ပြဲပန္းႀတိဂံတုိက္စစ္တြဲလုံးနဲ႔ လိုအပ္ခ်က္ျပင္းထန္ေနတ့ဲႀကိဳးၾကာနီ

0
194

Photo Credit ; Sky Sports

Photo Credit ; Getty Images

လီဗာပူးအသင္းရဲ႕တုိက္စစ္တြဲလုံးျဖစ္တဲ့ မာေနး၊ ဆာလာနဲ႔ ဖာမီႏိုတုိ႔အားလုံး ယခုေႏြရာသီကာလအတြင္း တျခားကစားသမားအမ်ားစုထက္ ပြဲေတြပုိကစားခဲ့ရၿပီး ရာသီသစ္အတြက္ ေကာင္းေကာင္းအနားယူဖို႔ လိုအပ္ေနေပမယ့္ နည္းျပကေလာ့ပ္အတြက္ စဥ္းစားရခက္တဲ့ပုစၦာျဖစ္လာႏိုင္ပါတယ္။ ရာသီႀကိဳေျခစမ္းပြဲေတြမွာ တိုက္စစ္မွဴးေတြျဖစ္တဲ့ အုိရီဂီ၊ ၀ုဒ္ဘန္းနဲ႔ ဘ႐ူးစတားတုိ႔အားလုံး ဂုိုးသြင္းယူႏုိင္ခဲ့တာမွန္ေပမယ့္ ေဒါ့မြန္နဲ႔ ဆီဗီလာတုိ႔ကို အေရးနိမ့္ခဲ့ရၿပီးေနာက္ ကေလာ့ပ္လည္း ရာသီသစ္အတြက္ သူအားကုိးတဲ့ ႀတိဂံတုိက္စစ္တြဲလုံး အဆင္သင့္ျဖစ္ေနမွာကို ဆုေတာင္းေနပါလိမ့္မယ္။ ဒါေပမဲ့ ကံမေကာင္းစြာနဲ႔ပဲ ေနာက္ထပ္လက္ေရြးစင္ပြဲေတြနဲ႔အတူ အဲဒီဆုေတာင္းက ျပည့္လာဖို႔ သိပ္မလြယ္ကူပါဘူး။

 

Photo Credit ; Getty Images

ဆာလာ၊ မာေနးနဲ႔ ဖာမီႏုိတုိ႔ ၃ေယာက္စလုံးဟာ ယခုေႏြရာသီကာလအတြင္း လက္ေရြးစင္အသင္းေတြအတြက္ သက္ဆုိင္ရာတိုက္ႀကီးမ်ားအလုိက္ အျမင့္ဆုံးၿပိဳင္ပြဲမွာ ကုိယ္စားျပဳကစားခဲ့ပါတယ္။ ဆာလာဦးေဆာင္တဲ့ အီဂ်စ္အသင္းက အိမ္ရွင္အားသာခ်က္ရွိခဲ့ေပမယ့္ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲကေန ေစာေစာစီးစီးထြက္ခဲ့ရေပမယ့္ မာေနးရဲ႕ဆီနီေဂါအသင္းက အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပဲြမွာ ဗိုလ္လုပြဲအထိတက္ေရာက္ႏိုင္ခဲ့ၿပီး ဖာမီႏိုရဲ႕ဘရာဇီးအသင္းကလည္း အိမ္ရွင္ပရိသတ္ေရွ႕ေမွာက္မွာ ကိုပါအေမရိကဖလားခ်န္ပီယံျဖစ္ခဲ့ပါတယ္။ ဒီအခ်ိန္မွာ လီဗာပူးက ရာသီသစ္မတုိင္ခင္ လာမယ့္ရက္သတၱပတ္အကုန္မွာ ကြန္ျမဴနတီဒိုင္းၿပိဳင္ပြဲအျဖစ္ ပရီးမီးယားလိဂ္နဲ႔အက္ဖ္ေအဖလားခ်န္ပီယံ မန္စီးတီးနဲ႔ရင္ဆုိင္ရေတာ့မွာျဖစ္ၿပီး ပရီးမီးယားလိဂ္ရာသီသစ္စတင္အၿပီး ၁ပတ္အၾကာမွာပဲ ဥေရာပစူပါဖလားပြဲအျဖစ္ ျပည္တြင္းၿပိဳင္ဘက္ ခ်ဲလ္ဆီးနဲ႔ကစားရမွာျဖစ္ပါတယ္။

Photo Credit ; Getty Images

ဒီအတြက္ေၾကာင့္လည္း ကေလာ့ပ္အေနနဲ႔ အသင္းရဲ႕ၾကယ္ပြင့္တုိက္စစ္တြဲလုံးကို လိုအပ္တာထက္ Overload ျဖစ္မသြားေစဖုိ႔ အေတာ္ေလးသတိထားေနရၿပီး အသင္းအတြက္ အေကာင္းဆုံးျပင္ဆင္မႈမဟုတ္တာလည္း ေသခ်ာပါတယ္။ ”ဒီလိုအျဖစ္မ်ိဳးက လက္သင့္ခံႏုိင္စရာမရွိပါဘူး။ ပြဲတစ္ပြဲကစားအၿပီး ၃ရက္ေလာက္အၾကာမွာ ေနာက္ထပ္ပြဲကစားဖုိ႔ ေျပာလုိ႔မရပါဘူး။ သူတုိ႔ဟာ ခက္ခဲၾကမ္းတမ္းတဲ့ေႏြရာသီကာလကို ေက်ာ္ျဖတ္ခ့ဲရတာပါ”လုိ႔ ကေလာ့ပ္က ေျပာပါတယ္။ သူတုိ႔ ၃ေယာက္ထဲမွာ မာေနးရဲ႕လုပ္အားႏႈန္းက ပိုေျပာစရာရွိပါတယ္။ ၂၀၁၇-၁၈ ရာသီအဖြင့္ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ မာေနးတစ္ေယာက္ ကလပ္နဲ႔ႏိုင္ငံလက္ေရြးစင္အသင္းတုိ႔အတြက္ စုစုေပါင္းပြဲ ၁၁၀ အထိ ကစားေပးခဲ့ရပါတယ္။ မာေနးရဲ႕ကစားပုံကလည္း ေျပးအား၊ တိုးအားနဲ႔ ပါ၀ါတုိ႔ကို အဓိကထားတာျဖစ္ၿပီး ၂ႏွစ္တာကာလအတြင္း လုံေလာက္တဲ့အနားယူခ်ိန္မရတာက အဓိကျပႆနာျဖစ္ေနပါတယ္။

Photo Credit ; Getty Images

ကြန္ျမဴနတီဒိုင္းၿပိဳင္ပြဲက အာဖရိကႏိုင္ငံမ်ားဖလားဗိုလ္လုပြဲအၿပီး ၁၅ရက္အၾကာမွာပဲ က်င္းပမွာျဖစ္ပါတယ္။ သူ႕အတြက္ေတာ့ တျခားကစားသမားေတြလုိ ဇြန္လအတြင္း အနားယူအပန္းေျဖဖို႔၊ ဇူလိုင္လအတြင္း ရာသီသစ္အတြက္ ႀကံ့ခိုင္မႈျပန္လည္ျပည့္၀လာဖုိ႔ အခ်ိန္မရွိပါဘူး။ အဲဒီမွာ ရာသီႀကိဳေျခစမ္းပြဲေတြလည္း ပါ၀င္ၿပီး သူ႕အေနနဲ႔ ရက္သတၱပတ္ ၄ပတ္ေလာက္ ပြဲေတြနဲ႔ေ၀းကြာေနမွာျဖစ္ပါတယ္။ ဆာလာက မာေနးထက္ တစ္ပတ္ေလာက္ေစာၿပီး အနားရခဲ့သလုိ ဖာမီႏိုကလည္း ဆာလာရဲ႕အီဂ်စ္အသင္း ထြက္ခဲ့ရၿပီးေနာက္ ၁ရက္အၾကာမွာပဲ ကိုပါအေမရိကဖလားဗိုလ္လုပဲြအဆုံးသတ္သြားခဲ့ပါတယ္။ ဒါေပမဲ့ သူတုိ႔ ၃ေယာက္စလုံးဟာ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာလည္း ႏိုင္ငံ့အသင္းအတြက္ ကိုယ္စားျပဳပါ၀င္ကစားခဲ့ရာ ပြဲပန္း၊ လူပန္းျဖစ္လာမွာကို လီဗာပူးပရိသတ္ေတြ စုိးရိမ္ေနၾကပါတယ္။ လီဗာပူးအေနနဲ႔ ႀကိဳတင္သတိမထားဘဲ ပုံမွန္အတုိင္း သူတုိ႔ကို ပြဲထြက္ကစားေစမယ္ဆုိရင္ အေရးပါတဲ့ကာလမွာ သူတုိ႔ေတြ ေျခစြမ္းေပ်ာက္ဆုံးသြားတာမ်ိဳး ဒါမွမဟုတ္ ဒဏ္ရာအလြယ္တကူရသြားမ်ိဳးျဖစ္တတ္ပါတယ္။

Photo Credit ; Reuters

ဒီအေျခအေနနဲ႔ ရင္ဆုိင္ေနရတာ လီဗာပူးတစ္သင္းတည္းေတာ့မဟုတ္ပါဘူး။ စီးတီးတုိက္စစ္မွဴး အဂြဲ႐ိုးက အာဂ်င္တီးနားအသင္းနဲ႔အတူ ကိုပါအေမရိကဖလားၿပိဳင္ပြဲရဲ႕တတိယေနရာလုပြဲအထိ ပါ၀င္ကစားခဲ့သလို အဲဗာတန္ရဲ႕ရစ္ခ်ာလီဆန္နဲ႔ စီးတီးတုိက္စစ္မွဴး ဂ်ီးဆပ္စ္တုိ႔လည္း ဘရာဇီးအသင္းနဲ႔အတူ ဗိုလ္လုပြဲကစားခဲ့ရပါတယ္။ ဂ်ီးဆပ္စ္ရဲ႕စီးတီးအသင္းေဖာ္ မာရက္ဇ္ကလည္း အယ္လ္ဂ်ီးရီးယားအသင္းနဲ႔အတူ ကိုင္႐ိုမွာ မာေနးရဲ႕ဆီနီေဂါကို အႏိုင္ယူၿပီး အာဖရိကႏိုင္ငံမ်ားဖလားခ်န္ပီယံျဖစ္ခဲ့ပါတယ္။ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲ ေနာက္က်မွအဆုံးသတ္ျခင္းက ဒီလုိျပႆနာေတြ ေပၚေပါက္လာေစတာပါ။ ယခုေႏြရာသီအတြင္း ကစားသမားအမ်ားအျပား လက္ေရြးစင္အသင္းအတြက္ ကစားခဲ့ရတာမွန္ေပမယ့္ ေပၚတူဂီနဲ႔ နယ္သာလန္တုိ႔ကစားခဲ့တဲ့ ေနးရွင္းလိဂ္ဗိုလ္လုပြဲကို ဇြန္လ ၉ရက္ေန႔မွာ က်င္းပခဲ့တာျဖစ္လုိ႔ အာဖရိကႏိုင္ငံမ်ားဖလားဗိုလ္လုပြဲနဲ႔ ယွဥ္ရင္ ရက္သတၱပတ္ ၆ပတ္ေလာက္ ေစာပါတယ္။ မာရက္ဇ္က အရည္အေသြးအျပည့္ရွိသူျဖစ္ေပမယ့္ စီးတီးမွာေတာ့ ပုံမွန္ပြဲထြက္ခြင့္အာမခံခ်က္ရဖုိ႔ ႀကိဳးစားေနဆဲျဖစ္ပါတယ္။ မာေနးကေတာ့ အဲဒီလုိမဟုတ္ဘဲ ပရီးမီးယားလိဂ္ပူးတြဲဂုိးသြင္းဘုရင္ျဖစ္ခဲ့တဲ့အထိ လီဗာပူးရဲ႕အေရးပါတဲ့ကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။

Photo Credit ; AFP

ဆာလာနဲ႔ မာေနးတုိ႔ဟာ ၿပီးခဲ့တဲ့ရာသီပရီးမီးယားလိဂ္မွာ အူဘာမီယန္းနဲ႔အတူ ပူးတြဲဂိုးသြင္းဘုရင္ျဖစ္ခဲ့တာကို ၾကည့္ရင္ လီဗာပူးအေနနဲ႔ သူတုိ႔ရဲ႕ႀတိဂံတုိက္စစ္အတြဲအေပၚ ဘယ္ေလာက္အားကိုးတယ္ဆုိတာ အလြယ္ေလးေတြးၾကည့္ႏုိင္ပါတယ္။ ဖာမီႏိုရဲ႕သြင္းဂိုးေတြပါ ထည့္ေပါင္းလုိက္ရင္ ၿပီးခဲ့တဲ့ရာသီပရီးမီးယားလိဂ္မွာ သူတုိ႔ ၃ေယာက္ေပါင္းသြင္းဂိုးက ၅၆ ဂုိးရွိလာၿပီး ခ်န္ပီယံျဖစ္ခဲ့တဲ့ ယမန္ႏွစ္ခ်န္ပီယံလိဂ္မွာလည္း ၁၃ဂိုးအထိ သြင္းယူႏုိင္ခဲ့ပါတယ္။ အခ်က္အလက္ေတြအရ လီဗာပူးရဲ႕ႀတိဂံတုိက္စစ္တြဲလုံးဟာ ၿပီးခဲ့တဲ့ရာသီပရီးမီးယားလိဂ္မွာ အသင္းရရွိတဲ့သြင္းဂိုးေတြအနက္ ၆၂% အထိ ရယူႏုိင္ခဲ့ရာ တျခားအသင္းေတြထက္ သြင္းဂိုးရာခုိင္ႏႈန္းပိုမ်ားေနပါတယ္။ စီးတီးက ဂိုးေတြရယူႏိုင္ဖို႔အတြက္ အသင္းသားအားလုံးဆီကေန ေမွ်ာ္လင့္ႏိုင္ေပမယ့္ လီဗာပူးကေတာ့ အဲဒီလုိမဟုတ္ဘဲ တုိက္စစ္ကစားသမား ၃ဦးကိုပဲ အဓိကတည္ထားတာျဖစ္ပါတယ္။ ဒီအတြက္ေၾကာင့္ ကေလာ့ပ္အေနနဲ႔ သူတို႔ေတြ ႀကံ့ခိုင္မႈျပည့္၀ၿပီး ေျခစြမ္းျပေနဖို႔ လိုအပ္ေနပါတယ္။

Photo Credit ; Getty Images

ၿပီးခဲ့တဲ့ရာသီက ထင္ေပၚခဲ့တဲ့ အုိရီဂီကေတာ့ နည္းနည္းေမွ်ာ္လင့္လုိ႔ရပါတယ္။ သူဟာ စပါးကို ၂-၀ဂိုးနဲ႔အႏိုင္ရရွိခဲ့တဲ့ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ အဆုံးသတ္ဂိုးသြင္းယူႏုိင္ခဲ့ၿပီး ဘာစီလုိနာကို ၄ဂိုးျပတ္အႏုိင္ရရွိကာ ခ်န္ပီယံလိဂ္ဆီမီးဖုိင္နယ္ ပ-အေက်ာ့ ၃ဂိုးျပတ္အ႐ံႈးကို ျပန္လည္ေခ်ဖ်က္ႏိုင္ခဲ့တဲ့ပြဲမွာလည္း ၂ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။ ေနာက္ၿပီး အဲဗာတန္၊ နယူးကာဆယ္တို႔နဲ႔ကစားခဲ့တဲ့လိဂ္ပြဲေတြမွာလည္း အမွတ္ရစရာေနာက္က်ဂိုးေတြသြင္းယူႏိုင္ခဲ့ပါတယ္။ ကေလာ့ပ္အေနနဲ႔ ရာသီသစ္မွာလည္း အိုရီဂိုကို အေကာင္းဆံုးအသုံးခ်ႏိုင္ဖို႔ ပရိသတ္ေတြကေတာ့ ေမွ်ာ္လင့္ေနပါတယ္။ ေနာက္ထပ္ေရတုိေျဖရွင္းမႈေတြအျဖစ္ ဘ႐ူးစတားက ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာၿပီး ရွာကီြရီလည္း ရွိေနသလို စြယ္စုံရလယ္လာနာ ဒါမွမဟုတ္ ႀက့ံခုိင္မႈျပန္လည္ျပည့္၀လာတဲ့ ခ်ိန္ဘာလိန္တုိ႔လည္းရွိေနပါတယ္။


ဒါေပမဲ့ ၿပီးခဲ့တဲ့ရာသီက စီးတီးနဲ႔ရင္ဆုိင္ခဲ့ရာမွာ အမွားနည္းနည္းေလးေတာင္ က်ဴးလြန္ခြင့္မရခဲ့ဘူးဆုိတာ ကေလာ့ပ္လည္း ေကာင္းေကာင္းသိေနလုိ႔ တစ္ပြဲေလာက္ရလဒ္ဆုိးသြားတာနဲ႔ ေပးဆပ္ရမယ့္တန္ဖိုးက ႀကီးသြားႏိုင္ပါတယ္။ လီဗာပူးဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ေနာက္ဆုံး ၂ရာသီအတြင္း စုစုေပါင္း ၁၉၈ မွတ္အထိရယူႏိုင္ခဲ့တဲ့စီးတီးနဲ႔ အဓိကအားၿပိဳင္ရမွာျဖစ္ၿပီး လက္ရွိအေျခအေနအရ တစ္ပြဲမွအမွားခံလုိ႔မရတဲ့အေနအထားမွာရွိေနပါတယ္။

Photo Credit ; Getty Images

လီဗာပူးရဲ႕ရာသီအဖြင့္ပြဲစဥ္မ်ား
ၾသဂုတ္(၄) – မန္စီးတီး(ၾကားကြင္း) – ကြန္ျမဴနတီ
ၾသဂုတ္(၉) – ေနာ၀စ္ခ်္(အိမ္) – ပရီးမီးယားလိဂ္
ၾသဂုတ္(၁၄) – ခ်ဲလ္ဆီး(ၾကားကြင္း) – ဥေရာပစူပါဖလား
ၾသဂုတ္(၁၇) – ေဆာက္သမ္တန္(ေ၀း) – ပရီးမီးယားလိဂ္
ၾသဂုတ္(၂၄) – အာဆင္နယ္(အိမ္) – ပရီးမီးယားလိဂ္
ၾသဂုတ္(၃၁) – ဘန္ေလ(ေ၀း) – ပရီးမီးယားလိဂ္

Photo Credit

Unicode

ပွဲပန်းတြိဂံတိုက်စစ်တွဲလုံးနဲ့ လိုအပ်ချက်ပြင်းထန်နေတဲ့ကြိုးကြာနီ

လီဗာပူးအသင်းရဲ့တိုက်စစ်တွဲလုံးဖြစ်တဲ့ မာနေး၊ ဆာလာနဲ့ ဖာမီနိုတို့အားလုံး ယခုနွေရာသီကာလအတွင်း တခြားကစားသမားအများစုထက် ပွဲတွေပိုကစားခဲ့ရပြီး ရာသီသစ်အတွက် ကောင်းကောင်းအနားယူဖို့ လိုအပ်နေပေမယ့် နည်းပြကလော့ပ်အတွက် စဉ်းစားရခက်တဲ့ပုစ္ဆာဖြစ်လာနိုင်ပါတယ်။ ရာသီကြိုခြေစမ်းပွဲတွေမှာ တိုက်စစ်မှူးတွေဖြစ်တဲ့ အိုရီဂီ၊ ဝုဒ်ဘန်းနဲ့ ဘရူးစတားတို့အားလုံး ဂိုးသွင်းယူနိုင်ခဲ့တာမှန်ပေမယ့် ဒေါ့မွန်နဲ့ ဆီဗီလာတို့ကို အရေးနိမ့်ခဲ့ရပြီးနောက် ကလော့ပ်လည်း ရာသီသစ်အတွက် သူအားကိုးတဲ့ တြိဂံတိုက်စစ်တွဲလုံး အဆင်သင့်ဖြစ်နေမှာကို ဆုတောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ နောက်ထပ်လက်ရွေးစင်ပွဲတွေနဲ့အတူ အဲဒီဆုတောင်းက ပြည့်လာဖို့ သိပ်မလွယ်ကူပါဘူး။
ဆာလာ၊ မာနေးနဲ့ ဖာမီနိုတို့ ၃ယောက်စလုံးဟာ ယခုနွေရာသီကာလအတွင်း လက်ရွေးစင်အသင်းတွေအတွက် သက်ဆိုင်ရာတိုက်ကြီးများအလိုက် အမြင့်ဆုံးပြိုင်ပွဲမှာ ကိုယ်စားပြုကစားခဲ့ပါတယ်။ ဆာလာဦးဆောင်တဲ့ အီဂျစ်အသင်းက အိမ်ရှင်အားသာချက်ရှိခဲ့ပေမယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကနေ စောစောစီးစီးထွက်ခဲ့ရပေမယ့် မာနေးရဲ့ဆီနီဂေါအသင်းက အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့ပြီး ဖာမီနိုရဲ့ဘရာဇီးအသင်းကလည်း အိမ်ရှင်ပရိသတ်ရှေ့မှောက်မှာ ကိုပါအမေရိကဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒီအချိန်မှာ လီဗာပူးက ရာသီသစ်မတိုင်ခင် လာမယ့်ရက်သတ္တပတ်အကုန်မှာ ကွန်မြူနတီဒိုင်းပြိုင်ပွဲအဖြစ် ပရီးမီးယားလိဂ်နဲ့အက်ဖ်အေဖလားချန်ပီယံ မန်စီးတီးနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်ရာသီသစ်စတင်အပြီး ၁ပတ်အကြာမှာပဲ ဥရောပစူပါဖလားပွဲအဖြစ် ပြည်တွင်းပြိုင်ဘက် ချဲလ်ဆီးနဲ့ကစားရမှာဖြစ်ပါတယ်။
ဒီအတွက်ကြောင့်လည်း ကလော့ပ်အနေနဲ့ အသင်းရဲ့ကြယ်ပွင့်တိုက်စစ်တွဲလုံးကို လိုအပ်တာထက် Overload ဖြစ်မသွားစေဖို့ အတော်လေးသတိထားနေရပြီး အသင်းအတွက် အကောင်းဆုံးပြင်ဆင်မှုမဟုတ်တာလည်း သေချာပါတယ်။ ”ဒီလိုအဖြစ်မျိုးက လက်သင့်ခံနိုင်စရာမရှိပါဘူး။ ပွဲတစ်ပွဲကစားအပြီး ၃ရက်လောက်အကြာမှာ နောက်ထပ်ပွဲကစားဖို့ ပြောလို့မရပါဘူး။ သူတို့ဟာ ခက်ခဲကြမ်းတမ်းတဲ့နွေရာသီကာလကို ကျော်ဖြတ်ခဲ့ရတာပါ”လို့ ကလော့ပ်က ပြောပါတယ်။ သူတို့ ၃ယောက်ထဲမှာ မာနေးရဲ့လုပ်အားနှုန်းက ပိုပြောစရာရှိပါတယ်။ ၂၀၁၇-၁၈ ရာသီအဖွင့်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် မာနေးတစ်ယောက် ကလပ်နဲ့နိုင်ငံလက်ရွေးစင်အသင်းတို့အတွက် စုစုပေါင်းပွဲ ၁၁၀ အထိ ကစားပေးခဲ့ရပါတယ်။ မာနေးရဲ့ကစားပုံကလည်း ပြေးအား၊ တိုးအားနဲ့ ပါဝါတို့ကို အဓိကထားတာဖြစ်ပြီး ၂နှစ်တာကာလအတွင်း လုံလောက်တဲ့အနားယူချိန်မရတာက အဓိကပြဿနာဖြစ်နေပါတယ်။
ကွန်မြူနတီဒိုင်းပြိုင်ပွဲက အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲအပြီး ၁၅ရက်အကြာမှာပဲ ကျင်းပမှာဖြစ်ပါတယ်။ သူ့အတွက်တော့ တခြားကစားသမားတွေလို ဇွန်လအတွင်း အနားယူအပန်းဖြေဖို့၊ ဇူလိုင်လအတွင်း ရာသီသစ်အတွက် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာဖို့ အချိန်မရှိပါဘူး။ အဲဒီမှာ ရာသီကြိုခြေစမ်းပွဲတွေလည်း ပါဝင်ပြီး သူ့အနေနဲ့ ရက်သတ္တပတ် ၄ပတ်လောက် ပွဲတွေနဲ့ဝေးကွာနေမှာဖြစ်ပါတယ်။ ဆာလာက မာနေးထက် တစ်ပတ်လောက်စောပြီး အနားရခဲ့သလို ဖာမီနိုကလည်း ဆာလာရဲ့အီဂျစ်အသင်း ထွက်ခဲ့ရပြီးနောက် ၁ရက်အကြာမှာပဲ ကိုပါအမေရိကဖလားဗိုလ်လုပွဲအဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ ၃ယောက်စလုံးဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နိုင်ငံ့အသင်းအတွက် ကိုယ်စားပြုပါဝင်ကစားခဲ့ရာ ပွဲပန်း၊ လူပန်းဖြစ်လာမှာကို လီဗာပူးပရိသတ်တွေ စိုးရိမ်နေကြပါတယ်။ လီဗာပူးအနေနဲ့ ကြိုတင်သတိမထားဘဲ ပုံမှန်အတိုင်း သူတို့ကို ပွဲထွက်ကစားစေမယ်ဆိုရင် အရေးပါတဲ့ကာလမှာ သူတို့တွေ ခြေစွမ်းပျောက်ဆုံးသွားတာမျိုး ဒါမှမဟုတ် ဒဏ်ရာအလွယ်တကူရသွားမျိုးဖြစ်တတ်ပါတယ်။
ဒီအခြေအနေနဲ့ ရင်ဆိုင်နေရတာ လီဗာပူးတစ်သင်းတည်းတော့မဟုတ်ပါဘူး။ စီးတီးတိုက်စစ်မှူး အဂွဲရိုးက အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့တတိယနေရာလုပွဲအထိ ပါဝင်ကစားခဲ့သလို အဲဗာတန်ရဲ့ရစ်ချာလီဆန်နဲ့ စီးတီးတိုက်စစ်မှူး ဂျီးဆပ်စ်တို့လည်း ဘရာဇီးအသင်းနဲ့အတူ ဗိုလ်လုပွဲကစားခဲ့ရပါတယ်။ ဂျီးဆပ်စ်ရဲ့စီးတီးအသင်းဖော် မာရက်ဇ်ကလည်း အယ်လ်ဂျီးရီးယားအသင်းနဲ့အတူ ကိုင်ရိုမှာ မာနေးရဲ့ဆီနီဂေါကို အနိုင်ယူပြီး အာဖရိကနိုင်ငံများဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ နောက်ကျမှအဆုံးသတ်ခြင်းက ဒီလိုပြဿနာတွေ ပေါ်ပေါက်လာစေတာပါ။ ယခုနွေရာသီအတွင်း ကစားသမားအများအပြား လက်ရွေးစင်အသင်းအတွက် ကစားခဲ့ရတာမှန်ပေမယ့် ပေါ်တူဂီနဲ့ နယ်သာလန်တို့ကစားခဲ့တဲ့ နေးရှင်းလိဂ်ဗိုလ်လုပွဲကို ဇွန်လ ၉ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်လို့ အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲနဲ့ ယှဉ်ရင် ရက်သတ္တပတ် ၆ပတ်လောက် စောပါတယ်။ မာရက်ဇ်က အရည်အသွေးအပြည့်ရှိသူဖြစ်ပေမယ့် စီးတီးမှာတော့ ပုံမှန်ပွဲထွက်ခွင့်အာမခံချက်ရဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ မာနေးကတော့ အဲဒီလိုမဟုတ်ဘဲ ပရီးမီးယားလိဂ်ပူးတွဲဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့အထိ လီဗာပူးရဲ့အရေးပါတဲ့ကစားသမားအဖြစ် ရပ်တည်နေပါတယ်။
ဆာလာနဲ့ မာနေးတို့ဟာ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာ အူဘာမီယန်းနဲ့အတူ ပူးတွဲဂိုးသွင်းဘုရင်ဖြစ်ခဲ့တာကို ကြည့်ရင် လီဗာပူးအနေနဲ့ သူတို့ရဲ့တြိဂံတိုက်စစ်အတွဲအပေါ် ဘယ်လောက်အားကိုးတယ်ဆိုတာ အလွယ်လေးတွေးကြည့်နိုင်ပါတယ်။ ဖာမီနိုရဲ့သွင်းဂိုးတွေပါ ထည့်ပေါင်းလိုက်ရင် ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာ သူတို့ ၃ယောက်ပေါင်းသွင်းဂိုးက ၅၆ ဂိုးရှိလာပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ယမန်နှစ်ချန်ပီယံလိဂ်မှာလည်း ၁၃ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အချက်အလက်တွေအရ လီဗာပူးရဲ့တြိဂံတိုက်စစ်တွဲလုံးဟာ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာ အသင်းရရှိတဲ့သွင်းဂိုးတွေအနက် ၆၂% အထိ ရယူနိုင်ခဲ့ရာ တခြားအသင်းတွေထက် သွင်းဂိုးရာခိုင်နှုန်းပိုများနေပါတယ်။ စီးတီးက ဂိုးတွေရယူနိုင်ဖို့အတွက် အသင်းသားအားလုံးဆီကနေ မျှော်လင့်နိုင်ပေမယ့် လီဗာပူးကတော့ အဲဒီလိုမဟုတ်ဘဲ တိုက်စစ်ကစားသမား ၃ဦးကိုပဲ အဓိကတည်ထားတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကလော့ပ်အနေနဲ့ သူတို့တွေ ကြံ့ခိုင်မှုပြည့်ဝပြီး ခြေစွမ်းပြနေဖို့ လိုအပ်နေပါတယ်။
ပြီးခဲ့တဲ့ရာသီက ထင်ပေါ်ခဲ့တဲ့ အိုရီဂီကတော့ နည်းနည်းမျှော်လင့်လို့ရပါတယ်။ သူဟာ စပါးကို ၂-ဝဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘာစီလိုနာကို ၄ဂိုးပြတ်အနိုင်ရရှိကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပ-အကျော့ ၃ဂိုးပြတ်အရှုံးကို ပြန်လည်ချေဖျက်နိုင်ခဲ့တဲ့ပွဲမှာလည်း ၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ နောက်ပြီး အဲဗာတန်၊ နယူးကာဆယ်တို့နဲ့ကစားခဲ့တဲ့လိဂ်ပွဲတွေမှာလည်း အမှတ်ရစရာနောက်ကျဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။ ကလော့ပ်အနေနဲ့ ရာသီသစ်မှာလည်း အိုရီဂိုကို အကောင်းဆုံးအသုံးချနိုင်ဖို့ ပရိသတ်တွေကတော့ မျှော်လင့်နေပါတယ်။ နောက်ထပ်ရေတိုဖြေရှင်းမှုတွေအဖြစ် ဘရူးစတားက ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီး ရှာကွီရီလည်း ရှိနေသလို စွယ်စုံရလယ်လာနာ ဒါမှမဟုတ် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာတဲ့ ချိန်ဘာလိန်တို့လည်းရှိနေပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီက စီးတီးနဲ့ရင်ဆိုင်ခဲ့ရာမှာ အမှားနည်းနည်းလေးတောင် ကျူးလွန်ခွင့်မရခဲ့ဘူးဆိုတာ ကလော့ပ်လည်း ကောင်းကောင်းသိနေလို့ တစ်ပွဲလောက်ရလဒ်ဆိုးသွားတာနဲ့ ပေးဆပ်ရမယ့်တန်ဖိုးက ကြီးသွားနိုင်ပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နောက်ဆုံး ၂ရာသီအတွင်း စုစုပေါင်း ၁၉၈ မှတ်အထိရယူနိုင်ခဲ့တဲ့စီးတီးနဲ့ အဓိကအားပြိုင်ရမှာဖြစ်ပြီး လက်ရှိအခြေအနေအရ တစ်ပွဲမှအမှားခံလို့မရတဲ့အနေအထားမှာရှိနေပါတယ်။

လီဗာပူးရဲ့ရာသီအဖွင့်ပွဲစဉ်များ
သြဂုတ်(၄) – မန်စီးတီး(ကြားကွင်း) – ကွန်မြူနတီ
သြဂုတ်(၉) – နောဝစ်ချ်(အိမ်) – ပရီးမီးယားလိဂ်
သြဂုတ်(၁၄) – ချဲလ်ဆီး(ကြားကွင်း) – ဥရောပစူပါဖလား
သြဂုတ်(၁၇) – ဆောက်သမ်တန်(ဝေး) – ပရီးမီးယားလိဂ်
သြဂုတ်(၂၄) – အာဆင်နယ်(အိမ်) – ပရီးမီးယားလိဂ်
သြဂုတ်(၃၁) – ဘန်လေ(ဝေး) – ပရီးမီးယားလိဂ်