ဒန္နီရယ္ဂ်ိမ္းစ္ေရာ ဘစ္ဆာကာ ပါေျခစြမ္းျပႏိုင္လို႔ မန္ယူပရိသတ္ေတြေက်နပ္ေန

မန္ယူက ပါ့သ္ဂလိုရီကို ၂-၀ နဲ႔အႏိုင္ရခဲ့တဲ႔ေျခစမ္းပြဲမွာ ကစားသမားသစ္ႏွစ္ဦးျဖစ္တဲ႔ ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ ဘစ္ဆာကာ တို႔ွႏွစ္ဦးစလုံးေျခစြမ္းျပႏိုင္ခဲ့ၾကလို႔ မန္ယူပရိသတ္ေတြက ေက်နပ္ေနၾကတယ္လို႔ သိရပါတယ္။ဒီပြဲမွာ မန္ယူအတြက္ ဂိုးေတြကို ဂ်ိမ္းစ္ဂါနာနဲ႔ ရက္ရွ္ဖို႔ဒ္တို႔က သြင္းယူေပးခဲ့ၾကတာပါ။

မန္ယူဟာ ရာသီႀကိဳကာလ ပထမဆုံးေျခစမ္းပြဲကို ကစားခဲ့တာျဖစ္ၿပီး ဂိုးသြင္းခဲ့တဲ႔သူေတြထက္ ကစားသမားသစ္ႏွစ္ဦးရဲ႕ေျခစြမ္းက ပိုၿပီးအာရုံစိုက္စရာျဖစ္ခဲ့ရတာပါ။ အသက္ ၂၁ ႏွစ္သာရွိေသးတဲ႔ ဂ်ိမ္းစ္ဟာ ဒီပြဲမွာသူ႔ရဲ႕လ်င္ျမန္မႈနဲ႔ က်ြမ္းက်င္မႈတို႔ကို အသုံးခ်ၿပီး ပါ့သ္ဂလိုရီ ကစားသမားေတြကိုဒုကၡေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ခရစၥတယ္ပဲေလ႔စ္ကေနေျပာင္းလာတဲ႔ ဘစ္ဆာကာဆိုရင္လည္းဒုတိယပိုင္းမွာလူစား၀င္လာၿပီးေနာက္ အားရစရာေကာင္းတဲ႔ေျခစြမ္းကိုျပသသြားႏိုင္ခဲ့တာပါ။ ဒါေၾကာင့္လည္း ပြဲအၿပီးမွာအဲဒီကစားသမားႏွစ္ဦးကို ပရိသတ္ေတြက တြစ္တာေပၚကေနတစ္ဆင့္ ခ်ီးက်ဴ းစကားဆိုခဲ့ၾကတာပါ။ ဘစ္ဆာကာဟာ မန္ယူရဲ႕အေကာင္းဆုံးညာေနာက္ခံလူျဖစ္လာႏိုင္ၿပီး ဂ်ိမ္းစ္ဟာလည္း မန္ယူမွာႏွစ္ေပါင္းမ်ားစြာေပ်ာက္ဆုံးေနတဲ႔အရာကို ျပန္လည္ယူလာေပးသူလို႔ ဆိုၾကပါတယ္။

ပြဲအၿပီးမွာ ဂ်ိမ္းက မန္ယူကိုသူေရာက္လာၿပီးေနာက္ သူ႔ရဲ႕အားသာခ်က္နဲ႔ကစားဟန္ကို အသင္းေဖာ္ေတြဆီေျပာျပခဲ့ၿပီးသားလို႔ ဖြင့္ဟပါတယ္။ သူ႔ရဲ႕လ်င္ျမန္မႈကိုအသုံးခ်ၿပီးအေနာက္ကေနလိုက္ပါကစားဖို႔ တိုက္တြန္းခဲ့တယ္လို႔လည္း သူကဆိုပါတယ္။

ဂ်ိမ္းစ္က”က်ြန္ေတာ္႔အားသာခ်က္နဲ႔ ဘယ္လိုကစားတတ္လဲဆိုတာ ဒီကိုေရာက္ကတည္းကေျပာၿပီးသားပါ။ အက္ရွ္ေလယန္းဆိုရင္ က်ြန္ေတာ္႔ေနာက္ကေန ေကာင္းေကာင္းလိုက္ပါကစားႏိုင္ခဲ့ပါတယ္။ ဒါဟာအသင္းေဖာ္ေတြနဲ႔ ပိုၿပီးအခ်ိတ္အဆက္မိႏိုင္ဖို႔ သိပ္အေရးႀကီးတဲ႔အခ်က္ပါဘဲ”လို႔ေျပာသြားပါတယ္။ ဂ်ိမ္းစ္ဟာပထမပိုင္း ၄၅ မိနစ္လုံး ဘယ္ေတာင္ပံမွာကစားခဲ့ရၿပီး ဒီေနရာကသူအႀကိဳက္ဆုံးလို႔လည္းဆက္ေျပာသြားပါတယ္။

Unicode

ဒန်နီရယ်ဂျိမ်းစ်ရော ဘစ်ဆာကာ ပါခြေစွမ်းပြနိုင်လို့ မန်ယူပရိသတ်တွေကျေနပ်နေ
မန်ယူက ပါ့သ်ဂလိုရီကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ခြေစမ်းပွဲမှာ ကစားသမားသစ်နှစ်ဦးဖြစ်တဲ့ ဒန်နီရယ်ဂျိမ်းစ်နဲ့ ဘစ်ဆာကာ တို့ှနှစ်ဦးစလုံးခြေစွမ်းပြနိုင်ခဲ့ကြလို့ မန်ယူပရိသတ်တွေက ကျေနပ်နေကြတယ်လို့ သိရပါတယ်။ဒီပွဲမှာ မန်ယူအတွက် ဂိုးတွေကို ဂျိမ်းစ်ဂါနာနဲ့ ရက်ရှ်ဖို့ဒ်တို့က သွင်းယူပေးခဲ့ကြတာပါ။

မန်ယူဟာ ရာသီကြိုကာလ ပထမဆုံးခြေစမ်းပွဲကို ကစားခဲ့တာဖြစ်ပြီး ဂိုးသွင်းခဲ့တဲ့သူတွေထက် ကစားသမားသစ်နှစ်ဦးရဲ့ခြေစွမ်းက ပိုပြီးအာရုံစိုက်စရာဖြစ်ခဲ့ရတာပါ။ အသက် ၂၁ နှစ်သာရှိသေးတဲ့ ဂျိမ်းစ်ဟာ ဒီပွဲမှာသူ့ရဲ့လျင်မြန်မှုနဲ့ ကျွမ်းကျင်မှုတို့ကို အသုံးချပြီး ပါ့သ်ဂလိုရီ ကစားသမားတွေကိုဒုက္ခပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ကနေပြောင်းလာတဲ့ ဘစ်ဆာကာဆိုရင်လည်းဒုတိယပိုင်းမှာလူစားဝင်လာပြီးနောက် အားရစရာကောင်းတဲ့ခြေစွမ်းကိုပြသသွားနိုင်ခဲ့တာပါ။ ဒါကြောင့်လည်း ပွဲအပြီးမှာအဲဒီကစားသမားနှစ်ဦးကို ပရိသတ်တွေက တွစ်တာပေါ်ကနေတစ်ဆင့် ချီးကျူ းစကားဆိုခဲ့ကြတာပါ။ ဘစ်ဆာကာဟာ မန်ယူရဲ့အကောင်းဆုံးညာနောက်ခံလူဖြစ်လာနိုင်ပြီး ဂျိမ်းစ်ဟာလည်း မန်ယူမှာနှစ်ပေါင်းများစွာပျောက်ဆုံးနေတဲ့အရာကို ပြန်လည်ယူလာပေးသူလို့ ဆိုကြပါတယ်။

ပွဲအပြီးမှာ ဂျိမ်းက မန်ယူကိုသူရောက်လာပြီးနောက် သူ့ရဲ့အားသာချက်နဲ့ကစားဟန်ကို အသင်းဖော်တွေဆီပြောပြခဲ့ပြီးသားလို့ ဖွင့်ဟပါတယ်။ သူ့ရဲ့လျင်မြန်မှုကိုအသုံးချပြီးအနောက်ကနေလိုက်ပါကစားဖို့ တိုက်တွန်းခဲ့တယ်လို့လည်း သူကဆိုပါတယ်။

ဂျိမ်းစ်က”ကျွန်တော့်အားသာချက်နဲ့ ဘယ်လိုကစားတတ်လဲဆိုတာ ဒီကိုရောက်ကတည်းကပြောပြီးသားပါ။ အက်ရှ်လေယန်းဆိုရင် ကျွန်တော့်နောက်ကနေ ကောင်းကောင်းလိုက်ပါကစားနိုင်ခဲ့ပါတယ်။ ဒါဟာအသင်းဖော်တွေနဲ့ ပိုပြီးအချိတ်အဆက်မိနိုင်ဖို့ သိပ်အရေးကြီးတဲ့အချက်ပါဘဲ”လို့ပြောသွားပါတယ်။ ဂျိမ်းစ်ဟာပထမပိုင်း ၄၅ မိနစ်လုံး ဘယ်တောင်ပံမှာကစားခဲ့ရပြီး ဒီနေရာကသူအကြိုက်ဆုံးလို့လည်းဆက်ပြောသွားပါတယ်။