ဆုဖလား ၄၀ ရတဲ႔ ပထမဆုံးကစားသမားအျဖစ္ ဒန္နီအဲလ္ဗက္စ္စံခ်ိန္တင္

ဘရာဇီးအသင္းေနာက္ခံလူ ဒန္နီအဲလ္ဗက္စ္ဟာ ၿပီးခဲ့တဲ႔တနဂၤေႏြေန႔က ဘရာဇီးအသင္းနဲ႔အတူ ကိုပါအေမရိကခ်န္ပီယံဆုဖလားကို ဆြတ္ခူးခဲ့ၿပီးေနာက္ ေဘာလုံးသမိုင္းမွာ ဆုဖလား ၄၀ ျပည့္ေျမာက္ခဲ့တဲ႔ ပထမဆုံးကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

အဲလ္ဗက္ဟာ ၿပီးခဲ့တဲ႔ ကိုပါအေမရိကဖလားမွာ ဘရာဇီးအသင္းရဲ႕အသင္းေခါင္းေဆာင္အျဖစ္တာ၀န္ယူခဲ့သလို ၿပိဳင္ပြဲတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားဆုကိုပါ ရရွိခဲ့သူျဖစ္ပါတယ္။ အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္တဲ႔ အဲလ္ဗက္စ္ဟာ ၂၀၀၂ ကဆီဗီလာအသင္းဆီေရာက္ရွိလာခဲ့ၿပီးေနာက္ပိုင္း ဆုဖလားေတြကိုရယူႏိုင္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ အလုံး ၄၀ ျပည့္ကာစံခ်ိန္တင္ခဲ့တာျဖစ္ပါတယ္။

သူဟာ ၂၀၀၂ ကဆီဗီလာအသင္းကိုေရာက္ရွိလာခဲ့ၿပီးေနာက္ ကစားသမားဘ၀ေအာင္ျမင္မႈေတြအစပ်ဳိးခဲ့တာျဖစ္ၿပီး ဘာစီလိုနာ၊ ဂ်ဴ ဗင္တပ္ နဲ႔ ပီအက္စ္ဂ်ီတို႔မွာလည္းကစားခဲ့ပါတယ္။ အခုဆိုရင္ ကလပ္နဲ႔ လက္ေရြးစင္ကစားသမားဘ၀မွာ ဆုဖလားအလုံး ၄၀ ေျမာက္ကိုရယူၿပီးစံခ်ိန္သစ္တင္လိုက္တာျဖစ္ပါတယ္။

သူမရဘူးတဲ႔ဖလားဆိုလို႔ ကမၻာ႔ဖလားသာရွိေတာ႔ၿပီး ဆီဗီလာနဲ႔ ဆုဖလား ၅ လုံး၊ ဘာစီလိုနာနဲ႔ ၂၃ လုံး၊ ဂ်ဴ ဗင္တပ္နဲ႔ ၂ လုံး၊ ပီအက္စ္ဂ်ီနဲ႔ ၆ လုံး၊ ဘရာဇီးနဲ႔ ၄ လုံးရရွိကာ ဆုဖလားအလုံး ၄၀ ျပည့္ခဲ့တာျဖစ္ပါတယ္။ သူရခဲ့တဲ႔ ဆုဖလားေတြထဲမွာ ခ်န္ပီယံလိဂ္ ၃ ႀကိမ္၊ လာလီဂါ ၆ ႀကိမ္နဲ႔ ကိုပါအေမရိက ၂ ႀကိမ္ရခဲ့မႈဟာ အထင္ကရဆုဖလားေတြျဖစ္ပါတယ္။

အဲလ္ဗက္စ္ဟာၿပီးခဲ့တဲ႔လက ပီအက္စ္ဂ်ီနဲ႔လမ္းခြဲၿပီးတဲ႔ေနာက္ ကလပ္လက္မဲ႔ျဖစ္ေနၿပီး ဥေရာပကစားသမားဘ၀ကိုစြန္႔လႊတ္ဖို႔ အစီအစဥ္လည္းမရွိေသးဘဲ ပရီးမီးယားလိဂ္မွာ သြားေရာက္ ကစားလိုတယ္လို႔ ေျပာထားပါတယ္။

Unicode

ဆုဖလား ၄၀ ရတဲ့ ပထမဆုံးကစားသမားအဖြစ် ဒန်နီအဲလ်ဗက်စ်စံချိန်တင်
ဘရာဇီးအသင်းနောက်ခံလူ ဒန်နီအဲလ်ဗက်စ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဘရာဇီးအသင်းနဲ့အတူ ကိုပါအမေရိကချန်ပီယံဆုဖလားကို ဆွတ်ခူးခဲ့ပြီးနောက် ဘောလုံးသမိုင်းမှာ ဆုဖလား ၄၀ ပြည့်မြောက်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အဲလ်ဗက်ဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားမှာ ဘရာဇီးအသင်းရဲ့အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သလို ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားဆုကိုပါ ရရှိခဲ့သူဖြစ်ပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ အဲလ်ဗက်စ်ဟာ ၂၀၀၂ ကဆီဗီလာအသင်းဆီရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ဆုဖလားတွေကိုရယူနိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် အလုံး ၄၀ ပြည့်ကာစံချိန်တင်ခဲ့တာဖြစ်ပါတယ်။

သူဟာ ၂၀၀၂ ကဆီဗီလာအသင်းကိုရောက်ရှိလာခဲ့ပြီးနောက် ကစားသမားဘဝအောင်မြင်မှုတွေအစပျိုးခဲ့တာဖြစ်ပြီး ဘာစီလိုနာ၊ ဂျူ ဗင်တပ် နဲ့ ပီအက်စ်ဂျီတို့မှာလည်းကစားခဲ့ပါတယ်။ အခုဆိုရင် ကလပ်နဲ့ လက်ရွေးစင်ကစားသမားဘဝမှာ ဆုဖလားအလုံး ၄၀ မြောက်ကိုရယူပြီးစံချိန်သစ်တင်လိုက်တာဖြစ်ပါတယ်။

သူမရဘူးတဲ့ဖလားဆိုလို့ ကမ္ဘာ့ဖလားသာရှိတော့ပြီး ဆီဗီလာနဲ့ ဆုဖလား ၅ လုံး၊ ဘာစီလိုနာနဲ့ ၂၃ လုံး၊ ဂျူ ဗင်တပ်နဲ့ ၂ လုံး၊ ပီအက်စ်ဂျီနဲ့ ၆ လုံး၊ ဘရာဇီးနဲ့ ၄ လုံးရရှိကာ ဆုဖလားအလုံး ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူရခဲ့တဲ့ ဆုဖလားတွေထဲမှာ ချန်ပီယံလိဂ် ၃ ကြိမ်၊ လာလီဂါ ၆ ကြိမ်နဲ့ ကိုပါအမေရိက ၂ ကြိမ်ရခဲ့မှုဟာ အထင်ကရဆုဖလားတွေဖြစ်ပါတယ်။

အဲလ်ဗက်စ်ဟာပြီးခဲ့တဲ့လက ပီအက်စ်ဂျီနဲ့လမ်းခွဲပြီးတဲ့နောက် ကလပ်လက်မဲ့ဖြစ်နေပြီး ဥရောပကစားသမားဘဝကိုစွန့်လွှတ်ဖို့ အစီအစဉ်လည်းမရှိသေးဘဲ ပရီးမီးယားလိဂ်မှာ သွားရောက် ကစားလိုတယ်လို့ ပြောထားပါတယ်။