တရုတ္စူပါလိဂ္ကိုေရာက္ဖို႔ ဂါရတ္ေဘးလ္ေရပန္းအစားဆုံးျဖစ္ေန

ရီးရဲလ္မက္ဒရစ္အသင္းနည္းျပ ဇီဒန္းကေတာင္ပံကစားသမား ဂါရတ္ေဘးလ္ဟာ အသင္းကေနထြက္ဖို႔အရမး္ကိုနီးစပ္ေနၿပီလို႔ ေျပာၾကားလိုက္ၿပီးတဲ႔ေနာက္ သူေနာက္ထပ္ေရာက္မယ္႔အသင္းကိုခန္႔မွန္းေနၾကရာမွာ တရုတ္စူပါလိဂ္က ေရပန္းအစားဆုံးျဖစ္ေနတယ္လို႔ သိရပါတယ္။

အသက္ ၃၀ ရွိၿပီျဖစ္တဲ႔ ေ၀လ လက္ေရြးစင္ေဘးလ္ဟာ ရီးရဲလ္က ဘိုင္ယန္ျမဴ းနစ္ကို ၃-၁ နဲ႔ရႈံးနိမ့္ခဲ့တဲ႔ ပြဲလူစာရင္းမွာပါ၀င္ခဲ့ျခင္းမရွိပါဘူး။ ဇီဒန္းကအခုလိုေျပာၾကားၿပီးတဲ႔ေနာက္  မန္ယူပရိသတ္ေတြကေဘးလ္ကိုေခၚယူေပးဖို႔ တြစ္တာကေနတစ္ဆင့္ ကလပ္ထံေတာင္းဆိုေနၾကေပမယ္႔ ဘြတ္ကီေတြရဲ႕ခန္႔မွန္းမႈအရေတာ႔ တရုတ္စူပါလိဂ္ကိုေရာက္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနတာပါ။

နာမည္ေက်ာ္ Ladbrokes ကခန္႔မွန္းရာမွာ တရုတ္စူပါလိဂ္ကထိပ္ဆုံးကေနေရပန္းအစားဆုံးျဖစ္ေနၿပီး မန္ယူကိုေရာက္ဖို႔က စတုတၳေနရာမွာသာရွိေနပါတယ္။ ဒုတိယေရပန္းအစားဆုံးကေတာ႔ အသင္းကိုျပန္လည္တည္ေဆာက္ေနရတဲ႔ ဘိုင္ယန္ျမဴ းနစ္ျဖစ္ၿပီး သူ႔ေနာက္မွာေဘးလ္ရဲ႕အသင္းေဟာင္းျဖစ္တဲ႔ စပါးက တတိယေနရာ၊ ပီအက္စ္ဂ်ီက ပဥၥမေနရာတို႔မွာရွိၿပီး အသီးသီးေရပန္းစားေနၾကပါတယ္။

ဇီဒန္းကေတာ႔ ေဘးလ္ဟာ ေနာက္ထပ္ ၂၄ နာရီဒါမွမဟုတ္ ၄၈ နာရီအတြင္းထြက္ခြာဖို႔ရွိတယ္လို႔ ဒီကေန႔မနက္ပိုင္းမွာဘဲ အတည္ျပဳေျပာၾကားထားတာပါ။ ဒါေပမယ္႔ကစားသမားရဲ႕တစ္ပတ္လစာေပါင္ ၆၀၀၀၀၀ နီးပါးကေခၚယူလိုတဲ႔အသင္းတိုင္းအတြက္အခက္အခဲျဖစ္ေနၿပီး ဒီလိုလစာမ်ဳိးကိုေပးေခ်ႏိုင္တာကလည္း တရုတ္စူပါလိဂ္ကလပ္အခ်ဳိ႕ဘဲရွိပါတယ္။

ဒါေၾကာင့္လည္း စူပါလိဂ္က ေဘးလ္ကိုေခၚယူဖို႔ေရပန္းအစားဆုံးျဖစ္ေနတာပါ။ ေဘးလ္ဟာ ဘယ္အသင္းကိုဘဲျဖစ္ျဖစ္အငွားနဲ႔ဘဲေရာက္ဖို႔မ်ားေနၿပီး ဥေရာပကလပ္တစ္ခုကိုေရာက္မယ္ဆိုရင္ေတာ႔ ရီးရဲလ္ဟာသူ႔ရဲ႕လစာ တစ္စိတ္တစ္ပိုင္းကိုေပးေခ်ရမယ္လို႔လည္း သိရပါတယ္။

Unicode

တရုတ်စူပါလိဂ်ကိုရောက်ဖို့ ဂါရတ်ဘေးလ်ရေပန်းအစားဆုံးဖြစ်နေ
ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းကတောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ အသင်းကနေထွက်ဖို့အရမ်းကိုနီးစပ်နေပြီလို့ ပြောကြားလိုက်ပြီးတဲ့နောက် သူနောက်ထပ်ရောက်မယ့်အသင်းကိုခန့်မှန်းနေကြရာမှာ တရုတ်စူပါလိဂ်က ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

အသက် ၃၀ ရှိပြီဖြစ်တဲ့ ဝေလ လက်ရွေးစင်ဘေးလ်ဟာ ရီးရဲလ်က ဘိုင်ယန်မြူ းနစ်ကို ၃-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲလူစာရင်းမှာပါဝင်ခဲ့ခြင်းမရှိပါဘူး။ ဇီဒန်းကအခုလိုပြောကြားပြီးတဲ့နောက်  မန်ယူပရိသတ်တွေကဘေးလ်ကိုခေါ်ယူပေးဖို့ တွစ်တာကနေတစ်ဆင့် ကလပ်ထံတောင်းဆိုနေကြပေမယ့် ဘွတ်ကီတွေရဲ့ခန့်မှန်းမှုအရတော့ တရုတ်စူပါလိဂ်ကိုရောက်ဖို့ ရေပန်းအစားဆုံးဖြစ်နေတာပါ။

နာမည်ကျော် Ladbrokes ကခန့်မှန်းရာမှာ တရုတ်စူပါလိဂ်ကထိပ်ဆုံးကနေရေပန်းအစားဆုံးဖြစ်နေပြီး မန်ယူကိုရောက်ဖို့က စတုတ္ထနေရာမှာသာရှိနေပါတယ်။ ဒုတိယရေပန်းအစားဆုံးကတော့ အသင်းကိုပြန်လည်တည်ဆောက်နေရတဲ့ ဘိုင်ယန်မြူ းနစ်ဖြစ်ပြီး သူ့နောက်မှာဘေးလ်ရဲ့အသင်းဟောင်းဖြစ်တဲ့ စပါးက တတိယနေရာ၊ ပီအက်စ်ဂျီက ပဉ္စမနေရာတို့မှာရှိပြီး အသီးသီးရေပန်းစားနေကြပါတယ်။
ဇီဒန်းကတော့ ဘေးလ်ဟာ နောက်ထပ် ၂၄ နာရီဒါမှမဟုတ် ၄၈ နာရီအတွင်းထွက်ခွာဖို့ရှိတယ်လို့ ဒီကနေ့မနက်ပိုင်းမှာဘဲ အတည်ပြုပြောကြားထားတာပါ။ ဒါပေမယ့်ကစားသမားရဲ့တစ်ပတ်လစာပေါင် ၆၀၀၀၀၀ နီးပါးကခေါ်ယူလိုတဲ့အသင်းတိုင်းအတွက်အခက်အခဲဖြစ်နေပြီး ဒီလိုလစာမျိုးကိုပေးချေနိုင်တာကလည်း တရုတ်စူပါလိဂ်ကလပ်အချို့ဘဲရှိပါတယ်။

ဒါကြောင့်လည်း စူပါလိဂ်က ဘေးလ်ကိုခေါ်ယူဖို့ရေပန်းအစားဆုံးဖြစ်နေတာပါ။ ဘေးလ်ဟာ ဘယ်အသင်းကိုဘဲဖြစ်ဖြစ်အငှားနဲ့ဘဲရောက်ဖို့များနေပြီး ဥရောပကလပ်တစ်ခုကိုရောက်မယ်ဆိုရင်တော့ ရီးရဲလ်ဟာသူ့ရဲ့လစာ တစ်စိတ်တစ်ပိုင်းကိုပေးချေရမယ်လို့လည်း သိရပါတယ်။