ဘာစီလုိနာရဲ႕က်ိန္စာသင့္ေက်ာနံပါတ္ကိုမွ ေရြးခ်ယ္မိသြားတဲ့ ဂရစ္ဇ္မန္း

ဂရစ္ဇ္မန္းဟာ ေက်ာနံပါတ္ ၇ ၀တ္ဆင္ၿပီး အက္သလက္တီကိုမွာ နာမည္ႀကီးလာခဲ့တာေၾကာင့္ ဘာစီလုိနာမွာလည္း အဲဒီနံပါတ္နဲ႔ပဲကစားမယ္လုိ႔ ထင္မွတ္ခဲ့ၾကတာပါ။ ဒါေပမဲ့ လက္ရွိဘာစီလုိနာမွာ အဲဒီေက်ာနံပါတ္ကို ေကာင္တင္ဟိုက ၀တ္ဆင္ကစားေနတာျဖစ္လုိ႔ ဂရစ္ဇ္မန္းအတြက္ ေရြးခ်ယ္ခြင့္မႀကဳံခဲ့ပါဘူး။ အဲဒီအစား သူဟာ ေက်ာနံပါတ္ ၁၇ ကိုသာ ေရြးခ်ယ္ခဲ့ပါတယ္။ အဲဒီဆုံးျဖတ္ခ်က္ဟာ သူ႔အတြက္ ေနာင္တရစရာျဖစ္လာႏိုင္ပါတယ္။

photo-gettyimages

ဘာေၾကာင့္လဲဆိုေတာ့ ေက်ာနံပါတ္ ၁၇ ဟာ ဘာစီလုိနာမွာ က်ိန္စာသင့္နံပါတ္လုိ ျဖစ္ေနခဲ့တာပါ။ မၾကာေသးခင္ႏွစ္ေတြမွာ အဲဒီေက်ာနံပါတ္ကို ၀တ္ဆင္ခဲ့တဲ့ဘယ္ဘာစီလုိနာကစားသမားကမွ အဆင္ေျပျခင္းမရွိခဲ့ပါဘူး။ ဒီေနရာမွာ ေက်ာနံပါတ္ ၁၇ နဲ႔ ေအာင္ျမင္ခဲ့ၾကတဲ့ ပတ္ဒရိုနဲ႔ဗန္ဘြန္မဲလ္တို႔က ခၽြင္းခ်က္လို႔ ဆိုႏိုင္ေပမယ့္ သူတုိ႔ႏွစ္ေယာက္ဟာလည္း အရမ္းႀကီးထြန္းေပါက္ခဲ့တာ မဟုတ္ပါဘူး။ အဲဒီေက်ာနံပါတ္ကို ေနာက္ဆုံး၀တ္ဆင္ခဲ့သူက ၿပီးခဲ့တဲ့ရာသီမွာ ဗလင္စီယာကေန အငွားလာကစားတဲ့ ေနာက္ခံလူမူရီလုိျဖစ္ကာ အဲဒီကိုလံဘီယာသားဟာ ၄ ပြဲသာကစားခဲ့ရၿပီး ေနာက္ဆုံးအငွားစာခ်ဳပ္ဖ်က္သိမ္းရတဲ့ဘ၀ ေရာက္ခဲ့ပါတယ္။

photo-gettyimages

မူရီလုိအရင္ ၀တ္ဆင္ခဲ့သူက တိုက္စစ္မႈးအယ္ကာဆာျဖစ္ၿပီး ဘာစီလုိနာအတြက္ သူ႔ရဲ႕စိတ္ပ်က္ဖြယ္ႏွစ္ရာသီမွာ ၁၅ ဂိုးသာသြင္းႏို္င္ခဲ့ကာ အခုေတာ့ ေဒ့ါမန္မွာ သြားကစားေနရပါတယ္။ သူ႔အရင္ မူနီယာ၀တ္ဆင္ခဲ့ေပမယ့္ အနည္းငယ္သာေအာင္ျမင္ခဲ့ၿပီး အခ်ိန္တန္ေတာ့ သူလည္း လစ္ရတာပါပဲ။ အဲဒီေက်ာနံပါတ္နဲ႔ အဆုိးဆုံးဘာစီလုိနာကစာသမားကေတာ့ ကြငး္လယ္လူအလက္ဇန္ဒါးေဆာင္း ျဖစ္ပါလိမ့္မယ္။ အဲဒီကင္မရြန္းသားဟာ ဘာစီလုိနာသမိုင္းရဲ႕အႀကီးဆုံးအေျပာင္းအေရႊ႕အမွားေတြထဲက တစ္ခုအျဖစ္ အၿမဲသတ္မွတ္ခံခဲ့ရတာပါ။ အဲဒီက်ိိန္စာသင့္မႈဟာ ဂရစ္ဇ္မန္းေရာက္လာခ်ိန္မွာလည္း ဆက္ရွိေနဦးမလားဆုိတာကိုေတာ့ ေစာင့္ၾကည့္ရပါေတာ့မယ္။ တကယ္လုိ႔ ခ်ဲလ္ဆီးက နံပါတ္ ၉ က်ိန္စာအတုိင္းသာျဖစ္မယ္ဆိုရင္ ဂရစ္ဇ္မန္းအတြက္ ခက္ခဲတဲ့အခ်ိန္ကာလတစ္ခုျဖစ္လာႏိုင္ပါတယ္။

[Unicode]

ဂရစ်ဇ်မန်းဟာ ကျောနံပါတ် ၇ ဝတ်ဆင်ပြီး အက်သလက်တီကိုမှာ နာမည်ကြီးလာခဲ့တာကြောင့် ဘာစီလိုနာမှာလည်း အဲဒီနံပါတ်နဲ့ပဲကစားမယ်လို့ ထင်မှတ်ခဲ့ကြတာပါ။ ဒါပေမဲ့ လက်ရှိဘာစီလိုနာမှာ အဲဒီကျောနံပါတ်ကို ကောင်တင်ဟိုက ဝတ်ဆင်ကစားနေတာဖြစ်လို့ ဂရစ်ဇ်မန်းအတွက် ရွေးချယ်ခွင့်မကြုံခဲ့ပါဘူး။ အဲဒီအစား သူဟာ ကျောနံပါတ် ၁၇ ကိုသာ ရွေးချယ်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ သူ့အတွက် နောင်တရစရာဖြစ်လာနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျောနံပါတ် ၁၇ ဟာ ဘာစီလိုနာမှာ ကျိန်စာသင့်နံပါတ်လို ဖြစ်နေခဲ့တာပါ။ မကြာသေးခင်နှစ်တွေမှာ အဲဒီကျောနံပါတ်ကို ဝတ်ဆင်ခဲ့တဲ့ဘယ်ဘာစီလိုနာကစားသမားကမှ အဆင်ပြေခြင်းမရှိခဲ့ပါဘူး။ ဒီနေရာမှာ ကျောနံပါတ် ၁၇ နဲ့ အောင်မြင်ခဲ့ကြတဲ့ ပတ်ဒရိုနဲ့ဗန်ဘွန်မဲလ်တို့က ချွင်းချက်လို့ ဆိုနိုင်ပေမယ့် သူတို့နှစ်ယောက်ဟာလည်း အရမ်းကြီးထွန်းပေါက်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီကျောနံပါတ်ကို နောက်ဆုံးဝတ်ဆင်ခဲ့သူက ပြီးခဲ့တဲ့ရာသီမှာ ဗလင်စီယာကနေ အငှားလာကစားတဲ့ နောက်ခံလူမူရီလိုဖြစ်ကာ အဲဒီကိုလံဘီယာသားဟာ ၄ ပွဲသာကစားခဲ့ရပြီး နောက်ဆုံးအငှားစာချုပ်ဖျက်သိမ်းရတဲ့ဘ၀ ရောက်ခဲ့ပါတယ်။

မူရီလိုအရင် ဝတ်ဆင်ခဲ့သူက တိုက်စစ်မှုးအယ်ကာဆာဖြစ်ပြီး ဘာစီလိုနာအတွက် သူ့ရဲ့စိတ်ပျက်ဖွယ်နှစ်ရာသီမှာ ၁၅ ဂိုးသာသွင်းနိုင်ခဲ့ကာ အခုတော့ ဒေ့ါမန်မှာ သွားကစားနေရပါတယ်။ သူ့အရင် မူနီယာဝတ်ဆင်ခဲ့ပေမယ့် အနည်းငယ်သာအောင်မြင်ခဲ့ပြီး အချိန်တန်တော့ သူလည်း လစ်ရတာပါပဲ။ အဲဒီကျောနံပါတ်နဲ့ အဆိုးဆုံးဘာစီလိုနာကစာသမားကတော့ ကွင်းလယ်လူအလက်ဇန်ဒါးဆောင်း ဖြစ်ပါလိမ့်မယ်။ အဲဒီကင်မရွန်းသားဟာ ဘာစီလိုနာသမိုင်းရဲ့အကြီးဆုံးအပြောင်းအရွှေ့အမှားတွေထဲက တစ်ခုအဖြစ် အမြဲသတ်မှတ်ခံခဲ့ရတာပါ။ အဲဒီကျိန်စာသင့်မှုဟာ ဂရစ်ဇ်မန်းရောက်လာချိန်မှာလည်း ဆက်ရှိနေဦးမလားဆိုတာကိုတော့ စောင့်ကြည့်ရပါတော့မယ်။ တကယ်လို့ ချဲလ်ဆီးက နံပါတ် ၉ ကျိန်စာအတိုင်းသာဖြစ်မယ်ဆိုရင် ဂရစ်ဇ်မန်းအတွက် ခက်ခဲတဲ့အချိန်ကာလတစ်ခုဖြစ်လာနိုင်ပါတယ်။