မက္ဆီနဲ႔ အင္နီေယစတာထက္ေတာင္မွ ပိုေကာင္းတဲ့သူေတြကို ရွာေတြ႕သြားတဲ့ ဂြါဒီယိုလာ

Photo Credit: Getty Images

မန္စီးတီးအသင္းနည္းျပဂြါဒီယိုလာဟာ ဘာစီလိုနာနဲ႔အတူ မက္ဆီ၊ ဇာဗီ၊ အင္နီေယစတာတုိ႔လုိ ပါရမီရွင္ကစားသမားမ်ားစြာနဲ႔လက္တြဲကာ ေအာင္ျမင္မႈမွတ္တိုင္ေတြကိုလည္း စိုက္ထူႏုိင္ခဲ့တဲ့သူပါ။ ဒါေပမဲ့ ဂြါဒီယိုလာက သူ႕ရဲ႕နည္းျပဘ၀တစ္ေလွ်ာက္ လက္တြဲခဲ့ဖူးသူေတြထဲမွာ အရည္အေသြးအျပည့္၀ဆံုးကစားသမားအျဖစ္ မက္ဆီတုိ႔ကိုေက်ာ္ၿပီး မန္စီးတီးကြင္းလယ္လူဖီးလ္ဖုိဒန္သာျဖစ္တယ္လုိ႔ ထုတ္ေဖာ္၀န္ခံလုိက္ပါတယ္။

Photo Credit: Getty Images

အသက္ 19 ႏွစ္အရြယ္ အဂၤလန္လူငယ္ ဖုိဒန္ဟာ 2017-18 ရာသီက ဂြါဒီယိုလာရဲ႕ပြဲထုတ္မႈနဲ႔အတူ ပရီးမီးယားလိဂ္မွာ စတင္ကစားခြင့္ရခဲ့သူပါ။ လက္ရွိအခ်ိန္အထိ သူဟာ မန္စီးတီးအတြက္ ပရီးမီးယားလိဂ္ပြဲ 18 ပြဲသာကစားခြင့္ရထားသူျဖစ္ပါတယ္။ ဒါေပမဲ့ ငယ္စဥ္ကတည္းက မန္စီးတီးကိုအားေပးခဲ့တဲ့ ဖုိဒန္ဟာ အသက္ 9 ႏွစ္သားအရြယ္မွာ ကလပ္ရဲ႕လူငယ္အကယ္ဒမီကိုေရာက္ရွိလာၿပီးေနာက္ပိုင္း အလားအလာေကာင္းေတြကိုျပသႏုိင္ခဲ့သလုိ အဂၤလန္လူငယ္အသင္းအဆင့္မွာလည္း ယူ-16 ကေန ယူ-21 အထိဆက္တုိက္ပါ၀င္ကာေျခစြမ္းျပႏုိင္ခဲ့သူပါ။

Photo Credit: Getty Images

2017 က ဖီဖာယူ-17 ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံဘြဲ႕ရရွိခဲ့တဲ့ အဂၤလန္လူငယ္အသင္းမွာလည္း ဖုိဒန္ဟာ အဓိကက်သူတစ္ဦးအျဖစ္ရပ္တည္ႏုိင္ခဲ့ပါတယ္။ မန္စီးတီးနည္းျပျဖစ္လာၿပီးကတည္းက ဂြါဒီယိုလာဟာ ဖုိဒန္ရဲ႕အရည္အေသြးကို သေဘာက်ခဲ့တာျဖစ္ၿပီး ထိပ္တန္းကစားသမားတစ္ဦးအျဖစ္ ေက်ာ္ၾကားလာမယ့္သူျဖစ္သလုိ မန္စီးတီးရဲ႕ အနာဂတ္ၾကယ္ပြင့္လည္းျဖစ္တယ္လုိ႔ မၾကာခဏခ်ီးက်ဴးခဲ့ဖူးပါတယ္။

Photo Credit: Getty Images

ဘီဘီစီနဲ႔ေတြ႕ဆံုစဥ္မွာ ဂြါဒီယိုလာက ”ဖိုဒန္ဟာ ကမာၻ႔အေကာင္းဆံုးတစ္ဦးျဖစ္လာမယ့္ အရည္အေသြးအားလံုးကုိ ပိုင္ဆုိင္ထားတဲ့သူပါ။ သတင္းစာရွင္းလင္းပြဲေတြမွာလည္း ကၽြန္ေတာ္မၾကာခဏေျပာခဲ့ဖူးပါတယ္။ ဖိုဒန္ဟာ ကၽြန္ေတာ့္နည္းျပသက္တမ္းတစ္ေလွ်ာက္ ျမင္ေတြ႕ခဲ့ဖူးသူေတြထဲမွာ အရမ္း၊ အရမ္း၊ အရမ္းကို ပင္ကိုယ္ပါရမီအရွိဆံုးကစားသမားပါပဲ။ သူ႕ရဲ႕တစ္ခုတည္းေသာျပသနာဆိုလုိ႔ နည္းျပျဖစ္သူက ပံုမွန္ပြဲထြက္ခြင့္မေပးႏုိင္ေသးတာပဲရွိတာပါ။ အဲဒါကလည္း အနာဂတ္မွာ ပိုၿပီးတုိးတက္လာမယ္လုိ႔ ေမွ်ာ္လင့္ပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။

(Unicode)

မက်ဆီနဲ့ အင်နီယေစတာထက်တောင်မှ ပိုကောင်းတဲ့သူတွေကို ရှာတွေ့သွားတဲ့ ဂွါဒီယိုလာ

မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာဟာ ဘာစီလိုနာနဲ့အတူ မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာတို့လို ပါရမီရှင်ကစားသမားများစွာနဲ့လက်တွဲကာ အောင်မြင်မှုမှတ်တိုင်တွေကိုလည်း စိုက်ထူနိုင်ခဲ့တဲ့သူပါ။ ဒါပေမဲ့ ဂွါဒီယိုလာက သူ့ရဲ့နည်းပြဘဝတစ်လျှောက် လက်တွဲခဲ့ဖူးသူတွေထဲမှာ အရည်အသွေးအပြည့်ဝဆုံးကစားသမားအဖြစ် မက်ဆီတို့ကိုကျော်ပြီး မန်စီးတီးကွင်းလယ်လူဖီးလ်ဖိုဒန်သာဖြစ်တယ်လို့ ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။

အသက် 19 နှစ်အရွယ် အင်္ဂလန်လူငယ် ဖိုဒန်ဟာ 2017-18 ရာသီက ဂွါဒီယိုလာရဲ့ပွဲထုတ်မှုနဲ့အတူ ပရီးမီးယားလိဂ်မှာ စတင်ကစားခွင့်ရခဲ့သူပါ။ လက်ရှိအချိန်အထိ သူဟာ မန်စီးတီးအတွက် ပရီးမီးယားလိဂ်ပွဲ 18 ပွဲသာကစားခွင့်ရထားသူဖြစ်ပါတယ်။ ဒါပေမဲ့ ငယ်စဉ်ကတည်းက မန်စီးတီးကိုအားပေးခဲ့တဲ့ ဖိုဒန်ဟာ အသက် 9 နှစ်သားအရွယ်မှာ ကလပ်ရဲ့လူငယ်အကယ်ဒမီကိုရောက်ရှိလာပြီးနောက်ပိုင်း အလားအလာကောင်းတွေကိုပြသနိုင်ခဲ့သလို အင်္ဂလန်လူငယ်အသင်းအဆင့်မှာလည်း ယူ-16 ကနေ ယူ-21 အထိဆက်တိုက်ပါဝင်ကာခြေစွမ်းပြနိုင်ခဲ့သူပါ။

2017 က ဖီဖာယူ-17 ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဘွဲ့ရရှိခဲ့တဲ့ အင်္ဂလန်လူငယ်အသင်းမှာလည်း ဖိုဒန်ဟာ အဓိကကျသူတစ်ဦးအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ မန်စီးတီးနည်းပြဖြစ်လာပြီးကတည်းက ဂွါဒီယိုလာဟာ ဖိုဒန်ရဲ့အရည်အသွေးကို သဘောကျခဲ့တာဖြစ်ပြီး ထိပ်တန်းကစားသမားတစ်ဦးအဖြစ် ကျော်ကြားလာမယ့်သူဖြစ်သလို မန်စီးတီးရဲ့ အနာဂတ်ကြယ်ပွင့်လည်းဖြစ်တယ်လို့ မကြာခဏချီးကျူးခဲ့ဖူးပါတယ်။

ဘီဘီစီနဲ့တွေ့ဆုံစဉ်မှာ ဂွါဒီယိုလာက ”ဖိုဒန်ဟာ ကမ္ဘာ့အကောင်းဆုံးတစ်ဦးဖြစ်လာမယ့် အရည်အသွေးအားလုံးကို ပိုင်ဆိုင်ထားတဲ့သူပါ။ သတင်းစာရှင်းလင်းပွဲတွေမှာလည်း ကျွန်တော်မကြာခဏပြောခဲ့ဖူးပါတယ်။ ဖိုဒန်ဟာ ကျွန်တော့်နည်းပြသက်တမ်းတစ်လျှောက် မြင်တွေ့ခဲ့ဖူးသူတွေထဲမှာ အရမ်း၊ အရမ်း၊ အရမ်းကို ပင်ကိုယ်ပါရမီအရှိဆုံးကစားသမားပါပဲ။ သူ့ရဲ့တစ်ခုတည်းသောပြသနာဆိုလို့ နည်းပြဖြစ်သူက ပုံမှန်ပွဲထွက်ခွင့်မပေးနိုင်သေးတာပဲရှိတာပါ။ အဲဒါကလည်း အနာဂတ်မှာ ပိုပြီးတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။