ပီအက္စ္ဂ်ီကို ထပ္မံစိန္ေခၚလုိက္တာလားေနမာ…ပီအက္စ္ဂ်ီအတြက္ ေမ့မရတဲ့နာက်င္မႈက ေနမာအတြက္ အၿမဲတမ္းအမွတ္ရေနတဲ့ကာလျဖစ္ေန

Photo Credit ; EPA

Photo Credit

ပီအက္စ္ဂ်ီအသင္းတုိက္စစ္မွဴး ေနမာက ေဘာလုံးကြင္းအတြင္း သူ႕ရဲ႕အမွတ္ရစရာအေကာင္းဆုံးျဖစ္ရပ္က အသင္းေဟာင္းဘာစီလုိနာနဲ႔အတူ လက္ရွိကလပ္ ပီအက္စ္ဂ်ီကို ၆-၁ ဂိုးနဲ႔အႏိုင္ရတဲ့ပြဲျဖစ္ေၾကာင္း ၀န္ခံလုိက္ရာ လက္ရွိကလပ္နဲ႔သူ႕ၾကားက လက္က်န္သံေယာဇဥ္အားလုံး ျပတ္ေတာက္သြားၿပီလားဆုိတာ ပရိသတ္ေတြၾကား စိတ္၀င္စားစရာျဖစ္လာပါတယ္။ ၂၀၁၇ ခုႏွစ္ကျဖစ္ပြားခဲ့တဲ့အဲဒီျဖစ္ရပ္ကာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးျဖစ္ရပ္တစ္ခုအျဖစ္ တင္က်န္ရစ္ေနၿပီး ဘာစီလုိနာက ပ-အေက်ာ့မွာ ၄-၀ ဂိုးနဲ႔အေရးနိမ့္ေနခဲ့သလို ဒု-အေက်ာ့အိမ္ကြင္းပြဲမွာလည္း ဘာစီလုိနာက ၈၈မိနစ္ေရာက္တဲ့အခ်ိန္အထိ ဘာစီလုိနာက ႏွစ္ေက်ာ့ေပါင္း ၅-၃ ဂုိးနဲ႔အေရးနိမ့္ေနခဲ့တာပါ။

Photo Credit ; Getty Images

ဒါေပမဲ့ ေနမာက ပြဲကစားခ်ိန္ ၃မိနစ္အတြင္း ၂ဂိုးဆက္သြင္းယူကာ ႏွစ္ေက်ာ့ေပါင္းရလဒ္ တူညီသြားၿပီးေနာက္ သူ႕ရဲ႕ဖန္တီးမႈကေန ဆာဂ်ီေရာဘတ္တိုက အဆုံးသတ္ဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ ဘာစီလုိနာအသင္းလည္း အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ခဲ့ကာ အသင္းသားေတြလည္း သည္းသည္းထန္ထန္ေအာင္ပြဲခံသြားပါတယ္။ ၿပီးခ့ဲ့တဲ့စေနေန႔က ဂ်ာနယ္လစ္တစ္ဦးက သူ႕ရဲ႕ကြင္းအတြင္းအေကာင္းဆုံးျဖစ္ရပ္ကို ေမးျမန္းခဲ့ရာမွာ ဘရာဇီးသားေနမာက ”ကၽြန္ေတာ့္ရဲ႕အေကာင္းဆုံးအမွတ္တရလား…ေသခ်ာေတာ့မသိဘူးဗ်။ ေကာင္းၿပီေလ…ဘာစီလုိနာနဲ႔အတူ ပီအက္စ္ဂ်ီကို အႏုိင္ရခဲ့တဲ့ပြဲက လုံး၀ကိုၿပီးျပည့္စုံတဲ့ပြဲပါပဲ။ အဲဒီပြဲအၿပီးမွာ ကၽြန္ေတာ္တုိ႔ဟာ အားလုံး႐ူးသြပ္သြားၾကတယ္”

Photo Credit

”ကၽြန္ေတာ္တုိ႔အားလုံးအတြက္ အေကာင္းဆုံးခံစားခ်က္ျဖစ္လိမ့္မယ္လုိ႔ ယုံၾကည္ပါတယ္။ ၆ဂိုးသြင္းယူလုိက္ခ်ိန္ စိတ္ထဲမွာ ခံစားရတာက အရင္တုန္းက တစ္ခါမွမခံစားဖူးတဲ့အရသာျဖစ္ပါတယ္။ ဒီပြဲက တကယ့္ကိုမယံုၾကည္ႏိုင္စရာေကာင္းပါတယ္”လုိ႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ေနမာဟာ လက္ရွိအခ်ိန္မွာ ပီအက္စ္ဂ်ီအသင္းနဲ႔ ဆက္ဆံေရးအဆင္မေျပျဖစ္ေနၿပီး အသင္းေဟာင္းဘာစီလုိနာကို ျပန္လည္ေျပာင္းေရႊ႕လုိတယ္လုိ႔ အသိေပးခဲ့ၿပီးေနာက္ အခုလိုဆက္ဆံေရးဆိုးရြားလာခဲ့တာပါ။

Photo Credit ; Getty Images

သူဟာ ရာသီႀကိဳေလ့က်င့္ဆင္းႏိုင္ေရးအတြက္ အသင္းဆီသတင္းေပးပို႔ဖို႔ ပ်က္ကြက္ခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းကလည္း အဲဒီျဖစ္ရပ္အတြက္ ေနမာ့ကို အျပစ္ေပးဖုိ႔ စီစဥ္ေနတယ္လုိ႔ တု႔ံျပန္ခဲ့ပါတယ္။ ဘာစီလုိနာက ေသာၾကာေန႔မွာ ဂရစ္ဇ္မန္းကို ေပါင္ ၁၀၈သန္းနဲ႔ေခၚယူထားၿပီးျဖစ္ေပမယ့္ ယခုေႏြရာသီအတြင္း ေနမာကို ျပန္လည္ေခၚယူဖုိ႔ ဆႏၵျပင္းျပေနဆဲျဖစ္ပါတယ္။

Photo Credit

Unicode

ပီအက်စ်ဂျီကို ထပ်မံစိန်ခေါ်လိုက်တာလားနေမာ…ပီအက်စ်ဂျီအတွက် မေ့မရတဲ့နာကျင်မှုက နေမာအတွက် အမြဲတမ်းအမှတ်ရနေတဲ့ကာလဖြစ်နေ

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာက ဘောလုံးကွင်းအတွင်း သူ့ရဲ့အမှတ်ရစရာအကောင်းဆုံးဖြစ်ရပ်က အသင်းဟောင်းဘာစီလိုနာနဲ့အတူ လက်ရှိကလပ် ပီအက်စ်ဂျီကို ၆-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲဖြစ်ကြောင်း ဝန်ခံလိုက်ရာ လက်ရှိကလပ်နဲ့သူ့ကြားက လက်ကျန်သံယောဇဉ်အားလုံး ပြတ်တောက်သွားပြီလားဆိုတာ ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်လာပါတယ်။ ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့အဲဒီဖြစ်ရပ်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အကောင်းဆုံးဖြစ်ရပ်တစ်ခုအဖြစ် တင်ကျန်ရစ်နေပြီး ဘာစီလိုနာက ပ-အကျော့မှာ ၄-၀ ဂိုးနဲ့အရေးနိမ့်နေခဲ့သလို ဒု-အကျော့အိမ်ကွင်းပွဲမှာလည်း ဘာစီလိုနာက ၈၈မိနစ်ရောက်တဲ့အချိန်အထိ ဘာစီလိုနာက နှစ်ကျော့ပေါင်း ၅-၃ ဂိုးနဲ့အရေးနိမ့်နေခဲ့တာပါ။
ဒါပေမဲ့ နေမာက ပွဲကစားချိန် ၃မိနစ်အတွင်း ၂ဂိုးဆက်သွင်းယူကာ နှစ်ကျော့ပေါင်းရလဒ် တူညီသွားပြီးနောက် သူ့ရဲ့ဖန်တီးမှုကနေ ဆာဂျီရောဘတ်တိုက အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းလည်း အံ့အားသင့်စရာကောင်းလောက်အောင် နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ကာ အသင်းသားတွေလည်း သည်းသည်းထန်ထန်အောင်ပွဲခံသွားပါတယ်။ ပြီးခဲ့တဲ့စနေနေ့က ဂျာနယ်လစ်တစ်ဦးက သူ့ရဲ့ကွင်းအတွင်းအကောင်းဆုံးဖြစ်ရပ်ကို မေးမြန်းခဲ့ရာမှာ ဘရာဇီးသားနေမာက ”ကျွန်တော့်ရဲ့အကောင်းဆုံးအမှတ်တရလား…သေချာတော့မသိဘူးဗျ။ ကောင်းပြီလေ…ဘာစီလိုနာနဲ့အတူ ပီအက်စ်ဂျီကို အနိုင်ရခဲ့တဲ့ပွဲက လုံးဝကိုပြီးပြည့်စုံတဲ့ပွဲပါပဲ။ အဲဒီပွဲအပြီးမှာ ကျွန်တော်တို့ဟာ အားလုံးရူးသွပ်သွားကြတယ်”
”ကျွန်တော်တို့အားလုံးအတွက် အကောင်းဆုံးခံစားချက်ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ၆ဂိုးသွင်းယူလိုက်ချိန် စိတ်ထဲမှာ ခံစားရတာက အရင်တုန်းက တစ်ခါမှမခံစားဖူးတဲ့အရသာဖြစ်ပါတယ်။ ဒီပွဲက တကယ့်ကိုမယုံကြည်နိုင်စရာကောင်းပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ နေမာဟာ လက်ရှိအချိန်မှာ ပီအက်စ်ဂျီအသင်းနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေပြီး အသင်းဟောင်းဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့လိုတယ်လို့ အသိပေးခဲ့ပြီးနောက် အခုလိုဆက်ဆံရေးဆိုးရွားလာခဲ့တာပါ။
သူဟာ ရာသီကြိုလေ့ကျင့်ဆင်းနိုင်ရေးအတွက် အသင်းဆီသတင်းပေးပို့ဖို့ ပျက်ကွက်ခဲ့ပြီး ပီအက်စ်ဂျီအသင်းကလည်း အဲဒီဖြစ်ရပ်အတွက် နေမာ့ကို အပြစ်ပေးဖို့ စီစဉ်နေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဘာစီလိုနာက သောကြာနေ့မှာ ဂရစ်ဇ်မန်းကို ပေါင် ၁၀၈သန်းနဲ့ခေါ်ယူထားပြီးဖြစ်ပေမယ့် ယခုနွေရာသီအတွင်း နေမာကို ပြန်လည်ခေါ်ယူဖို့ ဆန္ဒပြင်းပြနေဆဲဖြစ်ပါတယ်။