မက္ဂြိဳင္းယားကို တတ္ႏိုင္သမွ် ခပ္ျမန္ျမန္ေလးေခၚယူေပးဖို႔ ၀ုဒ္၀က္ဒ္ကို ဆုိးလ္ရွား ေတာင္းဆိုထား

Photo Credit ; Sky Sports

 

Photo Credit ; Getty Images

ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားဟာ လက္စတာေနာက္ခံလူ မက္ဂြိဳင္းယားကို တတ္ႏိုင္သမွ် အျမန္ဆုံးေခၚယူလုိေၾကာင္း အသင္းအမႈေဆာင္အရာရွိခ်ဳပ္ အက္၀ုဒ္၀က္ဒ္ထံ အေၾကာင္းၾကားထားေၾကာင္း စကိုင္းစပို႔တ္သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။ လက္စတာအသင္းက ေနာက္ခံလူေတြအနက္ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္သန္း ၈၀ ရမွ မက္ဂိြဳင္းယားကို လက္လႊတ္ခံဖို႔မ်ားေနၿပီး အဲဒီသတ္မွတ္ခ်က္က အဆုိပါအဂၤလန္လက္ေရြးစင္အတြက္ ယူႏုိက္တက္အသင္း ကမ္းလွမ္းခဲ့တဲ့ ပမာဏထက္ ေပါင္ ၁၀သန္းပိုမ်ားေနပါတယ္။

Photo Credit ; Getty Images

၀ုဒ္၀က္ဒ္ကလည္း ေဆြးေႏြးညႇိဳႏိႈင္းမႈေတြ ျပဳလုပ္ႏိုင္ေရးအတြက္ ယူႏုိက္တက္အသင္းရဲ႕ ၾသစေၾတးလ်နဲ႔ အာရွရာသီႀကိဳေျခစမ္းပြဲခရီးစဥ္ကို လုိက္ပါမသြားဘဲ အဂၤလန္မွာ က်န္ရစ္ေနခဲ့ၿပီး စကိုင္းစပို႔တ္သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ၀ုဒ္၀က္ဒ္အေနနဲ႔ အေျပာင္းအေရႊ႕ၿပီးေျမာက္ဖို႔သာ က်န္ရွိေတာ့ေၾကာင္း သိရပါတယ္။ မက္ဂြိဳင္းယားက လက္စတာအသင္းမွာ ဆက္ကစားရလွ်င္လည္း ေပ်ာ္ရႊင္စြာလက္သင့္ခံမွာျဖစ္ေပမယ့္ တကယ္လုိ႔ ၂သင္းၾကား သေဘာတူညီမႈရရွိသြားခဲ့ရင္ အုိးလ္ထရက္ဖုိ႔ဒ္ကို ေျပာင္းေရႊ႕လိုေနတယ္လုိ႔ သိရပါတယ္။

Photo Credit ; Getty Images

စီးတီးကလည္း မက္ဂိြဳင္းယားကို ေခၚယူဖို႔ စိတ္၀င္စားေနၿပီး ယူႏုိက္တက္အသင္းလိုမဟုတ္ဘဲ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ ဆြဲေဆာင္ႏိုင္စြမ္းရွိေနပါတယ္။ စပါးကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ေျခစမ္းပြဲမွာ ေနာက္ခံလူ ဘိုင္လီ ဒဏ္ရာရရွိသြားခဲ့ၿပီးေနာက္ ဗဟိုေနာက္ခံလူတစ္ဦးကို ေခၚယူလုိတဲ့ဆုိးလ္ရွားရဲ႕ႀကိဳးစားမႈက ပိုမိုအသက္၀င္လာႏိုင္ၿပီး ယူႏိုက္တက္အေနနဲ႔ ယခုအခ်ိန္အထိ ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ ၀မ္ဘစ္ဆာကာတု႔ိကို ေခၚယူထားၿပီးျဖစ္ကာ ဆုိးလ္ရွားက ေနာက္ထပ္ကစားသမားသစ္မေရာက္လာဘဲ ရာသီသစ္ကို စတင္ရမယ္ဆုိရင္လည္း ျပႆနာမရွိေၾကာင္း ဆိုထားပါတယ္။

Photo Credit ; Sky Sports

Unicode

မက်ဂွိုင်းယားကို တတ်နိုင်သမျှ ခပ်မြန်မြန်လေးခေါ်ယူပေးဖို့ ဝုဒ်ဝက်ဒ်ကို ဆိုးလ်ရှား တောင်းဆိုထား

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို တတ်နိုင်သမျှ အမြန်ဆုံးခေါ်ယူလိုကြောင်း အသင်းအမှုဆောင်အရာရှိချုပ် အက်ဝုဒ်ဝက်ဒ်ထံ အကြောင်းကြားထားကြောင်း စကိုင်းစပို့တ်သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ လက်စတာအသင်းက နောက်ခံလူတွေအနက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၈၀ ရမှ မက်ဂွိုင်းယားကို လက်လွှတ်ခံဖို့များနေပြီး အဲဒီသတ်မှတ်ချက်က အဆိုပါအင်္ဂလန်လက်ရွေးစင်အတွက် ယူနိုက်တက်အသင်း ကမ်းလှမ်းခဲ့တဲ့ ပမာဏထက် ပေါင် ၁၀သန်းပိုများနေပါတယ်။
ဝုဒ်ဝက်ဒ်ကလည်း ဆွေးနွေးညှိုနှိုင်းမှုတွေ ပြုလုပ်နိုင်ရေးအတွက် ယူနိုက်တက်အသင်းရဲ့ သြစတြေးလျနဲ့ အာရှရာသီကြိုခြေစမ်းပွဲခရီးစဉ်ကို လိုက်ပါမသွားဘဲ အင်္ဂလန်မှာ ကျန်ရစ်နေခဲ့ပြီး စကိုင်းစပို့တ်သတင်းဌာနရဲ့ဖော်ပြချက်အရ ဝုဒ်ဝက်ဒ်အနေနဲ့ အပြောင်းအရွှေ့ပြီးမြောက်ဖို့သာ ကျန်ရှိတော့ကြောင်း သိရပါတယ်။ မက်ဂွိုင်းယားက လက်စတာအသင်းမှာ ဆက်ကစားရလျှင်လည်း ပျော်ရွှင်စွာလက်သင့်ခံမှာဖြစ်ပေမယ့် တကယ်လို့ ၂သင်းကြား သဘောတူညီမှုရရှိသွားခဲ့ရင် အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။
စီးတီးကလည်း မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်အသင်းလိုမဟုတ်ဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ဆွဲဆောင်နိုင်စွမ်းရှိနေပါတယ်။ စပါးကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ခြေစမ်းပွဲမှာ နောက်ခံလူ ဘိုင်လီ ဒဏ်ရာရရှိသွားခဲ့ပြီးနောက် ဗဟိုနောက်ခံလူတစ်ဦးကို ခေါ်ယူလိုတဲ့ဆိုးလ်ရှားရဲ့ကြိုးစားမှုက ပိုမိုအသက်ဝင်လာနိုင်ပြီး ယူနိုက်တက်အနေနဲ့ ယခုအချိန်အထိ ဒန်နီရယ်ဂျိမ်းစ်နဲ့ ဝမ်ဘစ်ဆာကာတု့ိကို ခေါ်ယူထားပြီးဖြစ်ကာ ဆိုးလ်ရှားက နောက်ထပ်ကစားသမားသစ်မရောက်လာဘဲ ရာသီသစ်ကို စတင်ရမယ်ဆိုရင်လည်း ပြဿနာမရှိကြောင်း ဆိုထားပါတယ်။