တစ္ပတ္လုပ္ခေပါင္ ၁ သန္းတန္ ဂါရတ္ေဘးလ္ရဲ႕ တ႐ုတ္အေျပာင္းအေရႊ႕ ပ်က္ျပယ္သြား

0
1714
Photo Credit

Photo Credit ; Reuters

ရီးရဲလ္မက္ဒရစ္ ၾကယ္ပြင့္ ဂါရတ္ေဘးလ္တစ္ေယာက္ တ႐ုတ္ကလပ္အသင္းကို ေျပာင္းေ႐ႊ႕မယ့္ဆိုတဲ့ သတင္း ေတြ က်ယ္ျပန္႕စြာထြက္ေပၚေနေပမယ့္ စပိန္ေျမမွာပဲဆက္ရွိေတာ့မယ္လို႔ သိရပါတယ္။ ဘီဘီစီသတင္းဌာနရဲ႕ အဆိုအရ ယေန႔ေန႔လယ္မွာ ရီးရဲလ္မက္ဒရစ္အသင္းက ဆံုးျဖတ္ခ်က္မခ်ခင္အထိ ေဘးလ္က တ႐ုတ္စူပါလိဂ္ ကလပ္အသင္းျဖစ္တဲ့ က်န္းစုဆန္္းနင္းအသင္းကို သြားေရာက္ေတာ့မယ္လို႕ သတင္းေတြထြက္ေပၚေနခဲ့တာပါ။

Photo Credit ; AP

သူရဲ႕ေအးဂ်င့္ျဖစ္သူကလညး္ ေဝးလ္ႏိုင္ငံသားကို တစ္ပတ္လုပ္ခေပါင္ ၁ သန္းနဲ႕ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ ဖို႕ တ႐ုတ္ႏိုင္ငံနန္က်င္းျမိဳ႕မွာ ညလံုးေပါက္ သြားေရာက္ ေဆြးေႏြးခဲ့ရတာပါ။ Daily Mailသတင္းစာကေတာ့ အဆိုပါ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ဖို႕က ၅၀/၅၀ ရာခိုင္ႏႈန္းျဖစ္တယ္လို႕ ဆိုပါတယ္။

Photo Credit ; AP

ရီးရဲလ္နည္းျပဇီဒန္းကလည္းေဝးႏိုင္ငံသားကသူ႕ရဲ႕ နည္းစနစ္နဲ႕ အံ့မဝင္ဘူးဆိုကာ ေဘးလ္က အသင္းကေန ေျပာင္းေရႊ႕ရမွာျဖစ္တယ္လို႕ လူသိရွင္ၾကားထုတ္ေဖာ္ေျပာဆိုထားတာ ျဖစ္ပါတယ္။ ဒါေပမဲ့ ေဘးလ္သာ တ႐ုတ္ ကလပ္ကို ထြက္ခြာသြားခဲ့ရင္ ရီးရဲလ္မက္ဒရစ္က အလြတ္နဲ႕ထြက္ခြာခြင့္ျပဳမွာျဖစ္တာေၾကာင့္ စပါးအသင္းကေန သူ႕ကို ေပါင္ ၈၆သန္းနဲ႔ ဝယ္ယူထားတဲ့ ရီးရဲလ္အတြက္ ႀကီးမားတဲ့ဆုံး႐ံႈးမႈျဖစ္လာမွာပါ။။ ဒါ့အျပင္ ရီးရဲလ္မက္ဒရစ္က ဒီအေျပာင္းအေရႊ႕ရာသီအေစာပိုင္းက အီဒင္ဟာဇက္ကိုလည္း ေခၚယူထားခဲ့ျပီး ယူႏိုက္ တက္အသင္းက ေပါ့ပ္ဘာကိုေခၚယူဖို႕ ေပါင္ သန္း ၁၅၀ ခန္႔အလိုရွိေနေသးတာေၾကာင့္ ေဘးလ္ကို အလြတ္ျဖင့္ ထြက္ခြာခြင့္ျပဳဖို႕ တံု႔ဆိုင္းေနခဲ့တာ ျဖစ္ပါတယ္။

Photo Credit ; AP

ဒါ့အျပင္ မားကို႔စ္အဆန္စီယိုက ျပီးခဲ့တဲ့အပတ္က ကာလရွည္ ဒဏ္ရာရရွိသြားျပီး ေသာၾကာေန႔ညက အက္သလက္တီကိုနဲ႔ပြဲစဥ္မွာ ရီးရဲလ္အသင္းက ၇-၃ ဂိုးနဲ႕ အ႐ွက္ရဖြယ္ ရံႈးနိမ့္ခဲ့ပါတယ္။ ဒုတိယပိုင္း ၆၂ မိနစ္မွာေတာ့ ေဘးလ္ ဝင္ေရာက္လာခဲ့ျပီး အေစာပိုင္းပြဲခ်ိန္ေတြတုန္းကရီးရဲလ္အသင္းရဲ႕ တိုက္စစ္ကအသက္မဲ့ ေနခဲ့ပါတယ္။ အဆိုပါ ျဖစ္ရပ္ေတြေၾကာင့္ ေဘးလ္ကိုအသင္းမွာဆက္ရွိေစဖို႕ ဥကၠဌဖလိုရန္တီႏိုပီရက္ဇ္ ဆံုးျဖတ္ခ်က္ကမွန္ကန္တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။ စပိန္ေျမမွာေဘးလ္ ဆက္ရွိေနမယ္ဆိုရင္ေတာ့ ပရီးမီးယားလိဂ္ကလပ္အသင္းေတြျဖစ္တဲ့ ယူႏိုက္တက္နဲ႕ စပါးအသင္းက သူ႔ကိုေခၚယူဖို႔ ျပန္လည္ခ်ဥ္းကပ္ လာႏိုင္ပါတယ္။

Photo Credit ; AP

Unicode

တစ်ပတ်လုပ်ခပေါင် ၁ သန်းတန် ဂါရတ်ဘေးလ်ရဲ့ တရုတ်အပြောင်းအရွှေ့ ပျက်ပြယ်သွား

ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဂါရတ်ဘေးလ်တစ်ယောက် တရုတ်ကလပ်အသင်းကို ပြောင်းရွှေ့မယ့်ဆိုတဲ့ သတင်း တွေ ကျယ်ပြန့်စွာထွက်ပေါ်နေပေမယ့် စပိန်မြေမှာပဲဆက်ရှိတော့မယ်လို့ သိရပါတယ်။ ဘီဘီစီသတင်းဌာနရဲ့ အဆိုအရ ယနေ့နေ့လယ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက ဆုံးဖြတ်ချက်မချခင်အထိ ဘေးလ်က တရုတ်စူပါလိဂ် ကလပ်အသင်းဖြစ်တဲ့ ကျန်းစုဆန်းနင်းအသင်းကို သွားရောက်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာပါ။
သူရဲ့အေးဂျင့်ဖြစ်သူကလည်း ဝေးလ်နိုင်ငံသားကို တစ်ပတ်လုပ်ခပေါင် ၁ သန်းနဲ့ အပြောင်းအရွှေ့ဖြစ်မြောက် ဖို့ တရုတ်နိုင်ငံနန်ကျင်းမြို့မှာ ညလုံးပေါက် သွားရောက် ဆွေးနွေးခဲ့ရတာပါ။ Daily Mailသတင်းစာကတော့ အဆိုပါ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့က ၅၀/၅၀ ရာခိုင်နှုန်းဖြစ်တယ်လို့ ဆိုပါတယ်။
ရီးရဲလ်နည်းပြဇီဒန်းကလည်းဝေးနိုင်ငံသားကသူ့ရဲ့ နည်းစနစ်နဲ့ အံ့မဝင်ဘူးဆိုကာ ဘေးလ်က အသင်းကနေ ပြောင်းရွှေ့ရမှာဖြစ်တယ်လို့ လူသိရှင်ကြားထုတ်ဖော်ပြောဆိုထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘေးလ်သာ တရုတ် ကလပ်ကို ထွက်ခွာသွားခဲ့ရင် ရီးရဲလ်မက်ဒရစ်က အလွတ်နဲ့ထွက်ခွာခွင့်ပြုမှာဖြစ်တာကြောင့် စပါးအသင်းကနေ သူ့ကို ပေါင် ၈၆သန်းနဲ့ ဝယ်ယူထားတဲ့ ရီးရဲလ်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်လာမှာပါ။။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်က ဒီအပြောင်းအရွှေ့ရာသီအစောပိုင်းက အီဒင်ဟာဇက်ကိုလည်း ခေါ်ယူထားခဲ့ပြီး ယူနိုက် တက်အသင်းက ပေါ့ပ်ဘာကိုခေါ်ယူဖို့ ပေါင် သန်း ၁၅၀ ခန့်အလိုရှိနေသေးတာကြောင့် ဘေးလ်ကို အလွတ်ဖြင့် ထွက်ခွာခွင့်ပြုဖို့ တုံ့ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မားကို့စ်အဆန်စီယိုက ပြီးခဲ့တဲ့အပတ်က ကာလရှည် ဒဏ်ရာရရှိသွားပြီး သောကြာနေ့ညက အက်သလက်တီကိုနဲ့ပွဲစဉ်မှာ ရီးရဲလ်အသင်းက ၇-၃ ဂိုးနဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။ ဒုတိယပိုင်း ၆၂ မိနစ်မှာတော့ ဘေးလ် ဝင်ရောက်လာခဲ့ပြီး အစောပိုင်းပွဲချိန်တွေတုန်းကရီးရဲလ်အသင်းရဲ့ တိုက်စစ်ကအသက်မဲ့ နေခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်တွေကြောင့် ဘေးလ်ကိုအသင်းမှာဆက်ရှိစေဖို့ ဥက္ကဌဖလိုရန်တီနိုပီရက်ဇ် ဆုံးဖြတ်ချက်ကမှန်ကန်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ စပိန်မြေမှာဘေးလ် ဆက်ရှိနေမယ်ဆိုရင်တော့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ ယူနိုက်တက်နဲ့ စပါးအသင်းက သူ့ကိုခေါ်ယူဖို့ ပြန်လည်ချဉ်းကပ် လာနိုင်ပါတယ်။