ဒဏ္ရာျပႆနာေတြက ဂ်ိမ္းစ္ကုိ ရီးရဲလ္မွာ ဆက္ကစားခြင့္ျဖစ္ေစမွာလား…

Photo Credit ; Getty Images

Photo Credit

လက္ရွိအခ်ိန္မွာ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ရီးရဲလ္္မက္ဒရစ္အသင္းဟာ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ကို ဒီရာသီ အသင္းမွ ာဆက္ထိန္းထားရေတာ့မယ့္ အေျခအေနကိုက်ေရာက္လာပါတယ္။ အသင္းရဲ႕ ေတာင္ပံက စားသမားတစ္ဦးျဖစ္တဲ့ မားကို႕စ္အဆန္စီယိုက ဒဏ္ရာျပႆနာေတြနဲ႕ ရင္ဆိုင္ေနရျပီး ၊ ဂါရတ္ေဘးလ္က တရုတ္ကလပ္ က်န္းစုဆန္နင္းအသင္းကို ထြက္ခြာဖို႔ ျပင္ဆင္ေနတာေၾကာင့္ နည္းျပဇီဒန္းက ကိုလံဘီယာ သားကို အသင္းမွာဆက္ထိန္းထားရဖြယ္ ရွိေနပါတယ္။

Photo Credit ; PA

ဂ်ိမ္းစ္ဟာ ရီးရဲလ္ကို ၂၀၁၄ ခုႏွစ္ကေရာက္ရွိလာခဲ့တာ ျဖစ္ျပီး ဘိုင္ယန္ျမဴးနစ္ကို ၂ ရာသီအငွားသြားေရာက္ ကစားခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ နာပိုလီ (သို႔) အက္သလက္တီကိုအသင္းကိုေျပာင္းေရႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနတာ ျဖစ္ပါတယ္။

Photo Credit ; PA

ဒါေပမဲ့ အင္တာေနရွင္နယ္ ခ်န္ပီယံဖလားပြဲစဥ္ျဖစ္တဲ့ အာဆင္နယ္အသင္းကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အ ႏုိင္ရခဲ့တဲ့ပြဲစဥ္မွာ အသင္းရဲ႕ ေတာင္ပံကစားသမားအဆန္စီယိုက ဒူးအရြတ္ေၾကာဒဏ္ရာရရွိသြားခဲ့ျပီး လာမယ့္ ရာသီ တစ္ရာသီလံုးခန္႕ ပြဲထြက္ကစားႏိုင္ဖို႕ ခက္ခဲသြားခဲ့ျပီျဖစ္ပါတယ္။ နည္းျပဇီဒန္းအလိုမရွိတဲ့ ေတာင္ပံကစား သမားတစ္ဦးျဖစ္ျပီးတစ္ရာသီလုပ္ခယူရို ၂၂ သန္းရရွိေနတဲ့ ဂါရတ္ေဘးလ္ကလည္း တ႐ုတ္ကလပ္အသင္းကို ထြက္ခြာဖို႔ နီးစပ္ေနျပီ ျဖစ္ပါတယ္။

Photo Credit ; Reuters

နည္းျပဇီဒန္းအတြက္တိုက္စစ္ေနရာမွာေရြးခ်ယ္စရာအလြန္နည္းသြားခဲ့ျပီး ရိုဒရီဂြတ္ဇ္ကို အသင္းမွာ ဆက္ရွိေန ေစျခင္းက သူ႕အတြက္ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္တစ္ခု ျဖစ္လာႏိုင္ပါတယ္။ ဂ်ိမ္းစ္ဟာ ၂၀၁၄ ကမၻာ႕ဖလားၿပိဳင္ပြဲ မွာ အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီးေနာက္ ေပါင္ ၆၃ သန္းနဲ႔ မိုနာကိုအသင္းကေန ရီးရဲလ္ကိုေျပာင္းေရႊ႕လာခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္ထိ ၁၁၁ ပြဲ ပြဲထြက္ ကစားခြင့္ ရထားခဲ့ကာ၃၆ ဂိုးသြင္းယူထားႏိုင္ခဲ့ပါတယ္။

Photo Credit ; Getty Images

Unicode

ဒဏ်ရာပြဿနာတွေက ဂျိမ်းစ်ကို ရီးရဲလ်မှာ ဆက်ကစားခွင့်ဖြစ်စေမှာလား…

လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ဒီရာသီ အသင်းမှ ာဆက်ထိန်းထားရတော့မယ့် အခြေအနေကိုကျရောက်လာပါတယ်။ အသင်းရဲ့ တောင်ပံက စားသမားတစ်ဦးဖြစ်တဲ့ မားကို့စ်အဆန်စီယိုက ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ၊ ဂါရတ်ဘေးလ်က တရုတ်ကလပ် ကျန်းစုဆန်နင်းအသင်းကို ထွက်ခွာဖို့ ပြင်ဆင်နေတာကြောင့် နည်းပြဇီဒန်းက ကိုလံဘီယာ သားကို အသင်းမှာဆက်ထိန်းထားရဖွယ် ရှိနေပါတယ်။
ဂျိမ်းစ်ဟာ ရီးရဲလ်ကို ၂၀၁၄ ခုနှစ်ကရောက်ရှိလာခဲ့တာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကို ၂ ရာသီအငှားသွားရောက် ကစားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နာပိုလီ (သို့) အက်သလက်တီကိုအသင်းကိုပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အင်တာနေရှင်နယ် ချန်ပီယံဖလားပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့အ နိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့ တောင်ပံကစားသမားအဆန်စီယိုက ဒူးအရွတ်ကြောဒဏ်ရာရရှိသွားခဲ့ပြီး လာမယ့် ရာသီ တစ်ရာသီလုံးခန့် ပွဲထွက်ကစားနိုင်ဖို့ ခက်ခဲသွားခဲ့ပြီဖြစ်ပါတယ်။ နည်းပြဇီဒန်းအလိုမရှိတဲ့ တောင်ပံကစား သမားတစ်ဦးဖြစ်ပြီးတစ်ရာသီလုပ်ခယူရို ၂၂ သန်းရရှိနေတဲ့ ဂါရတ်ဘေးလ်ကလည်း တရုတ်ကလပ်အသင်းကို ထွက်ခွာဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
နည်းပြဇီဒန်းအတွက်တိုက်စစ်နေရာမှာရွေးချယ်စရာအလွန်နည်းသွားခဲ့ပြီး ရိုဒရီဂွတ်ဇ်ကို အသင်းမှာ ဆက်ရှိနေ စေခြင်းက သူ့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဂျိမ်းစ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ပေါင် ၆၃ သန်းနဲ့ မိုနာကိုအသင်းကနေ ရီးရဲလ်ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ၁၁၁ ပွဲ ပွဲထွက် ကစားခွင့် ရထားခဲ့ကာ၃၆ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။