မက္ဂြဲယားအတြက္ မန္ယူရဲ႕ကမ္းလွမ္းမႈ ႏွစ္ၾကိမ္ကိုပယ္ခ်ခဲ့တယ္လို႔ ေရာ္ဂ်ာအတည္ျပဳ

လက္စတာအသင္းဟာ ေနာက္ခံလူမက္ဂြဲယားအတြက္ မန္ယူရဲ႕ကမး္လွမ္းမႈႏွစ္ႀကိမ္ကိုပယ္ခ်ခဲ့တယ္လို႔ နည္းျပဘရန္ဒန္ေရာ္ဂ်ာက အတည္ျပဳလိုက္ပါတယ္။ မန္ယူရဲ႕ကမး္လွမ္းမႈဟာ ဘယ္ေလာက္နဲ႔လဲဆိုတာကိုေတာ႔ ေရာ္ဂ်ာက ထုတ္ေျပာျခင္းမရွိပါဘူး။

အခုလိုကမ္းလွမ္းမႈရွိထားေပမယ္႔ လက္စတာက စကန္ေသာ႔ပ္ကို ၁-၀ နဲ႔အႏိုင္ရခဲ့တဲ႔ေျခစမ္းပြဲမွာ မက္ဂြဲယားကိုဒုတိယပိုင္းမွာ ေရာ္ဂ်ာကထည့္သြင္းအသုံးျပဳခဲ့ပါတယ္။ မက္ဂြဲယား ကိုမန္ယူကေရာ မန္စီးတီးကပါအလိုရွိေနေပမယ္႔ လက္စတာလိုျခင္တဲ႔ေပါင္သန္း ၉၀ အထိေပးဖို႔အခက္ေတြ႔ေနလို႔ အေျပာင္းအေရႊ႕ျဖစ္မလာေသးပါဘူး။

ေရာ္ဂ်ာက”မက္ဂြဲယား ဟာထိပ္တန္းအဆင့္ရွိတဲ႔ ကစားသမားျဖစ္ၿပီး လက္စတာဘက္ကေရာင္းလိုတဲ႔စိတ္ရွိလာေအာင္ ဘယ္အသင္းကမွကမ္းလွမ္းႏိုင္ျခင္းမရွိေသးပါဘူး။ သူ႔ကိုစိတ္၀င္စားေနၾကတာ ထိပ္တန္းကလပ္ေတြျဖစ္သလို သူကလည္း ထိပ္တန္းကစားသမားပါဘဲ။ သူ႔အတြက္ကမ္းလွမ္းမႈေတြရွိတာလည္း အမွန္ပါဘဲ။ အခုထိဆိုရင္ ၂ ႀကိမ္ရွိေနပါၿပီ။

ဒါေပမယ္႔လည္း မက္ဂြဲယားဟာပေရာ္ဖက္ရွင္နယ္ပီသတဲ႔သူ ျဖစ္ၿပီးဒါကိုလည္း သူပါ၀င္ကစားခဲ့တဲ႔ ၄၅ မိနစ္ကိုၾကည့္ရင္ေတြ႔ႏိုင္မွာပါ” လို႔ေျပာသြားပါတယ္။ ကၽြမ္းက်င္သူေတြကေတာ႔ မက္ဂြဲယားဟာ လီဗာပူးေနာက္ခံလူ ဗန္ဂ်စ္ေလာက္ေတာင္ သက္ေသျပႏိုင္ျခင္းမရွိေသးလို႔ သူ႔အတြက္ေပါင္သန္း ၉၀ သတ္မွတ္ထားတာဟာ မ်ားလြန္းတယ္လို႔ ဆိုၾကပါတယ္။

ဗန္ဂ်စ္ဟာ ၂၀၁၈ ဇန္န၀ါရီလကေဆာက္သမ္တန္ကေန လီဗာပူးကိုေပါင္ ၇၅ သန္းနဲ႔ေရာက္ရွိလာသူျဖစ္လို႔ ေနာက္ခံလူေတြထဲမွာ ကမၻာ႔စံခ်ိန္တင္ေစ်းျဖစ္ခဲ့ပါတယ္။ မက္ဂြဲယားကို ေပါင္သန္း ၉၀ ေပးမယ္႔အသင္းရွိလာရင္ေတာ႔ သူက ဗန္ဂ်စ္ရဲ႕စံခ်ိန္ကိုခ်ဳိးျဖတ္မွာျဖစ္ပါတယ္။

Unicode

မက်ဂွဲယားအတွက် မန်ယူရဲ့ကမ်းလှမ်းမှု နှစ်ကြိမ်ကိုပယ်ချခဲ့တယ်လို့ ရော်ဂျာအတည်ပြု
လက်စတာအသင်းဟာ နောက်ခံလူမက်ဂွဲယားအတွက် မန်ယူရဲ့ကမ်းလှမ်းမှုနှစ်ကြိမ်ကိုပယ်ချခဲ့တယ်လို့ နည်းပြဘရန်ဒန်ရော်ဂျာက အတည်ပြုလိုက်ပါတယ်။ မန်ယူရဲ့ကမ်းလှမ်းမှုဟာ ဘယ်လောက်နဲ့လဲဆိုတာကိုတော့ ရော်ဂျာက ထုတ်ပြောခြင်းမရှိပါဘူး။

အခုလိုကမ်းလှမ်းမှုရှိထားပေမယ့် လက်စတာက စကန်သော့ပ်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ခြေစမ်းပွဲမှာ မက်ဂွဲယားကိုဒုတိယပိုင်းမှာ ရော်ဂျာကထည့်သွင်းအသုံးပြုခဲ့ပါတယ်။ မက်ဂွဲယား ကိုမန်ယူကရော မန်စီးတီးကပါအလိုရှိနေပေမယ့် လက်စတာလိုခြင်တဲ့ပေါင်သန်း ၉၀ အထိပေးဖို့အခက်တွေ့နေလို့ အပြောင်းအရွှေ့ဖြစ်မလာသေးပါဘူး။

ရော်ဂျာက”မက်ဂွဲယား ဟာထိပ်တန်းအဆင့်ရှိတဲ့ ကစားသမားဖြစ်ပြီး လက်စတာဘက်ကရောင်းလိုတဲ့စိတ်ရှိလာအောင် ဘယ်အသင်းကမှကမ်းလှမ်းနိုင်ခြင်းမရှိသေးပါဘူး။ သူ့ကိုစိတ်ဝင်စားနေကြတာ ထိပ်တန်းကလပ်တွေဖြစ်သလို သူကလည်း ထိပ်တန်းကစားသမားပါဘဲ။ သူ့အတွက်ကမ်းလှမ်းမှုတွေရှိတာလည်း အမှန်ပါဘဲ။ အခုထိဆိုရင် ၂ ကြိမ်ရှိနေပါပြီ။

ဒါပေမယ့်လည်း မက်ဂွဲယားဟာပရော်ဖက်ရှင်နယ်ပီသတဲ့သူ ဖြစ်ပြီးဒါကိုလည်း သူပါဝင်ကစားခဲ့တဲ့ ၄၅ မိနစ်ကိုကြည့်ရင်တွေ့နိုင်မှာပါ” လို့ပြောသွားပါတယ်။ ကျွမ်းကျင်သူတွေကတော့ မက်ဂွဲယားဟာ လီဗာပူးနောက်ခံလူ ဗန်ဂျစ်လောက်တောင် သက်သေပြနိုင်ခြင်းမရှိသေးလို့ သူ့အတွက်ပေါင်သန်း ၉၀ သတ်မှတ်ထားတာဟာ များလွန်းတယ်လို့ ဆိုကြပါတယ်။

ဗန်ဂျစ်ဟာ ၂၀၁၈ ဇန်နဝါရီလကဆောက်သမ်တန်ကနေ လီဗာပူးကိုပေါင် ၇၅ သန်းနဲ့ရောက်ရှိလာသူဖြစ်လို့ နောက်ခံလူတွေထဲမှာ ကမ္ဘာ့စံချိန်တင်ဈေးဖြစ်ခဲ့ပါတယ်။ မက်ဂွဲယားကို ပေါင်သန်း ၉၀ ပေးမယ့်အသင်းရှိလာရင်တော့ သူက ဗန်ဂျစ်ရဲ့စံချိန်ကိုချိုးဖြတ်မှာဖြစ်ပါတယ်။