မက္ဂြဲယားနဲ႔ ဒီလစ္တို႔ၿပိဳင္ ဘယ္သူႏိုင္

ဒီေႏြရာသီေစ်းကြက္ထဲမွာ ကမၻာ႔အေကာင္းဆုံး ဗဟိုေနာက္ခံလူစာရင္း၀င္ေတြျဖစ္တဲ႔ လက္စတာက မက္ဂြဲယားနဲ႔ အခုဂ်ဴ ဗင္တပ္ကိုေရာက္ရွိသြားၿပီျဖစ္တဲ႔ ဒီလစ္တို႔ ဟာမန္ယူနဲ႔သတင္းထြက္ခဲသလို မက္ဂြဲယားဆိုရင္ သတင္းထြက္ေနဆဲျဖစ္ပါတယ္။

ဂ်ဴ ဗင္တပ္ဟာေအဂ်က္ေနာက္ခံလူ ဒီလစ္ကိုေပါင္ ၆၇.၅ သန္းနဲ႔ေခၚယူခဲ့တာျဖစ္ေပမယ္႔ မန္ယူကေတာ႔ မက္ဂြဲယားကိုေပါင္သန္း ၈၀ အထိေပးေခ်ရဖို႔ရွိေနတာပါ။ ဒါေပမယ္႔ သူတို႔ႏွစ္ဦးရဲ႕စြမ္းေဆာင္ရည္ကိုႏႈိင္းယွဥ္လိုက္တဲ႔အခါ ဘာမွသိပ္မကြာတဲ႔အတြက္ မက္ဂြဲယားကိုေပါင္သန္း ၈၀ ေပးမယ္႔အစား ဒီလစ္ကိုဘဲ ေပါင္သန္း ၈၀ ေပးသင့္တယ္ဆိုၿပီး ေ၀ဖန္သုံးသပ္ေနၾကပါတယ္။

ဒီလစ္ဟာ ဘာစီလိုနာ၊ မန္စီးတီးတို႔နဲ႔ပါသတင္းေတြထြက္ခဲ့ေပမယ္႔ သူ႔အလားအလာသိပ္ေကာင္းလြန္းတဲ႔အတြက္ ဂ်ဴ ဗင္တပ္ကေခၚယူခဲ့တာျဖစ္ၿပီး တစ္ပတ္လစာကိုလည္းေပါင္ ၂၀၆၀၀၀ အထိေပးေခ်ခဲ့တာျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးရဲ႕စြမ္းေဆာင္ရည္ကိုႏႈိင္းယွဥ္လိုက္တဲ႔အခါ ဒီလစ္ကအသက္အမ်ားႀကီးပိုငယ္သလို မက္ဂြဲယားထက္လည္း စြမ္းေဆာင္ရည္အနည္းငယ္ပိုျမင့္မားပါတယ္။

ၿပီးခဲ့တဲ႔ ရာသီမွာမက္ဂြဲယားက ၃၁ ပြဲကစားခဲ့ၿပီး ဒီလစ္က ၃၃ ပြဲကစားခဲ့တာပါတယ္။(စြမ္းေဆာင္ရည္ႏႈိုင္းယွဥ္ရာမွာ မက္ဂြဲယားကိုေရွ႕ထားၿပီး ဒီလစ္ကိုေနာက္မွာထားပါမယ္။)ကစားရတဲ႔မိနစ္မွာ ၂၅၅၉ နဲ႔ ၂၉၇၀၊ စီရွိၿပီး သြင္းဂိုးကလည္း ၃ ဂိုးစီတူပါတယ္။ဒါေပမယ္႔ ဂိုးဖန္တီးမႈမွာ ၀ နဲ႔ ၁ ၊ အခြင့္အေရးဖန္တီးမႈမွာ ၁၁ နဲ႔ ၁၃၊ ေဘာလုံးေပးပို႔မႈမွာ ၁၇၄၇ နဲ႔ ၂၂၁၉၊ စီရွိပါတယ္။

ေပးပို႔တာတိက်မႈမွာ ၈၅.၆% နဲ႔ ၉၀%၊ဖ်က္ထုတ္ႏိုင္မႈမွာ ၃၁ နဲ႔ ၃၃၊ ၾကားျဖတ္လုယူႏိုင္မႈမွာ ၃၇ ႀကိမ္စီ၊ တစ္ဦးခ်င္းရင္ဆိုင္ရာမွာေအာင္ျမင္မႈႏႈန္းက ၇၂.၇% နဲ႔ ၆၂.၇%၊ေလထဲကေဘာလုံးေတြကိုယွဥ္လုမႈေအာင္ျမင္တဲ႔ႏႈန္းက ၁၁၈ နဲ႔ ၁၂၉၊ ရွင္းထုတ္ႏိုင္မႈမွာ ၁၅၂ နဲ႔ ၁၃၀ ၊ ေပးဂိုးမရွိမႈ ၆ နဲ႔ ၁၅၊ ၿပိဳင္ဘက္ရဲ႕ေက်ာ္ျဖတ္တာခံရမႈ ၆ နဲ႔ ၁၄၊ အမွားကေနတစ္ဆင့္ဂိုးေပးရမႈ တစ္ႀကိမ္စီျဖစ္ၾကပါတယ္။

Unicode

မက်ဂွဲယားနဲ့ ဒီလစ်တို့ပြိုင် ဘယ်သူနိုင်
ဒီနွေရာသီဈေးကွက်ထဲမှာ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူစာရင်းဝင်တွေဖြစ်တဲ့ လက်စတာက မက်ဂွဲယားနဲ့ အခုဂျူ ဗင်တပ်ကိုရောက်ရှိသွားပြီဖြစ်တဲ့ ဒီလစ်တို့ ဟာမန်ယူနဲ့သတင်းထွက်ခဲသလို မက်ဂွဲယားဆိုရင် သတင်းထွက်နေဆဲဖြစ်ပါတယ်။

ဂျူ ဗင်တပ်ဟာအေဂျက်နောက်ခံလူ ဒီလစ်ကိုပေါင် ၆၇.၅ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပေမယ့် မန်ယူကတော့ မက်ဂွဲယားကိုပေါင်သန်း ၈၀ အထိပေးချေရဖို့ရှိနေတာပါ။ ဒါပေမယ့် သူတို့နှစ်ဦးရဲ့စွမ်းဆောင်ရည်ကိုနှိုင်းယှဉ်လိုက်တဲ့အခါ ဘာမှသိပ်မကွာတဲ့အတွက် မက်ဂွဲယားကိုပေါင်သန်း ၈၀ ပေးမယ့်အစား ဒီလစ်ကိုဘဲ ပေါင်သန်း ၈၀ ပေးသင့်တယ်ဆိုပြီး ဝေဖန်သုံးသပ်နေကြပါတယ်။

ဒီလစ်ဟာ ဘာစီလိုနာ၊ မန်စီးတီးတို့နဲ့ပါသတင်းတွေထွက်ခဲ့ပေမယ့် သူ့အလားအလာသိပ်ကောင်းလွန်းတဲ့အတွက် ဂျူ ဗင်တပ်ကခေါ်ယူခဲ့တာဖြစ်ပြီး တစ်ပတ်လစာကိုလည်းပေါင် ၂၀၆၀၀၀ အထိပေးချေခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့စွမ်းဆောင်ရည်ကိုနှိုင်းယှဉ်လိုက်တဲ့အခါ ဒီလစ်ကအသက်အများကြီးပိုငယ်သလို မက်ဂွဲယားထက်လည်း စွမ်းဆောင်ရည်အနည်းငယ်ပိုမြင့်မားပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာမက်ဂွဲယားက ၃၁ ပွဲကစားခဲ့ပြီး ဒီလစ်က ၃၃ ပွဲကစားခဲ့တာပါတယ်။(စွမ်းဆောင်ရည်နှိုင်းယှဉ်ရာမှာ မက်ဂွဲယားကိုရှေ့ထားပြီး ဒီလစ်ကိုနောက်မှာထားပါမယ်။)ကစားရတဲ့မိနစ်မှာ ၂၅၅၉ နဲ့ ၂၉၇၀၊ စီရှိပြီး သွင်းဂိုးကလည်း ၃ ဂိုးစီတူပါတယ်။ဒါပေမယ့် ဂိုးဖန်တီးမှုမှာ ၀ နဲ့ ၁ ၊ အခွင့်အရေးဖန်တီးမှုမှာ ၁၁ နဲ့ ၁၃၊ ဘောလုံးပေးပို့မှုမှာ ၁၇၄၇ နဲ့ ၂၂၁၉၊ စီရှိပါတယ်။

ပေးပို့တာတိကျမှုမှာ ၈၅.၆% နဲ့ ၉၀%၊ဖျက်ထုတ်နိုင်မှုမှာ ၃၁ နဲ့ ၃၃၊ ကြားဖြတ်လုယူနိုင်မှုမှာ ၃၇ ကြိမ်စီ၊ တစ်ဦးချင်းရင်ဆိုင်ရာမှာအောင်မြင်မှုနှုန်းက ၇၂.၇% နဲ့ ၆၂.၇%၊လေထဲကဘောလုံးတွေကိုယှဉ်လုမှုအောင်မြင်တဲ့နှုန်းက ၁၁၈ နဲ့ ၁၂၉၊ ရှင်းထုတ်နိုင်မှုမှာ ၁၅၂ နဲ့ ၁၃၀ ၊ ပေးဂိုးမရှိမှု ၆ နဲ့ ၁၅၊ ပြိုင်ဘက်ရဲ့ကျော်ဖြတ်တာခံရမှု ၆ နဲ့ ၁၄၊ အမှားကနေတစ်ဆင့်ဂိုးပေးရမှု တစ်ကြိမ်စီဖြစ်ကြပါတယ်။