ဒန္နီရယ္ဂ်ိမ္းစ္ကို ဆစ္ဆိုကိုတက္နင္းမႈအေပၚ မန္ယူပရိသတ္ေတြေဒါသထြက္

စပါးနဲ႔ကစားခဲ့တဲ့ရာသီႀကိဳေျခစမ္းပြဲစဥ္မွာ ေတာင္ပံကစားသမားဒန္နီရယ္ဂ်ိမ္းစ္ကို ၿပိဳင္ဘက္ကစားသမားဆစ္ဆိုကိုက ေျခေထာက္နဲ႔တက္နင္းခဲ့ပုံေပၚတာေၾကာင့္ အဲဒီအတြက္ မန္ယူပရိသတ္ေတြဟာ ေဒါသထြက္ေနၾကပါတယ္။ ဒန္နီရယ္ဂ်ိမ္းစ္ဟာ ေထာင့္ကန္ေဘာအလံတိုင္နားမွာ ေဘာလုံးကို ေျခေထာက္နဲ႔ကာထားစဥ္ ဆစ္ဆိုကိုက ေနာက္ကေန ခပ္ၾကမး္ၾကမး္၀င္ခဲ့တာပါ။ ဒါေၾကာင့္ မန္ယူကစားသမားသစ္ေလး ဒန္နီရယ္ဂ်ိမ္းစ္ဟာ ေျမႀကီးေပၚမွာ လူးလိွမ့္ေနၿပီး သူျပန္မထႏိုင္ခ်ိန္မွာပဲ ဆစ္ဆိုကိုက ၀မ္းဗိုက္ေလာက္ကို ေျခေထာက္နဲ႔ တက္နင္းသလို လုပ္ခဲ့တာပါ။

photo-reuters

အဲဒီျဖစ္ရပ္ေၾကာင့္ ႏွစ္ဖက္ကစားသမားေတြၾကားမွာ ရုန္းရင္ဆန္ခတ္ျဖစ္ခဲ့ပါတယ္။ ကြင္းလယ္ဒိုင္က ၾကား၀င္ခဲ့ရတဲ့အထိပါပဲ။ ဒါေပမဲ့ ဒိုင္လူႀကီးက အ၀ါကတ္ေတာင္ မျပခဲ့တာေၾကာင့္ မန္ယူကစားသမားေတြနဲ႔ ပရိသတ္ေတြဟာ ေဒါသထြက္ခဲ့ၾကပါတယ္။

photo-gettyimages

ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာလည္း အဲဒီျဖစ္ရပ္နဲ႔့ပတ္သက္ၿပီး မန္ယူပရိသတ္ေတြဟာ စပါးကစားသမားဆစ္ဆိုကိုကုိ ျပင္းျပင္းထန္ထန္ေ၀ဖန္ခဲ့ၾကပါတယ္။ Twitter ေပၚက မန္ယူပရိသတ္တစ္ေယာက္ဆုိရင္ ”ဆစ္ဆုိကုိဟာ က်က္သေရတုံးပါတယ္။ ဒန္နီရယ္ဂ်ိမ္းစ္ကို တမင္သက္သက္တက္နင္းတာပါ။  ရူးႏွမ္းေနတဲ့ေကာင္”လို႔ ေရးတင္ခဲ့ပါတယ္။ တျခားမန္ယူပရိသတ္တစ္ေယာက္ကလည္း ဆစ္ဆိုကိုကို ေထာင္ခ်သင့္တယ္လုိ႔ ေရးတင္ခဲ့ပါတယ္။

[Unicode]

စပါးနဲ့ကစားခဲ့တဲ့ရာသီကြိုခြေစမ်းပွဲစဉ်မှာ တောင်ပံကစားသမားဒန်နီရယ်ဂျိမ်းစ်ကို ပြိုင်ဘက်ကစားသမားဆစ်ဆိုကိုက ခြေထောက်နဲ့တက်နင်းခဲ့ပုံပေါ်တာကြောင့် အဲဒီအတွက် မန်ယူပရိသတ်တွေဟာ ဒေါသထွက်နေကြပါတယ်။ ဒန်နီရယ်ဂျိမ်းစ်ဟာ ထောင့်ကန်ဘောအလံတိုင်နားမှာ ဘောလုံးကို ခြေထောက်နဲ့ကာထားစဉ် ဆစ်ဆိုကိုက နောက်ကနေ ခပ်ကြမ်းကြမ်းဝင်ခဲ့တာပါ။ ဒါကြောင့် မန်ယူကစားသမားသစ်လေး ဒန်နီရယ်ဂျိမ်းစ်ဟာ မြေကြီးပေါ်မှာ လူးလှိမ့်နေပြီး သူပြန်မထနိုင်ချိန်မှာပဲ ဆစ်ဆိုကိုက ဝမ်းဗိုက်လောက်ကို ခြေထောက်နဲ့ တက်နင်းသလို လုပ်ခဲ့တာပါ။

အဲဒီဖြစ်ရပ်ကြောင့် နှစ်ဖက်ကစားသမားတွေကြားမှာ ရုန်းရင်ဆန်ခတ်ဖြစ်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်က ကြားဝင်ခဲ့ရတဲ့အထိပါပဲ။ ဒါပေမဲ့ ဒိုင်လူကြီးက အဝါကတ်တောင် မပြခဲ့တာကြောင့် မန်ယူကစားသမားတွေနဲ့ ပရိသတ်တွေဟာ ဒေါသထွက်ခဲ့ကြပါတယ်။

ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာလည်း အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မန်ယူပရိသတ်တွေဟာ စပါးကစားသမားဆစ်ဆိုကိုကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ Twitter ပေါ်က မန်ယူပရိသတ်တစ်ယောက်ဆိုရင် ”ဆစ်ဆိုကိုဟာ ကျက်သရေတုံးပါတယ်။ ဒန်နီရယ်ဂျိမ်းစ်ကို တမင်သက်သက်တက်နင်းတာပါ။  ရူးနှမ်းနေတဲ့ကောင်”လို့ ရေးတင်ခဲ့ပါတယ်။ တခြားမန်ယူပရိသတ်တစ်ယောက်ကလည်း ဆစ်ဆိုကိုကို ထောင်ချသင့်တယ်လို့ ရေးတင်ခဲ့ပါတယ်။