နည္းျပဆိုးလ္ရွား ဘယ္သူနဲ႔ေဆြးေႏြးတိုင္ပင္ အႀကံဥာဏ္ယူတတ္လဲ?

Photo Credit-Daily Mail

လူအမ်ားစုမွာ ေဆြးေႏြးတိုင္ပင္စရာ သူငယ္ခ်င္းေတာ့ ရိွတတ္ၾကပါတယ္။ အထူးသျဖင့္ အႀကံအိုက္လာတဲ့ အခ်ိန္မ်ဳိးမွာ ကိုယ္မစဥ္းစားမိတဲ့ ကိစၥကို တျခားတစ္ေယာက္က အဖက္ဖက္ကေန စဥ္းစားႏိုင္ပါတယ္။ မန္ယူနည္းျပ ဆိုးလ္ရွားအတြက္လည္း အဲလုိအႀကံဥာဏ္ေပးတတ္တဲ့ သူငယ္ခ်င္းရိွပါတယ္။ သူကေတာ့ အသင္းေဖာ္မိတ္ေဆြျဖစ္တဲ့ ရုိလ္ကိန္းပဲျဖစ္ပါတယ္။

Photo Credit-football 365

ဆိုးလ္ရွားဟာ ၿပီးခဲ့တဲ့ တစ္ရက္ႏွစ္ရက္ကမွ သူငယ္ခ်င္းျဖစ္သူ ရိုလ္ကိန္းအိမ္ကို သြားေရာက္ၿပီး၊စကားေျပာဆို ခဲ့တာျဖစ္ပါတယ္။ ေကာ္ဖီေသာက္၊မုန္႔စားရင္းနဲ႔ ေရွးေဟာင္းေႏွာင္းျဖစ္ေတြသာမက အခုလက္ရိွမန္ယူရဲ႕အခ်ဳိ႕ အေျခအေနေတြပါ ေျပာခဲ့ၾကပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ နဂုိမန္ယူမွာ ကစားခဲ့ကတည္းက အတြဲညီတယ္လို႔ သတ္မွတ္ခံခဲ့ၾကရတာျဖစ္ပါတယ္။

Photo Credit-manchester-evening-news

“ကၽြန္ေတာ္ၿပီးခဲ့တဲ့ ရက္တုန္းက ရိုလ္အိမ္ကိုသြားခဲ့ၿပီး လက္ဘက္ရည္၀ုိင္းနဲ႔အတူ စကားေတြေျပာျဖစ္ခဲ့ပါတယ္။ သူဟာကၽြန္ေတာ့္ကို အႀကံဥာဏ္ေတြ အၿမဲတမ္းေပးေလ့ရိွပါတယ္။ သူေပးတဲ့အႀကံဥာဏ္ေတြကိုလည္း ကၽြန္ေတာ္တန္ဖုိးထားေလ့ရိွပါတယ္”လို႔ နည္းျပ ဆုိးလ္ရွားကေျပာပါတယ္။

Photo Credit-Mirror

“ကၽြန္ေတာ္တို႔ဟာ အရမ္းရင္းႏွီးတဲ့သူေတြျဖစ္ပါတယ္။ သူဟာတကယ္ေတာ္တဲ့ ေခါင္းေဆာင္တစ္ ေယာက္ျဖစ္ပါတယ္။”လို႔ ဆိုးလ္ရွားကဆိုပါတယ္။ ဆိုးလ္ရွားတို႔ လက္ဘက္ရည္၀ိုင္းမွာ မန္ယူကစားသမား ကိစၥေတြကိုလည္း ေျပာခဲ့ၾကပါေသးတယ္။ အထူးသျဖင့္ ကစားသမား အေျပာင္းအေရႊ႕၊ အေရာင္းအ၀ယ္ ကိစၥျဖစ္ႏိုင္ပါတယ္။ ဆုိးလ္ရွားဟာ မန္ယူအတြက္ ဘက္ေပါင္းစုံကေန အႀကံဥာဏ္ေတြယူေနတာဟာ တစ္ဖက္ကေနၾကည့္မယ္ဆုိရင္ အသင္းအတြက္ ယုံၾကည္ခ်က္ေတြ၊စိတ္ေတြစူးစိုက္ေနတာပဲျဖစ္ပါတယ္။

Photo Credit-Internet

(Unicode Version)

နည်းပြဆိုးလ်ရှား ဘယ်သူနဲ့ဆွေးနွေးတိုင်ပင် အကြံဉာဏ်ယူတတ်လဲ?

လူအများစုမှာ ဆွေးနွေးတိုင်ပင်စရာ သူငယ်ချင်းတော့ ရှိတတ်ကြပါတယ်။ အထူးသဖြင့် အကြံအိုက်လာတဲ့ အချိန်မျိုးမှာ ကိုယ်မစဉ်းစားမိတဲ့ ကိစ္စကို တခြားတစ်ယောက်က အဖက်ဖက်ကနေ စဉ်းစားနိုင်ပါတယ်။ မန်ယူနည်းပြ ဆိုးလ်ရှားအတွက်လည်း အဲလိုအကြံဉာဏ်ပေးတတ်တဲ့ သူငယ်ချင်းရှိပါတယ်။ သူကတော့ အသင်းဖော်မိတ်ဆွေဖြစ်တဲ့ ရိုလ်ကိန်းပဲဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်ကမှ သူငယ်ချင်းဖြစ်သူ ရိုလ်ကိန်းအိမ်ကို သွားရောက်ပြီး၊စကားပြောဆို ခဲ့တာဖြစ်ပါတယ်။ ကော်ဖီသောက်၊မုန့်စားရင်းနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေသာမက အခုလက်ရှိမန်ယူရဲ့အချို့ အခြေအနေတွေပါ ပြောခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ နဂိုမန်ယူမှာ ကစားခဲ့ကတည်းက အတွဲညီတယ်လို့ သတ်မှတ်ခံခဲ့ကြရတာဖြစ်ပါတယ်။

“ကျွန်တော်ပြီးခဲ့တဲ့ ရက်တုန်းက ရိုလ်အိမ်ကိုသွားခဲ့ပြီး လက်ဘက်ရည်ဝိုင်းနဲ့အတူ စကားတွေပြောဖြစ်ခဲ့ပါတယ်။ သူဟာကျွန်တော့်ကို အကြံဉာဏ်တွေ အမြဲတမ်းပေးလေ့ရှိပါတယ်။ သူပေးတဲ့အကြံဉာဏ်တွေကိုလည်း ကျွန်တော်တန်ဖိုးထားလေ့ရှိပါတယ်”လို့ နည်းပြ ဆိုးလ်ရှားကပြောပါတယ်။

“ကျွန်တော်တို့ဟာ အရမ်းရင်းနှီးတဲ့သူတွေဖြစ်ပါတယ်။ သူဟာတကယ်တော်တဲ့ ခေါင်းဆောင်တစ် ယောက်ဖြစ်ပါတယ်။”လို့ ဆိုးလ်ရှားကဆိုပါတယ်။ ဆိုးလ်ရှားတို့ လက်ဘက်ရည်ဝိုင်းမှာ မန်ယူကစားသမား ကိစ္စတွေကိုလည်း ပြောခဲ့ကြပါသေးတယ်။ အထူးသဖြင့် ကစားသမား အပြောင်းအရွှေ့၊ အရောင်းအဝယ် ကိစ္စဖြစ်နိုင်ပါတယ်။ ဆိုးလ်ရှားဟာ မန်ယူအတွက် ဘက်ပေါင်းစုံကနေ အကြံဉာဏ်တွေယူနေတာဟာ တစ်ဖက်ကနေကြည့်မယ်ဆိုရင် အသင်းအတွက် ယုံကြည်ချက်တွေ၊စိတ်တွေစူးစိုက်နေတာပဲဖြစ်ပါတယ်။