ဖာနန္ဒက္စ္အတြက္ ေျပာင္းေရႊ႕ေၾကးကိုေတာင္ သေဘာတူညီခ်က္မရေသးဘူးလို႔ဆို

စပို႔တင္းလစၥဘြန္းကြင္းလယ္လူ ဘရူႏိုဖာနန္ဒက္စ္ဟာ မန္ယူနဲ႔ေဆးစစ္ေတာ႔မယ္ဆိုတာမဟုတ္ဘဲ ကလပ္ႏွစ္ခုၾကာမွာ ေျပာင္းေရႊ႕ေၾကးကိုေတာင္သေဘာတူညီခ်က္မရေသးဘူးလို႔ အဂၤလိပ္သတင္းစာအခ်ဳိ႕ကေဖာ္ျပသြားပါတယ္။

မန္ယူဟာ ဖာနန္ဒက္စ္ကိုေပါင္ ၆၂ သန္းနဲ႔ေခၚယူဖို႔သေဘာတူညီခ်က္ရရွိသြားၿပီျဖစ္လို႔ သူဟာေဆးစစ္ဖို႔မန္ယူကိုလာေတာ႔မယ္လို႔ အေစာပိုင္းသတင္းေတြမွာေဖာ္ျပခဲ့ၾကပါတယ္။ ဒါေပမယ္႔လည္း Daily Express သတင္းစာႀကီးကေတာ႔ ဖာနန္ဒက္စ္ၿဗိတိန္ကိုလာဖို႔စီစဥ္ထားတာဟာ မန္ယူနဲ႔ေဆးစစ္ဖို႔မဟုတ္ဖူးလို႔ ေဖာ္ျပသြားခဲ့ပါတယ္။

သူဘာေၾကာင့္လာသလဲဆိုတာကို မသိရေသးေပမယ္႔ မန္ယူနဲ႔စပို႔တင္းလစၥဘြန္းတို႔အၾကား ေျပာင္းေရႊ႕ေၾကးကိုေတာင္ သေဘာတူညီခ်က္မရေသးဘူးလို႔  အဲဒီသတင္းစာကေဖာ္ျပသြားပါတယ္။ ဒါေၾကာင့္ ဖာနန္ဒက္စ္ကို လာမယ္႔ၾသဂုတ္ ၈ ရက္မွာေစ်းကြက္မပိတ္ခင္ မန္ယူေခၚယူႏိုင္မလားဆိုတာေစာင့္ၾကည့္ရဦးမယ္လို႔ ဆိုၾကပါတယ္။

ေႏြရာသီေစ်းကြက္ဟာ ၾသဂုတ္ ၃၁ ေရာက္မွတရား၀င္ပိတ္သိမ္းမွာျဖစ္ေပမယ္႔ ပရီးမီးယားလိဂ္ကေတာ႔ ရာသီသစ္မစခင္မွာ ေစ်းကြက္ပိတ္မွာျဖစ္လို႔ ၿပိဳင္ပြဲမစခင္တစ္ရက္အလိုမွာပိတ္မွာျဖစ္ပါတယ္။ မန္ယူဟာဒီႏွစ္ေႏြရာသီေစ်းကြက္ထဲမွာ ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ ၀မ္ဘစ္ဆာကာတို႔ကိုဘဲ ေခၚယူထားပါေသးတယ္။

အသက္ ၂၄ ႏွစ္သာရွိေသးတဲ႔ ဖာနန္ဒက္စ္ဟာကြင္းလယ္လူျဖစ္ေပမယ္႔ ၿပီးခဲ့တဲ႔ရာသီကစပို႔တင္းအတြက္ ၃၁ ဂိုးသြင္းယူခဲ့ၿပီး ၁၈ ဂိုးဖန္တီးေပးခဲ့လို႔ ဥေရာပမွာထြန္းေတာက္လာတဲ႔သူတစ္ဦးျဖစ္ၿပီး ထိပ္တန္းအသင္းႀကီးေတြကေခၚယူဖို႔မ်က္စိက်ေနသူျဖစ္ပါတယ္။

Unicode

ဖာနန်ဒက်စ်အတွက် ပြောင်းရွှေ့ကြေးကိုတောင် သဘောတူညီချက်မရသေးဘူးလို့ဆို
စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူနဲ့ဆေးစစ်တော့မယ်ဆိုတာမဟုတ်ဘဲ ကလပ်နှစ်ခုကြာမှာ ပြောင်းရွှေ့ကြေးကိုတောင်သဘောတူညီချက်မရသေးဘူးလို့ အင်္ဂလိပ်သတင်းစာအချို့ကဖော်ပြသွားပါတယ်။

မန်ယူဟာ ဖာနန်ဒက်စ်ကိုပေါင် ၆၂ သန်းနဲ့ခေါ်ယူဖို့သဘောတူညီချက်ရရှိသွားပြီဖြစ်လို့ သူဟာဆေးစစ်ဖို့မန်ယူကိုလာတော့မယ်လို့ အစောပိုင်းသတင်းတွေမှာဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Daily Express သတင်းစာကြီးကတော့ ဖာနန်ဒက်စ်ဗြိတိန်ကိုလာဖို့စီစဉ်ထားတာဟာ မန်ယူနဲ့ဆေးစစ်ဖို့မဟုတ်ဖူးလို့ ဖော်ပြသွားခဲ့ပါတယ်။

သူဘာကြောင့်လာသလဲဆိုတာကို မသိရသေးပေမယ့် မန်ယူနဲ့စပို့တင်းလစ္စဘွန်းတို့အကြား ပြောင်းရွှေ့ကြေးကိုတောင် သဘောတူညီချက်မရသေးဘူးလို့  အဲဒီသတင်းစာကဖော်ပြသွားပါတယ်။ ဒါကြောင့် ဖာနန်ဒက်စ်ကို လာမယ့်သြဂုတ် ၈ ရက်မှာဈေးကွက်မပိတ်ခင် မန်ယူခေါ်ယူနိုင်မလားဆိုတာစောင့်ကြည့်ရဦးမယ်လို့ ဆိုကြပါတယ်။

နွေရာသီဈေးကွက်ဟာ သြဂုတ် ၃၁ ရောက်မှတရားဝင်ပိတ်သိမ်းမှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်ကတော့ ရာသီသစ်မစခင်မှာ ဈေးကွက်ပိတ်မှာဖြစ်လို့ ပြိုင်ပွဲမစခင်တစ်ရက်အလိုမှာပိတ်မှာဖြစ်ပါတယ်။ မန်ယူဟာဒီနှစ်နွေရာသီဈေးကွက်ထဲမှာ ဒန်နီရယ်ဂျိမ်းစ်နဲ့ ဝမ်ဘစ်ဆာကာတို့ကိုဘဲ ခေါ်ယူထားပါသေးတယ်။

အသက် ၂၄ နှစ်သာရှိသေးတဲ့ ဖာနန်ဒက်စ်ဟာကွင်းလယ်လူဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီကစပို့တင်းအတွက် ၃၁ ဂိုးသွင်းယူခဲ့ပြီး ၁၈ ဂိုးဖန်တီးပေးခဲ့လို့ ဥရောပမှာထွန်းတောက်လာတဲ့သူတစ်ဦးဖြစ်ပြီး ထိပ်တန်းအသင်းကြီးတွေကခေါ်ယူဖို့မျက်စိကျနေသူဖြစ်ပါတယ်။