ဘရူႏိုဖာနန္ဒက္စ္ မန္ယူေျပာင္းမွာကို စိုးရိမ္မိတယ္လို႔ ဂ်ာဂင္ကေလာ႔ပ္ေျပာ

လီဗာပူးအသင္းနည္းျပ ဂ်ာဂင္ကေလာ႔ပ္က စပို႔တင္းလစၥဘြန္းကြင္းလယ္လူ ဘရူႏိုဖာနန္ဒက္စ္ မန္ယူအသင္းကိုေရာက္ရွိမယ္႔အေပၚစိုးရိမ္မိတယ္လို႔ ေျပာလိုက္ပါတယ္။ မန္ယူဟာ ဖာနန္ဒက္စ္ကို ေခၚယူဖို႔ စိတ္၀င္စားေနၿပီး သိပ္မၾကာခင္မွာေရာက္ရွိလာမယ္လို႔ ထင္ေၾကးေပးခံေနရပါတယ္။

အသက္ ၂၄ ႏွစ္သာရွိေသးတဲ႔ ဖာနန္ဒက္စ္ဟာ စပို႔တင္းနဲဲ႔လီဗာပူးတို႔ ၂-၂ သေရက်ခဲ့တဲ႔ပြဲစဥ္မွာ ေျခစြမ္းျပခဲ့သူျဖစ္ၿပီး ကိုယ္တိုင္တစ္ဂိုးသြင္းကာ တစ္ဂိုးဖန္တီးေပးႏိုင္ခဲ့သူျဖစ္ပါတယ္။ ၿပီးခဲ့တဲ႔ ရာသီကစပို႔တင္းလစၥဘြန္းအတြက္ေျခစြမ္းျပခဲ့တဲ႔ ဖာနန္ဒက္စ္ဟာ အခုေႏြရာသီေျခစမ္းပြဲေတြမွာလည္း ေတာက္ေလွ်ာက္ေျခစြမ္းျပေနသူပါ။

ဒါေၾကာင့္္လည္း ကေလာ႔ပ္က ဖာနန္ဒက္စ္သာေရာက္လာရင္ လီဗာပူးအတြက္မေကာင္းဘူးလို႔ ေျပာသြားတာပါ။ သူက”ဖာနန္ဒက္စ္ဟာ တကယ္႔ကစားသမားေကာင္းျဖစ္လို႔ သူသာမန္ယူေရာက္မယ္ဆိုရင္ က်ြန္ေတာ္တို႔အတြက္မေကာင္းပါဘူး။ မန္ယူမွာက ကစားသမားေကာင္းအခ်ဳိ႕ရွိထားၿပီးျဖစ္လို႔ ဖာနန္ဒက္စ္သာေရာက္သြားရင္ ပိုၿပီးအင္အားေတာင့္တင္းသြားမွာပါ။

ဒါဟာက်ြန္ေတာ္တို႔အတြက္မေကာင္းပါဘူး။ အရိုးသားဆုံးေျပာရရင္သူ႔ကို မန္ယူဆီမေရာက္ေစခ်င္ေပမယ္႔ မန္ယူရဲ႕အေျပာင္းအေရႊ႕ကိစၥကိုသြားၿပီး စိုးမိုးလို႔မရပါဘူး” လို႔ေျပာသြားပါတယ္။ ဖာနန္ဒက္စ္ဟာလီဗာပူးနဲ႔ပြဲမွာေျခစြမ္းဆက္ျပႏိုင္မႈေၾကာင့္ သူ႔ကိုဥေရာပရဲ႕ထိပ္တန္းကြင္းလယ္လူတစ္ဦးအျဖစ္လည္း သတ္မွတ္ေနၾကပါတယ္။

မန္ယူဟာမၾကာေသးခင္ ဖာနန္ဒက္စ္ကိုေပါင္ ၅၆ သန္းနဲ႔ကမ္းလွမ္းခဲ့ေပမယ္႔ စပို႔တင္းဘက္က ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ စပို႔တင္းဟာသူ႔အတြက္ အနည္းဆုံးေပါင္ ၆၇ သန္းနဲ႔သန္း ၇၀ အၾကားရရွိလိုေနတာျဖစ္ပါတယ္။

Unicode

ဘရူနိုဖာနန်ဒက်စ် မန်ယူပြောင်းမှာကို စိုးရိမ်မိတယ်လို့ ဂျာဂင်ကလော့ပ်ပြော
လီဗာပူးအသင်းနည်းပြ ဂျာဂင်ကလော့ပ်က စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် မန်ယူအသင်းကိုရောက်ရှိမယ့်အပေါ်စိုးရိမ်မိတယ်လို့ ပြောလိုက်ပါတယ်။ မန်ယူဟာ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သိပ်မကြာခင်မှာရောက်ရှိလာမယ်လို့ ထင်ကြေးပေးခံနေရပါတယ်။

အသက် ၂၄ နှစ်သာရှိသေးတဲ့ ဖာနန်ဒက်စ်ဟာ စပို့တင်းနဲ့လီဗာပူးတို့ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး ကိုယ်တိုင်တစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီကစပို့တင်းလစ္စဘွန်းအတွက်ခြေစွမ်းပြခဲ့တဲ့ ဖာနန်ဒက်စ်ဟာ အခုနွေရာသီခြေစမ်းပွဲတွေမှာလည်း တောက်လျှောက်ခြေစွမ်းပြနေသူပါ။

ဒါကြောင့်လည်း ကလော့ပ်က ဖာနန်ဒက်စ်သာရောက်လာရင် လီဗာပူးအတွက်မကောင်းဘူးလို့ ပြောသွားတာပါ။ သူက”ဖာနန်ဒက်စ်ဟာ တကယ့်ကစားသမားကောင်းဖြစ်လို့ သူသာမန်ယူရောက်မယ်ဆိုရင် ကျွန်တော်တို့အတွက်မကောင်းပါဘူး။ မန်ယူမှာက ကစားသမားကောင်းအချို့ရှိထားပြီးဖြစ်လို့ ဖာနန်ဒက်စ်သာရောက်သွားရင် ပိုပြီးအင်အားတောင့်တင်းသွားမှာပါ။

ဒါဟာကျွန်တော်တို့အတွက်မကောင်းပါဘူး။ အရိုးသားဆုံးပြောရရင်သူ့ကို မန်ယူဆီမရောက်စေချင်ပေမယ့် မန်ယူရဲ့အပြောင်းအရွှေ့ကိစ္စကိုသွားပြီး စိုးမိုးလို့မရပါဘူး” လို့ပြောသွားပါတယ်။ ဖာနန်ဒက်စ်ဟာလီဗာပူးနဲ့ပွဲမှာခြေစွမ်းဆက်ပြနိုင်မှုကြောင့် သူ့ကိုဥရောပရဲ့ထိပ်တန်းကွင်းလယ်လူတစ်ဦးအဖြစ်လည်း သတ်မှတ်နေကြပါတယ်။

မန်ယူဟာမကြာသေးခင် ဖာနန်ဒက်စ်ကိုပေါင် ၅၆ သန်းနဲ့ကမ်းလှမ်းခဲ့ပေမယ့် စပို့တင်းဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။ စပို့တင်းဟာသူ့အတွက် အနည်းဆုံးပေါင် ၆၇ သန်းနဲ့သန်း ၇၀ အကြားရရှိလိုနေတာဖြစ်ပါတယ်။