ဖာဂူဆန္ေခတ္လြန္ မန္ယူရဲ႕အသံုးစရိတ္ ဘယ္ေလာက္အထိရွိေနၿပီလဲ ?

လက္စတာေနာက္ခံလူ မက္ဂြိဳင္းယားကို ေျပာင္းေရႊ႕ေၾကးေပါင္သန္း 80 နဲ႔ေခၚယူဖုိ႔ မန္ယူအသင္း သေဘာတူညီခ်က္ရရွိခဲ့ၿပီလုိ႔ ၿဗိတိန္သတင္းစာေတြက အခုိင္အမာေဖာ္ျပေနၾကၿပီျဖစ္ပါတယ္။ ဒါဟာ ခံစစ္မွဴးေတြထဲမွာေတာ့ ကမာၻ႔ေဘာလံုးေလာကရဲ႕ ေျပာင္းေရႊ႕ေၾကးအျမင့္ဆံုးစံခ်ိန္သစ္လည္းျဖစ္လာမွာပါ။ အဲဒီအေျပာင္းအေရႊ႕သာ အမွန္တကယ္ျဖစ္လာမယ္ဆုိရင္ မန္ယူရဲ႕အသံုးစရိတ္က ဒီေႏြရာသီတစ္ခုတည္းမွာတင္ ေပါင္ 144.8 သန္းအထိရွိလာေတာ့မွာျဖစ္ၿပီး ေနာက္ထပ္ေခၚယူမႈတစ္ခုေလာက္လုပ္လုိက္တာနဲ႔ ဖာဂူဆန္ေခတ္လြန္မွာ အသံုးစရိတ္အမ်ားဆံုးရာသီအျဖစ္လည္း စံခ်ိန္သစ္ႏုိင္ဖြယ္ရွိေနပါတယ္။

Photo Credit: Getty Images

့ပရီးမီးယားလိဂ္ေခတ္သစ္မွာ ပိုင္ရွင္ေတြရဲ႕အားကိုးနဲ႔ ေငြသံုးၾကမ္းခဲ့ၾကတဲ့ ခ်ဲလ္ဆီး၊ မန္စီးတီးတုိ႔ရဲ႕ အေျပာင္းအေရႊ႕ေပၚလစီကို အဓိကေထာက္ျပခဲ့ၾကေပမယ့္ မန္ယူကလည္း အဲဒီၿပိဳင္ဘက္ေတြနဲ႔ယွဥ္လုိက္ရင္ ဘာမွသိပ္မကြာျခားပါဘူး။ မက္ဂြိဳင္းယားရဲ႕ ေျပာင္းေရႊ႕ေၾကးေပါင္သန္း 80 ကိုပါထည့္တြက္လုိက္မယ္ဆုိရင္ မန္ယူအသင္းဟာ ဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္အနားယူၿပီးေနာက္ပိုင္း ကစားသမားသစ္ေခၚယူမႈအတြက္ စုစုေပါင္းအသံုးစရိိတ္က ေပါင္သန္း 950 အထိရွိလာမွာပါ။ အဲဒီကာလအတြင္း ေပါ့ဂ္ဘာကို ေပါင္ 89 သန္းနဲ႔ေခၚယူမႈဟာ တန္ေၾကးအျမင့္ဆံုးျဖစ္ခဲ့ၿပီး မက္ဂြိဳင္းယားကေတာ့ ဒုတိယတန္ေၾကးအျမင့္ဆံုးျဖစ္လာဖုိ႔ရွိပါတယ္။

Photo Credit: Getty Images

ဖာဂူဆန္ေခတ္လြန္ 6 ႏွစ္အတြင္း မန္ယူဟာ ေျပာင္းေရႊ႕ေၾကးေပါင္သန္း 100 ေအာက္အသံုးျပဳခဲ့တာဆုိလုိ႔ 2013-14 (ေပါင္ 69.42 သန္း)၊ 2018-19(ေပါင္ 74.43 သန္း) တုိ႔သာရွိခဲ့ၿပီး တျခား 4 ရာသီမွာေတာ့ အနည္းဆံုးေပါင္သန္း 140 အသံုးျပဳခဲ့ကာ အျမင့္ဆံုးအသံုးျပဳခဲ့တဲ့ရာသီကေတာ့ ေပါင္ 178.56 သန္းအထိအသံုးျပဳခဲ့တဲ့ 2017-18 ရာသီျဖစ္ခဲ့ပါတယ္။ ဒီရာသီမွာ မက္ဂြိဳင္းယားရဲ႕ေခၚယူမႈကိုပါေပါင္းလုိက္ရင္ ေပါင္ 144.8 သန္းရွိမွာျဖစ္လုိ႔ သတင္းေတြထြက္ေနတဲ့အတုိင္း စပို႔တင္းကြင္းလယ္လူဖာနန္ဒက္စ္ကို ေပါင္သန္း 70 နဲ႔ထပ္မံေခၚယူဦးမယ္ဆုိရင္ မန္ယူသမုိင္းတစ္ေလွ်ာက္ မႀကံဳဖူးေလာက္ေအာင္ေငြသံုးစြဲတဲ့ ရာသီျဖစ္လာဖုိ႔လည္းရွိေနပါတယ္။

ဖာဂူဆန္အနားယူၿပီးေနာက္ပုိင္း မန္ယူဟာ ၿပိဳင္ဘက္ေတြျဖစ္တဲ့ ခ်ဲလ္ဆီး၊ မန္စီးတီးတုိ႔နဲ႔အၿပိဳင္ ေငြသံုးၾကမ္းခဲ့တာခ်င္းတူညီေပမယ့္ ၿပိဳင္ဘက္ေတြက ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ထပ္ခါထပ္ခါရယူထားႏုိင္ခ်ိန္မွာ မန္ယူကေတာ့ ခ်န္ပီယံဆုနဲ႔ တစ္ႀကိမ္မွကုိ မနီးစပ္ခဲ့ပါဘူး။ ဒါေၾကာင့္လည္း ဖာဂူဆန္ေခတ္လြန္ မန္ယူအသင္းရဲ႕ ေငြသံုးစြဲမႈေတြဟာ အမွားအယြင္းမ်ားလြန္းခဲ့တယ္လုိ႔ ေ၀ဖန္ခံခဲ့ရၿပီး ဒီေႏြရာသီအတြင္း သံုးစြဲမႈေတြကလည္း ဘယ္ေလာက္အထိ ထိေရာက္မႈရွိမလဲဆုိတာ ဆက္လက္ေစာင့္ၾကည့္သြားရမွာပါ။

(Unicode)

ဖာဂူဆန်ခေတ်လွန် မန်ယူရဲ့အသုံးစရိတ် ဘယ်လောက်အထိရှိနေပြီလဲ ?

လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို ပြောင်းရွှေ့ကြေးပေါင်သန်း 80 နဲ့ခေါ်ယူဖို့ မန်ယူအသင်း သဘောတူညီချက်ရရှိခဲ့ပြီလို့ ဗြိတိန်သတင်းစာတွေက အခိုင်အမာဖော်ပြနေကြပြီဖြစ်ပါတယ်။ ဒါဟာ ခံစစ်မှူးတွေထဲမှာတော့ ကမ္ဘာ့ဘောလုံးလောကရဲ့ ပြောင်းရွှေ့ကြေးအမြင့်ဆုံးစံချိန်သစ်လည်းဖြစ်လာမှာပါ။ အဲဒီအပြောင်းအရွှေ့သာ အမှန်တကယ်ဖြစ်လာမယ်ဆိုရင် မန်ယူရဲ့အသုံးစရိတ်က ဒီနွေရာသီတစ်ခုတည်းမှာတင် ပေါင် 144.8 သန်းအထိရှိလာတော့မှာဖြစ်ပြီး နောက်ထပ်ခေါ်ယူမှုတစ်ခုလောက်လုပ်လိုက်တာနဲ့ ဖာဂူဆန်ခေတ်လွန်မှာ အသုံးစရိတ်အများဆုံးရာသီအဖြစ်လည်း စံချိန်သစ်နိုင်ဖွယ်ရှိနေပါတယ်။

့ပရီးမီးယားလိဂ်ခေတ်သစ်မှာ ပိုင်ရှင်တွေရဲ့အားကိုးနဲ့ ငွေသုံးကြမ်းခဲ့ကြတဲ့ ချဲလ်ဆီး၊ မန်စီးတီးတို့ရဲ့ အပြောင်းအရွှေ့ပေါ်လစီကို အဓိကထောက်ပြခဲ့ကြပေမယ့် မန်ယူကလည်း အဲဒီပြိုင်ဘက်တွေနဲ့ယှဉ်လိုက်ရင် ဘာမှသိပ်မကွာခြားပါဘူး။ မက်ဂွိုင်းယားရဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း 80 ကိုပါထည့်တွက်လိုက်မယ်ဆိုရင် မန်ယူအသင်းဟာ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်အနားယူပြီးနောက်ပိုင်း ကစားသမားသစ်ခေါ်ယူမှုအတွက် စုစုပေါင်းအသုံးစရိတ်က ပေါင်သန်း 950 အထိရှိလာမှာပါ။ အဲဒီကာလအတွင်း ပေါ့ဂ်ဘာကို ပေါင် 89 သန်းနဲ့ခေါ်ယူမှုဟာ တန်ကြေးအမြင့်ဆုံးဖြစ်ခဲ့ပြီး မက်ဂွိုင်းယားကတော့ ဒုတိယတန်ကြေးအမြင့်ဆုံးဖြစ်လာဖို့ရှိပါတယ်။

ဖာဂူဆန်ခေတ်လွန် 6 နှစ်အတွင်း မန်ယူဟာ ပြောင်းရွှေ့ကြေးပေါင်သန်း 100 အောက်အသုံးပြုခဲ့တာဆိုလို့ 2013-14 (ပေါင် 69.42 သန်း)၊ 2018-19(ပေါင် 74.43 သန်း) တို့သာရှိခဲ့ပြီး တခြား 4 ရာသီမှာတော့ အနည်းဆုံးပေါင်သန်း 140 အသုံးပြုခဲ့ကာ အမြင့်ဆုံးအသုံးပြုခဲ့တဲ့ရာသီကတော့ ပေါင် 178.56 သန်းအထိအသုံးပြုခဲ့တဲ့ 2017-18 ရာသီဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာ မက်ဂွိုင်းယားရဲ့ခေါ်ယူမှုကိုပါပေါင်းလိုက်ရင် ပေါင် 144.8 သန်းရှိမှာဖြစ်လို့ သတင်းတွေထွက်နေတဲ့အတိုင်း စပို့တင်းကွင်းလယ်လူဖာနန်ဒက်စ်ကို ပေါင်သန်း 70 နဲ့ထပ်မံခေါ်ယူဦးမယ်ဆိုရင် မန်ယူသမိုင်းတစ်လျှောက် မကြုံဖူးလောက်အောင်ငွေသုံးစွဲတဲ့ ရာသီဖြစ်လာဖို့လည်းရှိနေပါတယ်။

ဖာဂူဆန်အနားယူပြီးနောက်ပိုင်း မန်ယူဟာ ပြိုင်ဘက်တွေဖြစ်တဲ့ ချဲလ်ဆီး၊ မန်စီးတီးတို့နဲ့အပြိုင် ငွေသုံးကြမ်းခဲ့တာချင်းတူညီပေမယ့် ပြိုင်ဘက်တွေက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ထပ်ခါထပ်ခါရယူထားနိုင်ချိန်မှာ မန်ယူကတော့ ချန်ပီယံဆုနဲ့ တစ်ကြိမ်မှကို မနီးစပ်ခဲ့ပါဘူး။ ဒါကြောင့်လည်း ဖာဂူဆန်ခေတ်လွန် မန်ယူအသင်းရဲ့ ငွေသုံးစွဲမှုတွေဟာ အမှားအယွင်းများလွန်းခဲ့တယ်လို့ ဝေဖန်ခံခဲ့ရပြီး ဒီနွေရာသီအတွင်း သုံးစွဲမှုတွေကလည်း ဘယ်လောက်အထိ ထိရောက်မှုရှိမလဲဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာပါ။