ဘာစီလုိနာမွာ ေက်ာနံပါတ္ ၁၇ ၀တ္ဆင္ကစားမယ့္ ဂရစ္ဇ္မန္း

Photo Credit

Photo Credit

ဘာစီလုိနာအသင္းဟာ ကစားသမားသစ္ ဂရစ္ဇ္မန္းကို ေက်ာနံပါတ္ ၁၇အက်ႌ ေပးအပ္ခဲ့ေၾကာင္း သိရပါတယ္။ ျပင္သစ္အသင္းနဲ႔အတူ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္ခဲ့တဲ့ ဂရစ္ဇ္မန္းဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔က အက္သလက္တီကိုကေန ဘာစီလုိနာအသင္းထံ ေပါင္ ၁၀၇သန္းနဲ႔ ေရာက္ရွိလာခ့ဲသူျဖစ္ၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ကလပ္နဲ႔လက္ေရြးစင္အသင္းမွာ ၀တ္ဆင္ကစားတဲ့ ေက်ာနံပါတ္ ၇အက်ႌကို ဘရာဇီးလက္ေရြးစင္ ေကာ္တင္ညိဳထံကေန လႊဲေျပာင္းရယူလိမ့္မယ္လုိ႔ သုံးသပ္ေဖာ္ျပခဲ့ၾကပါတယ္။

Photo Credit

ေကာ္တင္ညိဳရဲ႕ဘာစီလုိနာအသင္းအနာဂတ္က မေသမခ်ာျဖစ္ေနၿပီး တကယ္လုိ႔ ေက်ာနံပါတ္ ၇ကိုသာ ဂရစ္ဇ္မန္းထံ လႊဲေျပာင္းေပးအပ္ရရင္ သူလည္း ယခုေႏြရာသီအတြင္း အသင္းေျပာင္းေရႊ႕မွာ ေသခ်ာသေလာက္ျဖစ္သြားႏိုင္ပါတယ္။ ဒါေပမဲ့ ဂရစ္ဇ္မန္းဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ပရိသတ္ေတြနဲ႔မိတ္ဆက္ပြဲက်င္းပျပဳလုပ္ခဲ့ၿပီး အသင္းဥကၠ႒ ဘာတိုမူက သူ႕ကို ေက်ာနံပါတ္ ၁၇ အက်ႌေပးအပ္ခဲ့ပါတယ္။

Photo Credit

ဂရစ္ဇ္မန္းဟာ ဘာစီလုိနာအသင္းနဲ႔ ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တာျဖစ္ၿပီး အခုေတာ့ ရာသီႀကိဳေလ့က်င့္ခန္းဆင္းဖုိ႔အတြက္ အသင္းေဖာ္သစ္ေတြဆီ သြားေရာက္ပူးေပါင္းေတာ့မွာျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ေကာ္တင္ညိဳရဲ႕ေအးဂ်င့္ျဖစ္သူက လီဗာပူးကြင္းလယ္လူေဟာင္းအေနနဲ႔ ႏူးကမ့္အေျခစုိက္အသင္းမွာပဲ ဆက္ကစားဖြယ္ရိွေနေၾကာင္း ေျပာၾကားလုိက္ပါတယ္။

Photo Credit

Unicode

ဘာစီလိုနာမှာ ကျောနံပါတ် ၁၇ ဝတ်ဆင်ကစားမယ့် ဂရစ်ဇ်မန်း

ဘာစီလိုနာအသင်းဟာ ကစားသမားသစ် ဂရစ်ဇ်မန်းကို ကျောနံပါတ် ၁၇အင်္ကျီ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့သောကြာနေ့က အက်သလက်တီကိုကနေ ဘာစီလိုနာအသင်းထံ ပေါင် ၁၀၇သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး သတင်းတွေရဲ့ဖော်ပြချက်အရ ကလပ်နဲ့လက်ရွေးစင်အသင်းမှာ ဝတ်ဆင်ကစားတဲ့ ကျောနံပါတ် ၇အင်္ကျီကို ဘရာဇီးလက်ရွေးစင် ကော်တင်ညိုထံကနေ လွှဲပြောင်းရယူလိမ့်မယ်လို့ သုံးသပ်ဖော်ပြခဲ့ကြပါတယ်။
ကော်တင်ညိုရဲ့ဘာစီလိုနာအသင်းအနာဂတ်က မသေမချာဖြစ်နေပြီး တကယ်လို့ ကျောနံပါတ် ၇ကိုသာ ဂရစ်ဇ်မန်းထံ လွှဲပြောင်းပေးအပ်ရရင် သူလည်း ယခုနွေရာသီအတွင်း အသင်းပြောင်းရွှေ့မှာ သေချာသလောက်ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပရိသတ်တွေနဲ့မိတ်ဆက်ပွဲကျင်းပပြုလုပ်ခဲ့ပြီး အသင်းဥက္ကဋ္ဌ ဘာတိုမူက သူ့ကို ကျောနံပါတ် ၁၇ အင်္ကျီပေးအပ်ခဲ့ပါတယ်။
ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အခုတော့ ရာသီကြိုလေ့ကျင့်ခန်းဆင်းဖို့အတွက် အသင်းဖော်သစ်တွေဆီ သွားရောက်ပူးပေါင်းတော့မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကော်တင်ညိုရဲ့အေးဂျင့်ဖြစ်သူက လီဗာပူးကွင်းလယ်လူဟောင်းအနေနဲ့ နူးကမ့်အခြေစိုက်အသင်းမှာပဲ ဆက်ကစားဖွယ်ရှိနေကြောင်း ပြောကြားလိုက်ပါတယ်။