ဆြန္ေဟာင္မင္ ကအသင္းေဖာ္ေတြအတြက္ ဘာေၾကာင့္လက္ေဆာင္ပစၥည္းမ၀ယ္ေပးတာလဲ?

Photo Credit-Getty

ေဘာလုံးေလာကမွာ အမ်ားအားျဖင့္ ဥေရာပသားေတြသာ ႀကီးစုိးေနၾကပါတယ္။ အာရွသားအနည္းငယ္ကသာ နာမည္ႀကီးကလပ္ေတြမွာ ပါ၀င္ကစားႏိုင္ၾကပါတယ္။ ဒီဘက္ႏွစ္ပိုင္းမွာ ကုိရီးယားသား ဆြန္ေဟာင္မင္ဟာ ပရိသတ္ေတြရဲ႕အားေပးမႈကို ပိုမိုရရိွလာခဲ့ပါတယ္။ အခုတေလာမွာလည္း စပါးအသင္းအေနနဲ႔ စင္ကာပူနဲ႔ ရွန္ဟိုင္းတို႔ကိုသြားေရာက္ၿပီး ေျခစမ္းပြဲေတြယွဥ္ၿပိဳင္ခဲ့ပါေသးတယ္။

Photo Credit-Getty

အဲလိုအေနအထားမ်ဳိးမွာ အာရွသားေတြအေနနဲ႔ ဆြန္ေဟာင္မင္ကုိပိုမိုအားေပးခဲ့ၾကတာျဖစ္ပါတယ္။ ရွန္ဟုိင္းမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ဆြန္ေဟာင္မင္က သူ႔အေနနဲ႔ အားလပ္ရက္မွာ ကိုရီးယားကိုေခတၱျပန္ၿပီး စပါး အသင္းဆီျပန္လာတဲ့အခါ အသင္းေဖာ္ေတြအတြက္ လက္ေဆာင္ပစၥည္းေတြ မယူလာပါဘူးလုိ႔ေျဖၾကားခဲ့ပါတယ္။ ဘာေၾကာင့္လဲဆုိရင္ အျခားအသင္းေဖာ္ေတြကလည္း သူ႔အတြက္ လက္ေဆာင္ပစၥည္းေတြ မယူလာလုိ႔ပါလုိ႔ ရယ္ေမာၿပီး ေျပာခဲ့ပါတယ္။

Photo Credit-getty

သူ႔အေနနဲ႔ အာရွဖက္ကိုလာရတာ သေဘာက်ၿပီး ပရိသတ္ေတြက အားေပးတဲ့အတြက္ သူ႔အေနနဲ႔ပိုမိုႀကိဳးစားပါ မယ္လို႔လည္း ေျပာဆိုခဲ့ပါေသးတယ္။ တစ္ေန႔ထက္တစ္ေန႔ပိုေကာင္းေအာင္ႀကိဳးစားမယ္လို႔ သူကဆိုပါတယ္။

Photo Credit-Internet

အာရွသားေဘာလုံးသမားတစ္ေယာက္ျဖစ္ရတာကို ဂုဏ္ယူေၾကာင္းလည္း သတင္းစာရွင္းလင္းပြဲ မွာေျပာၾကားခဲ့ပါေသးတယ္။ “ပရီမီးယားလိဂ္မွာ ပါ၀င္ကစားခြင့္ရတဲ့အတြက္ ၀မ္းသာရပါတယ္။ ကၽြန္ေတာ့္ႏိုင္ငံ ကိုရီးယားအတြက္လည္း ဂုဏ္ယူစရာကိစၥတစ္ခုျဖစ္ၿပီး၊ ႏိုင္ငံအတြက္လည္း အင္အားတစ္ခုျဖစ္ေစပါတယ္”လို႔ ဆြန္ေဟာင္မင္က ေျပာၾကားခဲ့ပါတယ္။

Photo Credit-south china morning post

(Unicode Version)

ဆွန်ဟောင်မင် ကအသင်းဖော်တွေအတွက် ဘာကြောင့်လက်ဆောင်ပစ္စည်းမဝယ်ပေးတာလဲ?

ဘောလုံးလောကမှာ အများအားဖြင့် ဥရောပသားတွေသာ ကြီးစိုးနေကြပါတယ်။ အာရှသားအနည်းငယ်ကသာ နာမည်ကြီးကလပ်တွေမှာ ပါဝင်ကစားနိုင်ကြပါတယ်။ ဒီဘက်နှစ်ပိုင်းမှာ ကိုရီးယားသား ဆွန်ဟောင်မင်ဟာ ပရိသတ်တွေရဲ့အားပေးမှုကို ပိုမိုရရှိလာခဲ့ပါတယ်။ အခုတလောမှာလည်း စပါးအသင်းအနေနဲ့ စင်ကာပူနဲ့ ရှန်ဟိုင်းတို့ကိုသွားရောက်ပြီး ခြေစမ်းပွဲတွေယှဉ်ပြိုင်ခဲ့ပါသေးတယ်။

အဲလိုအနေအထားမျိုးမှာ အာရှသားတွေအနေနဲ့ ဆွန်ဟောင်မင်ကိုပိုမိုအားပေးခဲ့ကြတာဖြစ်ပါတယ်။ ရှန်ဟိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဆွန်ဟောင်မင်က သူ့အနေနဲ့ အားလပ်ရက်မှာ ကိုရီးယားကိုခေတ္တပြန်ပြီး စပါးအသင်းဆီပြန်လာတဲ့အခါ အသင်းဖော်တွေအတွက် လက်ဆောင်ပစ္စည်းတွေ မယူလာပါဘူးလို့ဖြေကြားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် အခြားအသင်းဖော်တွေကလည်း သူ့အတွက် လက်ဆောင်ပစ္စည်းတွေ မယူလာလို့ပါလို့ ရယ်မောပြီး ပြောခဲ့ပါတယ်။

သူ့အနေနဲ့ အာရှဖက်ကိုလာရတာ သဘောကျပြီး ပရိသတ်တွေက အားပေးတဲ့အတွက် သူ့အနေနဲ့ပိုမိုကြိုးစားပါ မယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။ တစ်နေ့ထက်တစ်နေ့ပိုကောင်းအောင်ကြိုးစားမယ်လို့ သူကဆိုပါတယ်။

အာရှသားဘောလုံးသမားတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူကြောင်းလည်း သတင်းစာရှင်းလင်းပွဲ မှာပြောကြားခဲ့ပါသေးတယ်။ “ပရီမီးယားလိဂ်မှာ ပါဝင်ကစားခွင့်ရတဲ့အတွက် ဝမ်းသာရပါတယ်။ ကျွန်တော့်နိုင်ငံ ကိုရီးယားအတွက်လည်း ဂုဏ်ယူစရာကိစ္စတစ်ခုဖြစ်ပြီး၊ နိုင်ငံအတွက်လည်း အင်အားတစ်ခုဖြစ်စေပါတယ်”လို့ ဆွန်ဟောင်မင်က ပြောကြားခဲ့ပါတယ်။