တစ္ပတ္လစာေပါင္ ၁၀၀၀၀၀ နဲ႔ ၅ ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ အိုဒိြဳင္း သေဘာတူညီ

ခ်ဲလ္ဆီးအသင္းဟာ ေတာင္ပံကစားသမား ဟတ္ဆန္အိုဒိြဳင္းကို တစ္ပတ္လစာေပါင္ ၁၀၀၀၀၀ ေပးၿပီး ၅ ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ သေဘာတူညီခ်က္ရရွိခဲ့တယ္လို႔သိရပါတယ္။ အသက္ ၁၈ ႏွစ္သာရွိေသးတဲ႔ အဂၤလန္လက္ေရြးစင္ အိုဒိြဳင္းကို ဘိုင္ယန္ျမဴ းနစ္အသင္းက ေခၚယူဖို႔စိတ္၀င္စားေနတာပါ။

ဘိုင္ယန္ဟာ အိုဒိြဳင္းအတြက္ၿပီးခဲ့တဲ႔ ဇန္န၀ါရီေစ်းကြက္ထဲမွာေပါင္ ၃၅ သန္းနဲ႔ကမး္လွမး္ခဲ့သလို မၾကာေသးခင္ကလည္းေပါင္ ၂၂ သန္းနဲ႔ထပ္ၿပီးကမ္းလွမ္းခဲ့ေသးတာပါ။ ဒါေပမယ္႔ ခ်ဲလ္ဆီးကေတာ႔ သူတို႔ရဲ႕လူငယ္ကစားသမားအတြက္ကမ္းလွမ္းမႈအားလုံးကို ပယ္ခ်ခဲ့တာပါ။

အိုဒိြဳင္းဟာ ဆာရီလက္ထက္တုန္းကပုံမွန္ေနရမရခဲ့ေပမယ္႔ လမ္းပတ္ လက္ထက္မွာေတာ႔ေနရာရဖို႔အခြင့္အေရးအမ်ားႀကီးေကာင္းလာတဲ႔အတြက္ စာခ်ဳပ္သစ္ကိုသေဘာတူလိုက္တာျဖစ္တယ္လို႔လည္းဆိုပါတယ္။ လက္ရွိမွာသူတို႔ၾကားအၿပီးသတ္သေဘာတူညီခ်က္ရသြားၿပီျဖစ္လို႔ လက္မွတ္ထိုးဖို႔အတြက္ဘဲက်န္ပါေတာ႔တယ္။

ဒါဟာ ကစားသမားသစ္ေခၚယူခြင့္ပိတ္ပင္ခံထားရတဲ႔ ခ်ဲလ္ဆီးအတြက္ေရာ နည္းျပလမ္းပတ္အတြက္ပါသတင္းေကာင္းျဖစ္ၿပီး သူတို႔ရဲ႕အေကာင္းဆုံးလူငယ္တစ္ဦးကိုေရရည္ဆက္ထိန္းႏိုင္ေတာ႔မွာလည္းျဖစ္ပါတယ္။ အိုဒိြဳင္းရဲ႕လက္ရွိစာခ်ဳပ္ဟာ ၂၀၂၀ ဇြန္လမွာသက္တမ္းကုန္ဆုံးမွာျဖစ္ပါတယ္။

စာခ်ဳပ္သစ္အရ အိုဒိြဳင္းဟာ တစ္ပတ္လစာေပါင္ ၁၀၀၀၀၀ အထိရမွာျဖစ္ၿပီး သူသာဆက္လက္တိုးတက္ေနမယ္ဆိုရင္ စာခ်ဳပ္တန္ေၾကးကေပါင္ ၁၀ သန္းေက်ာ္လိမ့္မယ္လို႔လည္း သိရပါတယ္။

Unicode

တစ်ပတ်လစာပေါင် ၁၀၀၀၀၀ နဲ့ ၅ နှစ်စာချုပ်သစ်ချုပ်ဖို့ အိုဒွိုင်း သဘောတူညီ
ချဲလ်ဆီးအသင်းဟာ တောင်ပံကစားသမား ဟတ်ဆန်အိုဒွိုင်း ကိုတစ်ပတ်လစာပေါင် ၁၀၀၀၀၀ ပေးပြီး ၅ နှစ်စာချုပ်သစ်ချုပ်ဖို့ သဘောတူညီချက်ရရှိခဲ့တယ်လို့သိရပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့ အင်္ဂလန်လက်ရွေးစင် အိုဒွိုင်းကို ဘိုင်ယန်မြူ းနစ်အသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေတာပါ။

ဘိုင်ယန်ဟာ အိုဒွိုင်းအတွက်ပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်ထဲမှာပေါင် ၃၅ သန်းနဲ့ကမ်းလှမ်းခဲ့သလို မကြာသေးခင်ကလည်းပေါင် ၂၂ သန်းနဲ့ထပ်ပြီးကမ်းလှမ်းခဲ့သေးတာပါ။ ဒါပေမယ့် ချဲလ်ဆီးကတော့ သူတို့ရဲ့လူငယ်ကစားသမားအတွက်ကမ်းလှမ်းမှုအားလုံးကို ပယ်ချခဲ့တာပါ။

အိုဒွိုင်းဟာ ဆာရီလက်ထက်တုန်းကပုံမှန်နေရမရခဲ့ပေမယ့် လမ်းပတ် လက်ထက်မှာတော့နေရာရဖို့အခွင့်အရေးအများကြီးကောင်းလာတဲ့အတွက် စာချုပ်သစ်ကိုသဘောတူလိုက်တာဖြစ်တယ်လို့လည်းဆိုပါတယ်။ လက်ရှိမှာသူတို့ကြားအပြီးသတ်သဘောတူညီချက်ရသွားပြီဖြစ်လို့ လက်မှတ်ထိုးဖို့အတွက်ဘဲကျန်ပါတော့တယ်။

ဒါဟာ ကစားသမားသစ်ခေါ်ယူခွင့်ပိတ်ပင်ခံထားရတဲ့ ချဲလ်ဆီးအတွက်ရော နည်းပြလမ်းပတ်အတွက်ပါသတင်းကောင်းဖြစ်ပြီး သူတို့ရဲ့အကောင်းဆုံးလူငယ်တစ်ဦးကိုရေရည်ဆက်ထိန်းနိုင်တော့မှာလည်းဖြစ်ပါတယ်။ အိုဒွိုင်းရဲ့လက်ရှိစာချုပ်ဟာ ၂၀၂၀ ဇွန်လမှာသက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

စာချုပ်သစ်အရ အိုဒွိုင်းဟာ တစ်ပတ်လစာပေါင် ၁၀၀၀၀၀ အထိရမှာဖြစ်ပြီး သူသာဆက်လက်တိုးတက်နေမယ်ဆိုရင် စာချုပ်တန်ကြေးကပေါင် ၁၀ သန်းကျော်လိမ့်မယ်လို့လည်း သိရပါတယ်။