ၀င္မွာျဖစ္ၿပီး၊ စပါးဘက္မွာေတာ့ ေ၀ါကာပီတာ,ကမ္,ပဲေရာ့,ဖိုရစ္,ဗာေတာင္ဟန္,အဲလီ တို႔ျဖစ္ပါတယ္။ မန္ယူနဲ႔စပါး ပြဲမွာ အသင္းအႏိုင္အရႈံးသာမက ေဘာလုံးကစားသမားေတြရဲ႕ အေနအထားကိုလည္းပရိသတ္ေတြ စိတ္၀င္ စားၾကပါတယ္။

Photo Credit-skysport

(Unicode Version)

မန်ယူနဲ့ စပါး ဘယ်သူနိုင်မလဲ?

ICC ပွဲအတွက် အသင်းကြီးတွေ ကစားနေကြရာ ဒီနေ့မှာတော့ မန်ယူနဲ့စပါးတွေ့ကြပါမယ်။တရုတ်မြေပေါ်မှာ ကစားကြမယ့် ပွဲဖြစ်ပြီး၊နှစ်သင်းစလုံးအတွက် ခြေစွမ်းတွေအကဲဖြတ်နိုင်မယ့်ပွဲပါ။ နှစ်သင်းစလုံးဟာ ICC နဲ့ပတ်သက်ပြီး ကံကောင်းတဲ့အနေအထားမှာတော့ရှိပါသေးတယ်။

မန်ယူဟာစင်ကာပူမှာ ပွတ်ကာသီကာနဲ့တစ်ဂိုးသွင်းပြီး အနိုင်ရခဲ့ပေမယ့် ဒီပွဲမှာတော့ အင်တာနဲ့ပွဲထက် ပိုကြိုးစားရမယ့် အနေအထားရှိပါတယ်။ ဘာကြောင့်လဲဆိုရင် စပါးဟာ ဒီဘက်ရာသီမှာ ခြေစွမ်းထက်လာတဲ့ အသင်းတစ်သင်းဖြစ်လို့ပါ။ ဒါ့အပြင် ဂျူဗင်တပ်နဲ့ပွဲမှာတုန်းကလည်း အသင်းသိက္ခာမကျအောင် ဂိုးတွေသွင်းနိုင်ခဲ့ပါတယ်။

စပါးအနေနဲ့ ဒီနှစ်လအတွင်း အသင်းကြီးတွေနဲ့ကစားခဲ့တဲ့ အနေအထားမှာဆိုရင် လီဗာပူးကိုသာ အလျှော့ပေးခဲ့ ရတာဖြစ်ပါတယ်။ မန်ယူဘက်ကတော့ အသင်းကြီးတွေနဲ့အနေအထားမှာ အခြေအနေသိပ်မကောင်းပေမယ့် 7လပိုင်းအတွင်း ကစားခဲ့တဲ့ပွဲတွေမှာတော့ ပေးဂိုးမရှိဘဲ သွင်းဂိုးတွေနဲ့သာ အောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခု 7လပိုင်းအတွင်း ကစားတဲ့ စပါးနဲ့ပွဲမှာလည်း အောင်မြင်နိုင်ခြေရှိပါတယ်။

လက်ရှိပွဲထွက်စာရင်းအခြေအနေအရကတော့ မန်ယူဘက်မှာဆိုရင် ပေါ့ဘာ,ဒီဂီယာ, ရှော,မာတာ,ဝမ်ဘီစကာ တို့ပါဝင်မှာဖြစ်ပြီး၊ စပါးဘက်မှာတော့ ဝေါကာပီတာ,ကမ်,ပဲရော့,ဖိုရစ်,ဗာတောင်ဟန်,အဲလီ တို့ဖြစ်ပါတယ်။ မန်ယူနဲ့စပါး ပွဲမှာ အသင်းအနိုင်အရှုံးသာမက ဘောလုံးကစားသမားတွေရဲ့ အနေအထားကိုလည်းပရိသတ်တွေ စိတ်ဝင်စားကြပါတယ်။