ဘာကာယိုကိုနဲ႔ ဒရင့္၀ါးတား တို႔ကိုလူစားသြင္းခဲ့တဲ႔အေပၚ ခ်ဲလ္ဆီးပရိသတ္ေတြမေက်နပ္

ကာ၀ါဆာကီဖရြန္တာလီ နဲ႔ေျခစမ္းခဲ့တဲ႔ ပြဲစဥ္မွာ ဘာကာယိုကိုနဲ႔ ဒရင့္၀ါးတားတို႔ကိုလူစားသြင္းခဲ့တဲ႔အေပၚ ခ်ဲလ္ဆီးပရိသတ္ေတြက မေက်မနပ္ျဖစ္ေနၿပီး နည္းျပလမ္းပတ္ကိုေ၀ဖန္မႈအခ်ဳိ႕ျပဳလုပ္ေနၾကတယ္လို႔ သိရပါတယ္။ ဒီပြဲမွာ ခ်ဲလ္ဆီးဟာေျခစြမ္းမျပႏိုင္ခဲ့ဘဲ ၁-၀ နဲ႔ရႈံးခဲ့ရတာျဖစ္ပါတယ္။

ဒုတိယပိုင္းစတင္ၿပီးတဲ႔အထိ ဂိုးမရွိသေရက်ေနတဲ႔အတြက္ အသင္းကိုအေျပာင္းအလဲလုပ္တဲ႔အေနနဲ႔ ပြဲခ်ိန္ ၅၆ မိနစ္မွာ ေဂ်ာ္ဂ်င္ဟိုနဲ႔ ကိုဗာဆစ္တို႔ကိုထုတ္ၿပီး ဘာကာယိုကိုနဲ႔ ဒရင့္၀ါးတားတို႔ကိုလူစားလဲခဲ့တာပါ။ ဒါေပမယ္႔ အေျခအေနပိုဆိုးသြားၿပီး ၈၆ မိနစ္မွာ ဒါမီယာအိုက ကာ၀ါဆာကီအတြက္အႏိုင္ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

ဘာကာယိုကိုဟာၿပီးခဲ့တဲ႔ ရာသီတုန္းကေအစီမီလန္ဆီအငွားသြားကစားခဲ့ရၿပီး ဆိုးရြားတဲ႔အေျခအေနနဲ႔ႀကံဳခဲ့ရေသးသလို ဒရင့္၀ါးတား ဆိုရင္လည္းၿပီးခဲ့တဲ႔ ရာသီတုန္းက နည္းျပဆာရီလက္ထက္မွာ ၂ မိနစ္သာကစားခဲ့ရတာပါ။ ဒီ ၂ မိနစ္ကလည္း ရာသီအဖြင့္ မန္စီးတီးနဲ႔ ကစားခဲ့တဲ႔ ကြန္ျမဴ နတီဒိုင္းပြဲဘဲျဖစ္ပါတယ္။

သူတို႔၀င္လာၿပီးခ်ိန္မွာခ်ဲလ္ဆီးရဲ႕ ေျခစြမ္းပိုဆိုးသြားတဲ႔အတြက္ ပရိသတ္ေတြကမေက်မနပ္ျဖစ္ေနၿပီး တြစ္တာေပၚကေနေ၀ဖန္မႈေတြျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။ အသုံးျပဳသူတစ္ဦးကဆိုရင္ ဘာကာယိုကိုနဲ႔ ဒရင့္၀ါးတားတို႔၀င္လာလို႔ တီဗီပိတ္လိုက္တယ္လို႔ ေရးသားသြားပါတယ္။

အျခားအသုံးျပဳသူေတြကေတာ႔ “ေဂ်ာ္ဂ်င္ဟိုနဲ႔ ကိုဗာဆစ္ေနရာမွာ ဘာကာယိုကိုနဲ႔ ဒရင့္၀ါးတားလား..အဆင့္အတန္းက်သြားတာကိုဘဲေျပာရေတာ႔မယ္” “သူတို႔ႏွစ္ဦးကို ကြင္းလယ္မွာတည္ၿပီးကစားတာဟာ က်ဳပ္လိုျမင္ခ်င္တဲ႔အရာမဟုတ္ဘူး” စသည္ျဖင့္ေဖာ္ျပသြားၾကပါတယ္။

Unicode

ဘာကာယိုကိုနဲ့ ဒရင့်ဝါးတား တို့ကိုလူစားသွင်းခဲ့တဲ့အပေါ် ချဲလ်ဆီးပရိသတ်တွေမကျေနပ်
ကာဝါဆာကီဖရွန်တာလီ နဲ့ခြေစမ်းခဲ့တဲ့ ပွဲစဉ်မှာ ဘာကာယိုကိုနဲ့ ဒရင့်ဝါးတားတို့ကိုလူစားသွင်းခဲ့တဲ့အပေါ် ချဲလ်ဆီးပရိသတ်တွေက မကျေမနပ်ဖြစ်နေပြီး နည်းပြလမ်းပတ်ကိုဝေဖန်မှုအချို့ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးဟာခြေစွမ်းမပြနိုင်ခဲ့ဘဲ ၁-၀ နဲ့ရှုံးခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်းစတင်ပြီးတဲ့အထိ ဂိုးမရှိသရေကျနေတဲ့အတွက် အသင်းကိုအပြောင်းအလဲလုပ်တဲ့အနေနဲ့ ပွဲချိန် ၅၆ မိနစ်မှာ ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ်တို့ကိုထုတ်ပြီး ဘာကာယိုကိုနဲ့ ဒရင့်ဝါးတားတို့ကိုလူစားလဲခဲ့တာပါ။ ဒါပေမယ့် အခြေအနေပိုဆိုးသွားပြီး ၈၆ မိနစ်မှာ ဒါမီယာအိုက ကာဝါဆာကီအတွက်အနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ဘာကာယိုကိုဟာပြီးခဲ့တဲ့ ရာသီတုန်းကအေစီမီလန်ဆီအငှားသွားကစားခဲ့ရပြီး ဆိုးရွားတဲ့အခြေအနေနဲ့ကြုံခဲ့ရသေးသလို ဒရင့်ဝါးတား ဆိုရင်လည်းပြီးခဲ့တဲ့ ရာသီတုန်းက နည်းပြဆာရီလက်ထက်မှာ ၂ မိနစ်သာကစားခဲ့ရတာပါ။ ဒီ ၂ မိနစ်ကလည်း ရာသီအဖွင့် မန်စီးတီးနဲ့ ကစားခဲ့တဲ့ ကွန်မြူ နတီဒိုင်းပွဲဘဲဖြစ်ပါတယ်။

သူတို့ဝင်လာပြီးချိန်မှာချဲလ်ဆီးရဲ့ ခြေစွမ်းပိုဆိုးသွားတဲ့အတွက် ပရိသတ်တွေကမကျေမနပ်ဖြစ်နေပြီး တွစ်တာပေါ်ကနေဝေဖန်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အသုံးပြုသူတစ်ဦးကဆိုရင် ဘာကာယိုကိုနဲ့ ဒရင့်ဝါးတားတို့ဝင်လာလို့ တီဗီပိတ်လိုက်တယ်လို့ ရေးသားသွားပါတယ်။

အခြားအသုံးပြုသူတွေကတော့ “ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ်နေရာမှာ ဘာကာယိုကိုနဲ့ ဒရင့်ဝါးတားလား..အဆင့်အတန်းကျသွားတာကိုဘဲပြောရတော့မယ်” “သူတို့နှစ်ဦးကို ကွင်းလယ်မှာတည်ပြီးကစားတာဟာ ကျုပ်လိုမြင်ချင်တဲ့အရာမဟုတ်ဘူး” စသည်ဖြင့်ဖော်ပြသွားကြပါတယ်။