ဘာစီလုိနာအသင္းနဲ႔အတူ ၿပိဳင္ပြဲတုိင္းမွာ ဗိုလ္စြဲဖုိ႔ ဂေရ႕ဇ္မန္းေမွ်ာ္မွန္း

0
225

အက္သလက္တီကိုကေန ဘာစီလိုနာကို အၿပီးသတ္ ေျပာင္းေရႊ႕ႏုိင္ခဲ့ၿပီးေနာက္မွာ တုိက္စစ္မွဴး ဂေရ႕ဇ္မန္းက ဘာစီလုိနာအသင္းနဲ႔အတူ ၿပိဳင္ပြဲတုိင္းမွာ အႏုိင္ရဗိုလ္စြဲလိုေၾကာင္းထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ဂေရ႕ဇ္မန္းဟာ အက္သလက္တီကိုအသင္းမွာ ဆုဖလားေအာင္ျမင္မႈေတြနဲ႔ေ၀းကြာေနခဲ့တာေၾကာင့္ ဘာစီလိုနာကိုေျပာင္းေရႊ႕ဖုိ႔ ဆႏၵရိွေနခဲ့ၿပီး ၿပီးခဲ့တဲ့ ဇူလုိင္လ 12 ရက္ေန႔မွာေတာ့ ဘာစီိလုိနာအသင္းကို အၿပီးေျပာင္းေရႊ႕ႏုိင္ခဲ့ပါတယ္။

ဘာစီလိုနာဟာ ဂေရ႕ဇ္မန္းအတြက္ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူရိုသန္း 120 ေပးၿပီးေခၚယူခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာကိုေျပာင္းေရႊ႕လာခဲ့ၿပီးေနာက္မွာေတာ့ ဂေရ႕ဇ္မန္းက “ ဘာစီလိုနာမွာ အသင္းေဖာ္သစ္ေတြနဲ႔အတူ အေကာင္းဆံုးစတင္ဖုိ႔ က်ေတာ္ စိတ္အားထက္သန္ေနပါတယ္။ စိန္ေခၚမႈအသစ္ေတြ ရိွႏိုင္ေပမယ့္ ၿပိဳင္ပြဲတုိင္းမွာ အနုိင္ရဗိုလ္စြဲခ်င္ပါတ္ယ။ အမွတ္ေပးလိဂ္ၿပိဳင္ပြဲ၊ စပိန္ဘုရင့္ဖလားနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြအားလံုးပါပဲ။” လို႔ ေျပာသြားခဲ့တာပါ။

ဒါ့အျပင္ဂေရ႕ဇ္မန္းက ဘာစီလုိနာကိုေျပာင္းေရႊ႕ဖုိ႔အတြက္ ျပင္သစ္အသင္းေဖာ္ေတြျဖစ္တဲ့ အမ္တီတီ၊ ဒမ္ဘီလီတုိ႔ဆီက အႀကံဥာဏ္ေတာင္းခံခဲ့ရတယ္လုိ႔လည္း ထုတ္ေဖာ္ေျပာသြားခဲ့ပါတယ္။ “ ဘာစီလိုနာမွာ ျပင္သစ္အသင္းေဖာ္ေတြျဖစ္တဲ့ ဒမ္ဘီလီ၊အမ္တီတီတုိ႔နဲ႔ ျပန္တြဲကစားရမွာဆုိေတာ့ စိတ္လႈပ္ရွားမိပါတယ္။ သူတို႔နဲ႔က်ေတာ့္ရဲ႕ ဆက္ဆံေရးကလည္း ေကာင္းမြန္ပါတယ္။ သူတုိ႔နဲ႔အတူ ေအာင္ျမင္မႈေတြ ရယူႏုိင္လိမ့္မယ္လုိ႔လည္း ေမွ်ာ္လင့္ထားတယ္။ တကယ္ေတာ့ အက္သလက္တီကိုကေန ထြက္ခြါဖို႔ဆိုတာ တကယ့္ကို ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္တစ္ခုပါ” လို႔ ဂေရ႕ဇ္မန္းက ဆိုပါတယ္။

ဂေရ႕ဇ္မန္းဟာ အက္သလက္တီကိုအသင္းမွာ 5 ရာသီၾကာကစားခဲ့ၿပီး ယူရိုပါလိဂ္ေအာင္ျမင္မႈတစ္ခုသာ ရယူႏုိင္ခဲ့ပါတယ္။ ဘာစီလိုနာကို ဂေရ႕ဇ္မန္းေျပာင္းေရႊ႕သြားခဲ့လို႔ အက္သလက္တီကို ပရိသတ္ေတြ ေဒါသထြက္ေပါက္ကြဲခဲ့ၾကၿပီး ၀မ္ဒါမက္ထရိုပိုလီတာႏုိကြင္းႀကီးေရွ႕မွာ ဂေရ႕ဇ္မန္းနာမည္ေရးထုိးထားတဲ့ ပလိတ္ျပားကို အက္သလက္တီကိုအသင္းလိုဂိုေတြနဲ႔ ဖံုးအုပ္ဖ်က္ဆီးခဲ့ၾကတယ္လုိ႔ သိရပါတယ္။

[Unicode]

ဘာစီလိုနာအသင်းနဲ့အတူ ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲဖို့ ဂရေ့ဇ်မန်းမျှော်မှန်း
==================================

အက်သလက်တီကိုကနေ ဘာစီလိုနာကို အပြီးသတ် ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက်မှာ တိုက်စစ်မှူး ဂရေ့ဇ်မန်းက ဘာစီလိုနာအသင်းနဲ့အတူ ပြိုင်ပွဲတိုင်းမှာ အနိုင်ရဗိုလ်စွဲလိုကြောင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဂရေ့ဇ်မန်းဟာ အက်သလက်တီကိုအသင်းမှာ ဆုဖလားအောင်မြင်မှုတွေနဲ့ဝေးကွာနေခဲ့တာကြောင့် ဘာစီလိုနာကိုပြောင်းရွှေ့ဖို့ ဆန္ဒရှိနေခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ 12 ရက်နေ့မှာတော့ ဘာစီလိုနာအသင်းကို အပြီးပြောင်းရွှေ့နိုင်ခဲ့ပါတယ်။

ဘာစီလိုနာဟာ ဂရေ့ဇ်မန်းအတွက် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း 120 ပေးပြီးခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာကိုပြောင်းရွှေ့လာခဲ့ပြီးနောက်မှာတော့ ဂရေ့ဇ်မန်းက “ ဘာစီလိုနာမှာ အသင်းဖော်သစ်တွေနဲ့အတူ အကောင်းဆုံးစတင်ဖို့ ကျတော် စိတ်အားထက်သန်နေပါတယ်။ စိန်ခေါ်မှုအသစ်တွေ ရှိနိုင်ပေမယ့် ပြိုင်ပွဲတိုင်းမှာ အနိုင်ရဗိုလ်စွဲချင်ပါတ်ယ။ အမှတ်ပေးလိဂ်ပြိုင်ပွဲ၊ စပိန်ဘုရင့်ဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေအားလုံးပါပဲ။” လို့ ပြောသွားခဲ့တာပါ။

ဒါ့အပြင်ဂရေ့ဇ်မန်းက ဘာစီလိုနာကိုပြောင်းရွှေ့ဖို့အတွက် ပြင်သစ်အသင်းဖော်တွေဖြစ်တဲ့ အမ်တီတီ၊ ဒမ်ဘီလီတို့ဆီက အကြံဉာဏ်တောင်းခံခဲ့ရတယ်လို့လည်း ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ “ ဘာစီလိုနာမှာ ပြင်သစ်အသင်းဖော်တွေဖြစ်တဲ့ ဒမ်ဘီလီ၊အမ်တီတီတို့နဲ့ ပြန်တွဲကစားရမှာဆိုတော့ စိတ်လှုပ်ရှားမိပါတယ်။ သူတို့နဲ့ကျတော့်ရဲ့ ဆက်ဆံရေးကလည်း ကောင်းမွန်ပါတယ်။ သူတို့နဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားတယ်။ တကယ်တော့ အက်သလက်တီကိုကနေ ထွက်ခွါဖို့ဆိုတာ တကယ့်ကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ” လို့ ဂရေ့ဇ်မန်းက ဆိုပါတယ်။

ဂရေ့ဇ်မန်းဟာ အက်သလက်တီကိုအသင်းမှာ 5 ရာသီကြာကစားခဲ့ပြီး ယူရိုပါလိဂ်အောင်မြင်မှုတစ်ခုသာ ရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာကို ဂရေ့ဇ်မန်းပြောင်းရွှေ့သွားခဲ့လို့ အက်သလက်တီကို ပရိသတ်တွေ ဒေါသထွက်ပေါက်ကွဲခဲ့ကြပြီး ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းကြီးရှေ့မှာ ဂရေ့ဇ်မန်းနာမည်ရေးထိုးထားတဲ့ ပလိတ်ပြားကို အက်သလက်တီကိုအသင်းလိုဂိုတွေနဲ့ ဖုံးအုပ်ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။