ပါ့သ္ဂလိုရီကို အႏုိင္ရတဲ့ေျခစမ္းပြဲမွာ ဒဏ္ရာေၾကာင့္ မန္ယူေနာက္ခံလူလုခ္ေရွာ လူစားလဲခဲ့ရ

ပထမဆံုးရာသီအႀကိဳေျခစမ္းပြဲျဖစ္တဲ့ ၾသစေၾတးလ်ကလပ္ ပါ့သ္ဂလုိရီနဲ႔ေျခစမ္းပြဲမွာ ဘယ္ေနာက္ခံလူ လုခ္ေရွာ ဒဏ္ရာရသြားခဲ့လို႔ မန္ယူအသင္းအတြက္ ထိုးႏွက္ခ်က္တစ္ခုျဖစ္လာခဲ့ပါတယ္။

အဂၤလန္ေနာက္ခံလူလုခ္ေရွာဟာ ပြဲခ်ိန္ ဒုတိယပိုင္းမွ လူစား၀င္ကစားခဲ့တာျဖစ္ေပမယ့္ ပြဲခ်ိန္ 83 မိနစ္မွာ တံေကာက္ေၾကာဒဏ္ရာရၿပီး ဂ်ိမ္းစ္ဂါနာနဲ႔လူစားလဲခဲ့ရတာျဖစ္ပါတယ္။ လုခ္ေရွာဟာ တံေကာက္ေၾကာဒဏ္ရာရရိွသြားခဲ့တာျဖစ္ၿပီး မန္ယူနည္းျပ ဆုိးလ္ရွားကေတာ့ လုခ္ေရွာရဲ႕ ဒဏ္ရာဟာ ဆုိးဆိုးရြားရြားျဖစ္လိမ့္မယ္မထင္ေၾကာင္း ထုတ္ေဖာ္ေျပာသြားခဲ့ပါတယ္။

လုခ္ေရွာရဲ႕ဒဏ္ရာအေျခအေနနဲ႔ ပတ္သက္ၿပီး ဆုိးလ္ရွားက “ သူ႔တံေကာက္ေၾကာက နည္းနည္းနာသြားတာပါ။ ဒါေၾကာင့္ဆိုးဆုိးရြားရြားေတာ့ ရိွမယ္မထင္ပါဘူး။ သူက ဒဏ္ရာနည္းနည္းနာလာေတာ့ လူစားလဲေပးဖုိ႔ အခ်က္ျပလုိ႔ ကၽြန္ေတာ္ကလည္း ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ လူစားလဲလုိက္ရတာပါ” လို႔ ေျပာျပသြားခဲ့ပါတယ္။

လုခ္ေရွာရဲ႕ေနရာမွာ လူစား၀င္ကစားခဲ့တဲံ ဂ်ိမ္းစ္ဂါနာဟာ လူစား၀င္ၿပီး 2 မိနစ္အၾကာမွာပဲ မန္ယူအသင္းအတြက္ အႏုိင္ဂိုးတစ္ဂိုးကို သြငး္ယူေပးႏုိင္ခဲ့ပါတယ္။

မန္ယူအသင္းဟာ ရာသီသစ္အတြက္ ျပင္ဆင္မႈအျဖစ္ ပထမဆံုးစတင္ကစားတဲ့ ေျခစမ္းပြဲမွာ ၾသစေၾတးလ်ကလပ္ ပါ့သ္ဂလုိရီကို 2 ဂိုးျပတ္နဲ႔အႏုိင္ရခဲ့တာျဖစ္ပါတယ္။ မန္ယူအသင္းဟာ ပြဲခိ်န္ ပထမပိုင္းမွာ ပါ့သ္ဂလိုရီနဲ႔ ဂိုးမရိွသေရက်ေနခဲ့ေပမယ့္ ဒုတိယပိုင္းမွာ လူစား၀င္လာတဲ့ ရက္ရွ္ဖို႔ဒ္က မိနစ္ 60 အေရာက္ အႏုိင္ဂိုးကို စတင္သြင္းယူႏုိင္ခဲ့ၿပီး ဒုတိယဂိုးကို ပြဲခ်ိန္ 85 မိနစ္မွာ ဂါနာကသြင္းယူခဲ့တာျဖစ္ပါတယ္။

မန္ယူအသင္းဟာ ပါ့သ္ဂလုိရီနဲ႔ေျခစမ္းပြဲမွာ ဂိုးသမား ရိုမီယူနဲ႔ အတူ ေနာက္တန္းမွာ ဒါေလာ့၊ တြမ္ဇီဘီ၊ အက္ရွ္ေလယန္း၊ ဖီးလ္ဂ်ံဳးတို႔ကို ထုတ္သံုးခဲ့ၿပီး ကြင္းလယ္မွာ မာတစ္၊ ပါရီရာ၊ တာဟစ္ေခ်ာင္၊ တုိက္စစ္မွာ မာရွယ္၊ လင္ဂတ္၊ ဒန္နီရယ္ဂ်ိမ္းစ္တုိ႔ကို ထုတ္သံုးခဲ့တာျဖစ္ပါတယ္။

ပြဲထြက္လူစာရင္းမွာ ခရစၥတယ္ပဲေလ့စ္က ေခၚယူထားတဲ့ ေနာက္ခံလူ ဘစ္ဆာကာ မပါလာလို႔ ပရိသတ္ေတြ စိတ္ပ်က္ခဲ့ၾကေပမယ့္ ဒုတိယပိုင္းမွာေတာ့ မာတာ၊ တြမ္မီေနး၊ စေမာလင္း၊ ဂရင္း၀ုဒ္၊ အိန္ဂ်ယ္ဂိုမက္စ္၊ လုခ္ေရွာ၊ ရိုဂ်ိဳ၊ ေပါ့ဘာ၊ ဘစ္ဆာကာ၊ ရက္ရွ္ဖုိ႔ဒ္၊ ဂါနာတုိ႔ လူစား၀င္ကစားခဲ့ၾကတာျဖစ္ပါတယ္။

[Unicode]

ပါ့သ်ဂလိုရီကို အနိုင်ရတဲ့ခြေစမ်းပွဲမှာ ဒဏ်ရာကြောင့် မန်ယူနောက်ခံလူလုခ်ရှော လူစားလဲခဲ့ရ
=====================================

ပထမဆုံးရာသီအကြိုခြေစမ်းပွဲဖြစ်တဲ့ သြစတြေးလျကလပ် ပါ့သ်ဂလိုရီနဲ့ခြေစမ်းပွဲမှာ ဘယ်နောက်ခံလူ လုခ်ရှော ဒဏ်ရာရသွားခဲ့လို့ မန်ယူအသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။

အင်္ဂလန်နောက်ခံလူလုခ်ရှောဟာ ပွဲချိန် ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့တာဖြစ်ပေမယ့် ပွဲချိန် 83 မိနစ်မှာ တံကောက်ကြောဒဏ်ရာရပြီး ဂျိမ်းစ်ဂါနာနဲ့လူစားလဲခဲ့ရတာဖြစ်ပါတယ်။ လုခ်ရှောဟာ တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး မန်ယူနည်းပြ ဆိုးလ်ရှားကတော့ လုခ်ရှောရဲ့ ဒဏ်ရာဟာ ဆိုးဆိုးရွားရွားဖြစ်လိမ့်မယ်မထင်ကြောင်း ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

လုခ်ရှောရဲ့ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ဆိုးလ်ရှားက “ သူ့တံကောက်ကြောက နည်းနည်းနာသွားတာပါ။ ဒါကြောင့်ဆိုးဆိုးရွားရွားတော့ ရှိမယ်မထင်ပါဘူး။ သူက ဒဏ်ရာနည်းနည်းနာလာတော့ လူစားလဲပေးဖို့ အချက်ပြလို့ ကျွန်တော်ကလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစားလဲလိုက်ရတာပါ” လို့ ပြောပြသွားခဲ့ပါတယ်။

လုခ်ရှောရဲ့နေရာမှာ လူစားဝင်ကစားခဲ့တဲံ ဂျိမ်းစ်ဂါနာဟာ လူစားဝင်ပြီး 2 မိနစ်အကြာမှာပဲ မန်ယူအသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

မန်ယူအသင်းဟာ ရာသီသစ်အတွက် ပြင်ဆင်မှုအဖြစ် ပထမဆုံးစတင်ကစားတဲ့ ခြေစမ်းပွဲမှာ သြစတြေးလျကလပ် ပါ့သ်ဂလိုရီကို 2 ဂိုးပြတ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပွဲချိန် ပထမပိုင်းမှာ ပါ့သ်ဂလိုရီနဲ့ ဂိုးမရှိသရေကျနေခဲ့ပေမယ့် ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ရက်ရှ်ဖို့ဒ်က မိနစ် 60 အရောက် အနိုင်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီး ဒုတိယဂိုးကို ပွဲချိန် 85 မိနစ်မှာ ဂါနာကသွင်းယူခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းဟာ ပါ့သ်ဂလိုရီနဲ့ခြေစမ်းပွဲမှာ ဂိုးသမား ရိုမီယူနဲ့ အတူ နောက်တန်းမှာ ဒါလော့၊ တွမ်ဇီဘီ၊ အက်ရှ်လေယန်း၊ ဖီးလ်ဂျုံးတို့ကို ထုတ်သုံးခဲ့ပြီး ကွင်းလယ်မှာ မာတစ်၊ ပါရီရာ၊ တာဟစ်ချောင်၊ တိုက်စစ်မှာ မာရှယ်၊ လင်ဂတ်၊ ဒန်နီရယ်ဂျိမ်းစ်တို့ကို ထုတ်သုံးခဲ့တာဖြစ်ပါတယ်။

ပွဲထွက်လူစာရင်းမှာ ခရစ္စတယ်ပဲလေ့စ်က ခေါ်ယူထားတဲ့ နောက်ခံလူ ဘစ်ဆာကာ မပါလာလို့ ပရိသတ်တွေ စိတ်ပျက်ခဲ့ကြပေမယ့် ဒုတိယပိုင်းမှာတော့ မာတာ၊ တွမ်မီနေး၊ စမောလင်း၊ ဂရင်းဝုဒ်၊ အိန်ဂျယ်ဂိုမက်စ်၊ လုခ်ရှော၊ ရိုဂျို၊ ပေါ့ဘာ၊ ဘစ်ဆာကာ၊ ရက်ရှ်ဖို့ဒ်၊ ဂါနာတို့ လူစားဝင်ကစားခဲ့ကြတာဖြစ်ပါတယ်။