ဖာနန္ဒက္စ္ရဲ႕မ်က္ရည္စေတြက မန္ယူအတြက္ပန္းပြင့္ေတြျဖစ္ေစ….

စပို႔တင္းလစၥဘြန္းကြင္းလယ္လူ ဘရူႏိုဖာနန္ဒက္စ္ဟာ ဗလင္စီယာကိုရႈံးနိမ့္ခဲ့တဲ႔ ေျခစမ္းပြဲစဥ္အၿပီးမွာ ပရိသတ္ေတြနဲ႔ အသင္းေဖာ္ေတြကို မ်က္ရည္ေတြနဲ႔ႏူတ္ဆက္ခဲ့လို႔ မန္ယူကိုေရာက္ဖို႔ေသခ်ာသြားၿပီလို႔ မီဒီယာေတြမွာေဖာ္ျပေနၾကပါတယ္။ စပို႔တင္းက ၂-၁ နဲ႔ရႈံးခဲ့တဲ႔အဲဒီပြဲမွာ ဖာနန္ဒက္စ္ဟာ အသင္းေခါင္းေဆာင္အျဖစ္တာ၀န္ယူခဲ့တာပါ။

ဒါေပမယ္႔ ေျပာစရာရွိခဲ့တာက ဖာနန္ဒက္စ္ရဲ႕အျပဳအမူပါဘဲ။ သူဟအရန္ခုံတန္းမွာထိုင္ေနစဥ္မ်က္ရည္ေတြက်ခဲ့သလို ပြဲၿပီးေတာ႔လည္း ကြင္းအလယ္ေခါင္မွာ ကစားေဖာ္ေတြၿခံရံၿပီးရပ္ေနုတုန္း စိတ္လႈပ္ရွားမႈကိုမထိန္းႏိုင္ဘဲ မ်က္ရည္ေတြက်ခဲ့တာပါ။ ဒါေၾကာင့္လည္း အားလုံးလိုလိုက ဖာနန္ဒက္စ္ဟာ စပို႔တင္းအတြက္ေနာက္ဆုံးပြဲကစားခဲ့ၿပီး အသင္းနဲ႔ ပရိသတ္ေတြကိုႏႈတ္ဆက္လိုက္တာလို႔ ယုံၾကည္ထားၾကပါတယ္။

သူဟာ မန္ယူနဲ႔ေဆးစစ္ေတာ႔မယ္လို႔ မေန႔ကတည္းကသတင္းေတြထြက္ခဲ့ေပမယ္႔လည္း ေနာက္ပိုင္းမွာ အဂၤလိပ္သတင္းစာအခ်ဳိ႕က မန္ယူဟာဖာနန္ဒက္စ္အတြက္ ေျပာင္းေရႊ႕ေၾကးကိုေတာင္သေဘာတူညီခ်က္ရေသးတာ မဟုတ္ဖူးလို႔ ထပ္မံေဖာ္ျပခဲ့တာေၾကာင့္ သူေရာက္ဖို႔ မေရမရာျဖစ္ခဲ့ေသးတာပါ။

အခုေတာ႔မ်က္ရည္ေတြနဲ႔သူႏႈတ္ဆက္မႈဟာ မန္ယူအတြက္ေတာ႔ ပန္းပြင့္ေတြျဖစ္လာေတာ႔မွာျဖစ္ၿပီး ေပါင္ ၅၆ သန္းနဲ႔ေျပာင္းေတာ႔မယ္လို႔ ေပၚတူဂီမီဒီယာေတြကေဖာ္ျပခဲ့ၾကပါတယ္။ စပို႔တင္းနည္းျပ မာဆယ္ကိုင္ဇာကလည္း ဖာနန္ဒက္စ္ဆက္ရွိဖို႔မေသခ်ာေတာ႔လို႔ ဘာျဖစ္လာမလဲဆိုတာေစာင့္ၾကည့္သြားမယ္လို႔ ေျပာသြားတာပါ။

မန္ယူဟာ ဖယ္လိုင္နီနဲ႔ ဟာရဲရားတို႔ထြက္ခြာသြားၿပီးေနာက္ ကြင္းလယ္လူတစ္ဦးကိုေခၚယူဖို႔ႀကိဳးစားေနတာျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္ဘဲရွိေသးတဲ႔ ဖာနန္ဒက္စ္ဟာၿပီးခဲ့တဲ႔ရာသီမွာ စြမ္းေဆာင္ရည္ျမင့္မားခဲ့သူျဖစ္ၿပီး ကြင္းလယ္လူျဖစ္ေပမယ္႔ စပို႔တင္းအတြက္ ၃၂ ဂိုးသြင္းကာ ၁၈ ဂိုးဖန္တီးေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

Unicode

ဖာနန်ဒက်စ်ရဲ့မျက်ရည်စတွေက မန်ယူအတွက်ပန်းပွင့်တွေဖြစ်စေ….
စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ဗလင်စီယာကိုရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲစဉ်အပြီးမှာ ပရိသတ်တွေနဲ့ အသင်းဖော်တွေကို မျက်ရည်တွေနဲ့နူတ်ဆက်ခဲ့လို့ မန်ယူကိုရောက်ဖို့သေချာသွားပြီလို့ မီဒီယာတွေမှာဖော်ပြနေကြပါတယ်။ စပို့တင်းက ၂-၁ နဲ့ရှုံးခဲ့တဲ့အဲဒီပွဲမှာ ဖာနန်ဒက်စ်ဟာ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့တာပါ။

ဒါပေမယ့် ပြောစရာရှိခဲ့တာက ဖာနန်ဒက်စ်ရဲ့အပြုအမူပါဘဲ။ သူဟအရန်ခုံတန်းမှာထိုင်နေစဉ်မျက်ရည်တွေကျခဲ့သလို ပွဲပြီးတော့လည်း ကွင်းအလယ်ခေါင်မှာ ကစားဖော်တွေခြံရံပြီးရပ်နေုတုန်း စိတ်လှုပ်ရှားမှုကိုမထိန်းနိုင်ဘဲ မျက်ရည်တွေကျခဲ့တာပါ။ ဒါကြောင့်လည်း အားလုံးလိုလိုက ဖာနန်ဒက်စ်ဟာ စပို့တင်းအတွက်နောက်ဆုံးပွဲကစားခဲ့ပြီး အသင်းနဲ့ ပရိသတ်တွေကိုနှုတ်ဆက်လိုက်တာလို့ ယုံကြည်ထားကြပါတယ်။

သူဟာ မန်ယူနဲ့ဆေးစစ်တော့မယ်လို့ မနေ့ကတည်းကသတင်းတွေထွက်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ အင်္ဂလိပ်သတင်းစာအချို့က မန်ယူဟာဖာနန်ဒက်စ်အတွက် ပြောင်းရွှေ့ကြေးကိုတောင်သဘောတူညီချက်ရသေးတာ မဟုတ်ဖူးလို့ ထပ်မံဖော်ပြခဲ့တာကြောင့် သူရောက်ဖို့ မရေမရာဖြစ်ခဲ့သေးတာပါ။

အခုတော့မျက်ရည်တွေနဲ့သူနှုတ်ဆက်မှုဟာ မန်ယူအတွက်တော့ ပန်းပွင့်တွေဖြစ်လာတော့မှာဖြစ်ပြီး ပေါင် ၅၆ သန်းနဲ့ပြောင်းတော့မယ်လို့ ပေါ်တူဂီမီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။ စပို့တင်းနည်းပြ မာဆယ်ကိုင်ဇာကလည်း ဖာနန်ဒက်စ်ဆက်ရှိဖို့မသေချာတော့လို့ ဘာဖြစ်လာမလဲဆိုတာစောင့်ကြည့်သွားမယ်လို့ ပြောသွားတာပါ။

မန်ယူဟာ ဖယ်လိုင်နီနဲ့ ဟာရဲရားတို့ထွက်ခွာသွားပြီးနောက် ကွင်းလယ်လူတစ်ဦးကိုခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။ အသက် ၂၄ နှစ်ဘဲရှိသေးတဲ့ ဖာနန်ဒက်စ်ဟာပြီးခဲ့တဲ့ရာသီမှာ စွမ်းဆောင်ရည်မြင့်မားခဲ့သူဖြစ်ပြီး ကွင်းလယ်လူဖြစ်ပေမယ့် စပို့တင်းအတွက် ၃၂ ဂိုးသွင်းကာ ၁၈ ဂိုးဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်။