တန္ဖိုးအရွိဆုံးအားကစားအသင္းစာရင္းမွာ အဆင့္ ၂ ကေန ၆ ကိုမန္ယူေလ်ာ႔က်

Forbes မဂၢဇင္းကထုတ္ျပန္လိုက္တဲ႔ ကမၻာ႔တန္ဖိုးအျမင့္ဆုံး အားကစားအသင္း ၅၀ စာရင္းမွာ မန္ယူဟာ အဆင့္ ၂ ကေန ၆ အထိက်ဆင္းသြားတယ္လို႔ သိရပါတယ္။ မန္ယူရဲ႕အထက္မွာ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔သာရပ္တည္ေနပါတယ္။

ဒါဟာ အားကစားအသင္းေတြအားလုံးကိုထည့္တြက္ထားတာျဖစ္ၿပီး ေဘာလုံးအသင္းဘဲသီးသန္႔ၾကည့္ရင္ေတာ႔ မန္ယူဟာ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ၿပီးရင္ တတိယေနရာမွာရပ္တည္ေနပါတယ္။ အခုထုတ္ျပန္လိုက္တဲ႔စာရင္းမွာ ထိပ္ဆုံးအသင္း ၂၀ စာရင္းထဲမွာ ေဘာလုံးအသင္းဆိုလို႔ ရီးရဲလ္၊ ဘာစီလိုနာနဲ႔ မန္ယူတို႔သာပါ၀င္ေနတာပါ။

ရီးရဲလ္ကအဆင့္ ၃ မွာ၊ ဘာစီလိုနာကအဆင့္ ၄ နဲ႔ မန္ယူကအဆင့္ ၆ တို႔မွာရပ္တည္ေနလို႔သူတို႔သုံးသင္းဟာ ေဘာလုံးေလာကမွာေတာ႔တန္ဖိုးအျမင့္ဆုံး ၃ သင္းအျဖစ္ရပ္တည္ေနတယ္လို႔ ဆိုရမွာပါ။ ထိပ္ဆုံးစာရင္းမွာ NFL ကေပါင္ ၄ ဘီလီယံ(ေဒၚလာ ၅ ဘီလီယံ)နဲ႔ ထိပ္ဆုံးကရပ္တည္ေနၿပီး ေဘ႔စ္ေဘာအသင္းျဖစ္တဲ႔ နယူးေယာ႔ခ္ယန္းကီးက ေပါင္ ၃.၇ဘီလီယံ(ေဒၚလာ ၄.၆ ဘီလီယံ)နဲ႔ ဒုတိယေနရာမွာရွိေနတာပါ။

ရီးရဲလ္မက္ဒရစ္ကေပါင္ ၃.၄ ဘီလီယံနဲ႔အဆင့္ ၃၊ ဘာစီလိုနာက ေပါင္ ၃.၂ ဘီလီယံနဲ႔အဆင့္ ၄ ၊ အေမရိကန္ဘတ္စ္ကက္ေဘာအသင္းျဖစ္တဲ႔ နယူးေယာ႔ခ္နစ္ခ္အသင္းက ေပါင္ ၃.၂၂ ဘီလီယံနဲ႔အဆင့္ ၅၊ မန္ယူက ေပါင္ ၃.၀၇ ဘီလီယံနဲ႔အဆင့္ ၆ တို႔မွာရပ္တည္ေနတာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္အျခားထိပ္တန္းအသင္းေတြျဖစ္တဲ႔ မန္စီးတီးက ေပါင္ ၂.၁၆ ဘီလီယံနဲ႔အဆင့္ ၂၅၊ ခ်ဲလ္ဆီးကေပါင္ ၂.၀၈ ဘီလီယံနဲ႔အဆင့္ ၃၂၊ အာဆင္နယ္ကေပါင္ ၁.၈၃ ဘီလီယံနဲ႔အဆင့္ ၄၂၊ လီဗာပူးကေပါင္၁.၇၅ ဘီလီယံနဲ႔အဆင့္ ၄၅ တို႔မွာရွိေနၿပီး အျခားအသင္းေတြကေတာ႔ ထိပ္ဆုံးအသင္း ၅၀ စာရင္းထဲမပါခဲ့ပါဘူး။

တန္ဖိုးအျမင့္ဆုံးအသင္းစာရင္းအတြက္အေျခခံထားတဲ႔အခ်က္ေတြထဲမွာ စပြန္ဆာ စာခ်ဳပ္၊ မီဒီယာနဲ႔ရုပ္သံလႊင့္ တန္ဖိုးေတြကိုပါထည့္တြက္ထားတယ္လို႔ သိရပါတယ္။ မန္ယူဟာၿပီးခဲ့တဲ႔ရာသီမွာ အဆင့္ ၆ သာရရွိၿပီးခ်န္ပီယံလိဂ္နဲ႔လြဲခဲ့တဲ႔အတြက္ အဆင့္နိမ့္က်သြားတာ ျဖစ္ပါတယ္။

Unicode

တန်ဖိုးအရှိဆုံးအားကစားအသင်းစာရင်းမှာ အဆင့် ၂ ကနေ ၆ ကိုမန်ယူလျော့ကျ
Forbes မဂ္ဂဇင်းကထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး အားကစားအသင်း ၅၀ စာရင်းမှာ မန်ယူဟာ အဆင့် ၂ ကနေ ၆ အထိကျဆင်းသွားတယ်လို့ သိရပါတယ်။ မန်ယူရဲ့အထက်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့သာရပ်တည်နေပါတယ်။

ဒါဟာ အားကစားအသင်းတွေအားလုံးကိုထည့်တွက်ထားတာဖြစ်ပြီး ဘောလုံးအသင်းဘဲသီးသန့်ကြည့်ရင်တော့ မန်ယူဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ပြီးရင် တတိယနေရာမှာရပ်တည်နေပါတယ်။ အခုထုတ်ပြန်လိုက်တဲ့စာရင်းမှာ ထိပ်ဆုံးအသင်း ၂၀ စာရင်းထဲမှာ ဘောလုံးအသင်းဆိုလို့ ရီးရဲလ်၊ ဘာစီလိုနာနဲ့ မန်ယူတို့သာပါ၀င်နေတာပါ။

ရီးရဲလ်ကအဆင့် ၃ မှာ၊ ဘာစီလိုနာကအဆင့် ၄ နဲ့ မန်ယူကအဆင့် ၆ တို့မှာရပ်တည်နေလို့သူတို့သုံးသင်းဟာ ဘောလုံးလောကမှာတော့တန်ဖိုးအမြင့်ဆုံး ၃ သင်းအဖြစ်ရပ်တည်နေတယ်လို့ ဆိုရမှာပါ။ ထိပ်ဆုံးစာရင်းမှာ NFL ကပေါင် ၄ ဘီလီယံ(ဒေါ်လာ ၅ ဘီလီယံ)နဲ့ ထိပ်ဆုံးကရပ်တည်နေပြီး ဘေ့စ်ဘောအသင်းဖြစ်တဲ့ နယူးယော့ခ်ယန်းကီးက ပေါင် ၃.၇ဘီလီယံ(ဒေါ်လာ ၄.၆ ဘီလီယံ)နဲ့ ဒုတိယနေရာမှာရှိနေတာပါ။

ရီးရဲလ်မက်ဒရစ်ကပေါင် ၃.၄ ဘီလီယံနဲ့အဆင့် ၃၊ ဘာစီလိုနာက ပေါင် ၃.၂ ဘီလီယံနဲ့အဆင့် ၄ ၊ အမေရိကန်ဘတ်စ်ကက်ဘောအသင်းဖြစ်တဲ့ နယူးယော့ခ်နစ်ခ်အသင်းက ပေါင် ၃.၂၂ ဘီလီယံနဲ့အဆင့် ၅၊ မန်ယူက ပေါင် ၃.၀၇ ဘီလီယံနဲ့အဆင့် ၆ တို့မှာရပ်တည်နေတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အခြားထိပ်တန်းအသင်းတွေဖြစ်တဲ့ မန်စီးတီးက ပေါင် ၂.၁၆ ဘီလီယံနဲ့အဆင့် ၂၅၊ ချဲလ်ဆီးကပေါင် ၂.၀၈ ဘီလီယံနဲ့အဆင့် ၃၂၊ အာဆင်နယ်ကပေါင် ၁.၈၃ ဘီလီယံနဲ့အဆင့် ၄၂၊ လီဗာပူးကပေါင်၁.၇၅ ဘီလီယံနဲ့အဆင့် ၄၅ တို့မှာရှိနေပြီး အခြားအသင်းတွေကတော့ ထိပ်ဆုံးအသင်း ၅၀ စာရင်းထဲမပါခဲ့ပါဘူး။

တန်ဖိုးအမြင့်ဆုံးအသင်းစာရင်းအတွက်အခြေခံထားတဲ့အချက်တွေထဲမှာ စပွန်ဆာ စာချုပ်၊ မီဒီယာနဲ့ရုပ်သံလွှင့် တန်ဖိုးတွေကိုပါထည့်တွက်ထားတယ်လို့ သိရပါတယ်။ မန်ယူဟာပြီးခဲ့တဲ့ရာသီမှာ အဆင့် ၆ သာရရှိပြီးချန်ပီယံလိဂ်နဲ့လွဲခဲ့တဲ့အတွက် အဆင့်နိမ့်ကျသွားတာ ဖြစ်ပါတယ်။