မက္ဆီထက္ ဂရစ္ဇ္မန္းက တန္ဖုိးပိုရွိေနတဲ့သေဘာမ်ားလား…စာခ်ဳပ္ဖ်က္သိမ္းေၾကးမွာ မက္ဆီကို ေနာက္ေကာက္ခ်လုိက္တဲ့ ဂရစ္ဇ္မန္း

Photo Credit ; Sportbible

Photo Credit ; AFP / Getty Images

ဘာစီလုိနာအသင္းဟာ တုိက္စစ္မွဴးသစ္ဂရစ္ဇ္မန္းကို ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ရာမွာ စာခ်ဳပ္ဖ်က္သိမ္းေၾကးအျဖစ္ ယူ႐ိုသန္း ၈၀၀ အထိထည့္သြင္းခ်ဳပ္ဆိုခဲ့ၿပီး အဲဒီပမာဏက အသင္းေခါင္းေဆာင္မက္ဆီထက္ေတာင္ ပိုမ်ားျပားေနေၾကာင္း သိရပါတယ္။ ဘာစီလုိနာအသင္းဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔က အသက္ ၂၈ ႏွစ္အရြယ္ရွိ ဂရစ္ဇ္မန္းကို စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ိုသန္း ၁၂၀နဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။

Photo Credit ; AFP / Getty Images

ဂရစ္ဇ္မန္းရဲ႕စာခ်ဳပ္သက္တမ္းက ၂၀၂၃ ေရာက္မွ ကုန္ဆုံးမွာျဖစ္ၿပီး ဘာစီလုိနာတုိက္စစ္မွဴး မက္ဆီရဲ႕စာခ်ဳပ္သက္တမ္းက ၂၀၂၁ မွာ ကုန္ဆုံးမွာျဖစ္ကာ မက္ဆီရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကးကေတာ့ ယူ႐ိုသန္း ၇၀၀ပဲရွိပါတယ္။ ဂရစ္ဇ္မန္းရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကးက ကမၻာမွာ ဒုတိယေျမာက္အမ်ားဆုံးစာခ်ဳပ္ဖ်က္သိမ္းေၾကးျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းတုိက္စစ္မွဴး ဘန္ဇီးမားက စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ို ၁ဘီလီယံနဲ႔ အမ်ားဆုံးအျဖစ္ရပ္တည္ေနပါတယ္။

Photo Credit ; AFP / Getty Images

စာခ်ဳပ္ဖ်က္သိမ္းေၾကးအမ်ားဆုံးကစားသမား ၁၀ဦးစာရင္းမွာ ဘာစီလုိနာနဲ႔ရီးရဲလ္တုိ႔ကပဲလႊမ္းမုိးထားၿပီး ဘန္ဇီးမားနဲ႔ ဂရစ္ဇ္မန္းတုိ႔ရဲ႕ေနာက္မွာ ရီးရဲလ္အသင္းသားေတြျဖစ္တဲ့ တုိက္စစ္မွဴး ဒီယက္ဇ္နဲ႔ ကြင္းလယ္လူ မိုဒရစ္တုိ႔က ယူ႐ိုသန္း ၇၅၀စီနဲ႔ ရပ္တည္ေနပါတယ္။

Photo Credit ; EPA

ဂရစ္ဇ္မန္းကလည္း ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးစာရင္းမွာ ေနမာ၊ ဘာေပ၊ ေကာ္တင္ညိဳ၊ ယာအိုဖီးလစ္၊ ဒမ္ဘီလီတုိ႔ရဲ႕ေနာက္ ဆဌမေျမာက္ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးကစားသမားျဖစ္လာၿပီး အက္သလက္တီကိုနဲ႔ ခ်ဳပ္ဆုိထားတဲ့ သူ႕ရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကးက ယူ႐ိုသန္း ၂၀၀ ကေန ဇူလုိင္လ ၁ရက္ေန႔ေနာက္ပိုင္း ယူ႐ိုသန္း ၁၂၀ အထိက်ဆင္းသြားလုိ႔ ဘာစီလုိနာက အဲဒီအခ်က္ကို အမိအရရယူႏိုင္ခဲ့တာပါ။

Photo Credit ; Reuters

စာခ်ဳပ္ဖ်က္သိမ္းေၾကးအမ်ားဆုံး ၁၀ဦး
ဘန္ဇီးမား(ရီးရဲလ္) – ယူ႐ို ၁ဘီလီယံ
ဂရစ္ဇ္မန္း(ဘာစီလုိနာ) – ယူ႐ိုသန္း ၈၀၀
မုိဒရစ္(ရီးရဲလ္) – ယူ႐ိုသန္း ၇၅၀
ဒီယက္ဇ္(ရီးရဲလ္) – ယူ႐ိုသန္း ၇၅၀
ဗင္နီစီးယပ္စ္(ရီးရဲလ္) – ယူ႐ိုသန္း ၇၀၀
အဆန္စီယုိ(ရီးရဲလ္) ယူ႐ိုသန္း ၇၀၀
အစၥကို(ရီးရဲလ္) – ယူ႐ိုသန္း ၇၀၀
မက္ဆီ(ဘာစီလုိနာ) – ယူ႐ိုသန္း ၇၀၀
ပီေကး(ဘာစီလုိနာ) – ယူ႐ိုသန္း ၅၀၀
ေဘးလ္(ရီးရဲလ္) – ယူ႐ိုသန္း ၅၀၀

Photo Credit ; PA

Unicode

မက်ဆီထက် ဂရစ်ဇ်မန်းက တန်ဖိုးပိုရှိနေတဲ့သဘောများလား…စာချုပ်ဖျက်သိမ်းကြေးမှာ မက်ဆီကို နောက်ကောက်ချလိုက်တဲ့ ဂရစ်ဇ်မန်း

ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးသစ်ဂရစ်ဇ်မန်းကို ၅နှစ်စာချုပ်ချုပ်ဆိုခဲ့ရာမှာ စာချုပ်ဖျက်သိမ်းကြေးအဖြစ် ယူရိုသန်း ၈၀၀ အထိထည့်သွင်းချုပ်ဆိုခဲ့ပြီး အဲဒီပမာဏက အသင်းခေါင်းဆောင်မက်ဆီထက်တောင် ပိုများပြားနေကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့သောကြာနေ့က အသက် ၂၈ နှစ်အရွယ်ရှိ ဂရစ်ဇ်မန်းကို စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၂၀နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဂရစ်ဇ်မန်းရဲ့စာချုပ်သက်တမ်းက ၂၀၂၃ ရောက်မှ ကုန်ဆုံးမှာဖြစ်ပြီး ဘာစီလိုနာတိုက်စစ်မှူး မက်ဆီရဲ့စာချုပ်သက်တမ်းက ၂၀၂၁ မှာ ကုန်ဆုံးမှာဖြစ်ကာ မက်ဆီရဲ့စာချုပ်ဖျက်သိမ်းကြေးကတော့ ယူရိုသန်း ၇၀၀ပဲရှိပါတယ်။ ဂရစ်ဇ်မန်းရဲ့စာချုပ်ဖျက်သိမ်းကြေးက ကမ္ဘာမှာ ဒုတိယမြောက်အများဆုံးစာချုပ်ဖျက်သိမ်းကြေးဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ဘန်ဇီးမားက စာချုပ်ဖျက်သိမ်းကြေး ယူရို ၁ဘီလီယံနဲ့ အများဆုံးအဖြစ်ရပ်တည်နေပါတယ်။
စာချုပ်ဖျက်သိမ်းကြေးအများဆုံးကစားသမား ၁၀ဦးစာရင်းမှာ ဘာစီလိုနာနဲ့ရီးရဲလ်တို့ကပဲလွှမ်းမိုးထားပြီး ဘန်ဇီးမားနဲ့ ဂရစ်ဇ်မန်းတို့ရဲ့နောက်မှာ ရီးရဲလ်အသင်းသားတွေဖြစ်တဲ့ တိုက်စစ်မှူး ဒီယက်ဇ်နဲ့ ကွင်းလယ်လူ မိုဒရစ်တို့က ယူရိုသန်း ၇၅၀စီနဲ့ ရပ်တည်နေပါတယ်။
ဂရစ်ဇ်မန်းကလည်း ပြောင်းရွှေ့ကြေးအများဆုံးစာရင်းမှာ နေမာ၊ ဘာပေ၊ ကော်တင်ညို၊ ယာအိုဖီးလစ်၊ ဒမ်ဘီလီတို့ရဲ့နောက် ဆဌမမြောက်ပြောင်းရွှေ့ကြေးအများဆုံးကစားသမားဖြစ်လာပြီး အက်သလက်တီကိုနဲ့ ချုပ်ဆိုထားတဲ့ သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးက ယူရိုသန်း ၂၀၀ ကနေ ဇူလိုင်လ ၁ရက်နေ့နောက်ပိုင်း ယူရိုသန်း ၁၂၀ အထိကျဆင်းသွားလို့ ဘာစီလိုနာက အဲဒီအချက်ကို အမိအရရယူနိုင်ခဲ့တာပါ။
စာချုပ်ဖျက်သိမ်းကြေးအများဆုံး ၁၀ဦး
ဘန်ဇီးမား(ရီးရဲလ်) – ယူရို ၁ဘီလီယံ
ဂရစ်ဇ်မန်း(ဘာစီလိုနာ) – ယူရိုသန်း ၈၀၀
မိုဒရစ်(ရီးရဲလ်) – ယူရိုသန်း ၇၅၀
ဒီယက်ဇ်(ရီးရဲလ်) – ယူရိုသန်း ၇၅၀
ဗင်နီစီးယပ်စ်(ရီးရဲလ်) – ယူရိုသန်း ၇၀၀
အဆန်စီယို(ရီးရဲလ်) ယူရိုသန်း ၇၀၀
အစ္စကို(ရီးရဲလ်) – ယူရိုသန်း ၇၀၀
မက်ဆီ(ဘာစီလိုနာ) – ယူရိုသန်း ၇၀၀
ပီကေး(ဘာစီလိုနာ) – ယူရိုသန်း ၅၀၀
ဘေးလ်(ရီးရဲလ်) – ယူရိုသန်း ၅၀၀