ဆိုးလ္ရွားနဲ႔ေဆြးေႏြးၿပီးေနာက္ မေပ်ာ္မရႊင္ျဖစ္သြားတ့ဲ လူကာကူ အသင္းေျပာင္းဖို႔ ဆုံးျဖတ္လုိက္ၿပီျဖစ္

Photo Credit ; Getty Images

Photo Credit ; Getty Images

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္တုိက္စစ္မွဴး လူကာကူဟာ အသင္းနည္းျပဆုိးလ္ရွားနဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ မေပ်ာ္မရႊင္ျဖစ္ကာ အသင္းကေန ထြက္ခြာဖို႔ ဆုံးျဖတ္ခ်က္ခ်လုိက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။ လူကာကူရဲ႕ေအးဂ်င့္ျဖစ္သူက အင္တာမီလန္အသင္းတာ၀န္ရွိသူေတြနဲ႔ ေဆြးေႏြးခဲ့ေပမယ့္ ႏွစ္သင္းၾကားေျပာင္းေရႊ႕ေၾကးသေဘာတူညီမႈရဖုိ႔ ေ၀းကြာေနဆဲျဖစ္ၿပီး ယူႏုိက္တက္က လူကာကူရဲ႕ေျပာင္းေရႊ႕ေၾကးကို ေပါင္သန္း ၈၀ သတ္မွတ္ထားပါတယ္။

Photo Credit ; Getty Images

အသက္ ၂၆ႏွစ္အရြယ္ရွိ လူကာကူဟာ ယူႏိုက္တက္ရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ေတြအတြက္ သတင္းပို႔ခဲ့ၿပီး ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္အျဖစ္ ၾသစၾတးလ်ကို အသင္းသားေတြနဲ႔အတူ ေရာက္ရွိေနပါတယ္။ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဆုိးလ္ရွားဟာ အသင္းမွာ လူကာကူ ဆက္ရွိေစေရးအတြက္ ႀကိဳးစားမႈအျဖစ္ အဲဒီကစားသမားနဲ႔ ေဆြးေႏြးခဲ့တယ္လုိ႔ သိရပါတယ္။

Photo Credit ; Reuters

ဒါေပမဲ့ The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ရာသီသစ္အတြက္ အသင္းရဲ႕ဦးစားေပးတုိက္စစ္မွဴးအျဖစ္ ရက္ရွ္ဖို႔ဒ္ကုိပဲ ဆက္ထားမယ္လုိ႔သေဘာရတဲ့ဆုိးလ္ရွားရဲ႕မွတ္ခ်က္ေၾကာင့္ ယူႏိုက္တက္ကေန ထြက္ခြာဖုိ႔ ဆုံးျဖတ္လုိက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။ အဲဒီသတင္းကပဲ ဆုိးလ္ရွားဟာ အသင္းကေန ထြက္ခြာလုိတဲ့ လူကာကူရဲ႕ဆႏၵကို အေမးအျမန္းမရွိအျပစ္တင္ခဲ့ၿပီး အခုလိုထပ္မံေဆြးေႏြးခဲ့တာေတာင္ ဆုိးလ္ရွားရဲ႕ခံယူခ်က္ ေျပာင္းလဲမွာမဟုတ္ဘူးလုိ႔ လူကာကူက ခံစားေနရတယ္လုိ႔ ေရးသားခဲ့ပါတယ္။

Photo Credit

ေနာက္ၿပီး ဆုိးလ္ရွားက အခုလိုသူ႕ကို အသင္းမွာဆက္ထိန္းထားလုိတဲ့အဓိကရည္ရြယ္ခ်က္က သူ႕ေနရာမွာ အစားထုိးဖို႔ ခက္ခဲေနတာေၾကာင့္လုိ႔ လူကာကူက ထင္ျမင္ယူဆလ်က္ရွိပါတယ္။ လူကာကူဟာ အင္တာမီလန္အသင္းနည္းျပ ကြန္တီကို ကမၻာ့အေကာင္းဆုံးနည္းျပအျဖစ္ ခ်ီးက်ဴးထားၿပီး အီတလီေျမကိုေရက္ဖို႔က ပိုမိုနီးစပ္လာပါတယ္။

Photo Credit ; Getty Images

Unicode

ဆိုးလ်ရှားနဲ့ဆွေးနွေးပြီးနောက် မပျော်မရွှင်ဖြစ်သွားတဲ့ လူကာကူ အသင်းပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်တိုက်စစ်မှူး လူကာကူဟာ အသင်းနည်းပြဆိုးလ်ရှားနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မပျော်မရွှင်ဖြစ်ကာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ လူကာကူရဲ့အေးဂျင့်ဖြစ်သူက အင်တာမီလန်အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပေမယ့် နှစ်သင်းကြားပြောင်းရွှေ့ကြေးသဘောတူညီမှုရဖို့ ဝေးကွာနေဆဲဖြစ်ပြီး ယူနိုက်တက်က လူကာကူရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၈၀ သတ်မှတ်ထားပါတယ်။
အသက် ၂၆နှစ်အရွယ်ရှိ လူကာကူဟာ ယူနိုက်တက်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေအတွက် သတင်းပို့ခဲ့ပြီး ရာသီကြိုခြေစမ်းပွဲခရီးစဉ်အဖြစ် သြစတြးလျကို အသင်းသားတွေနဲ့အတူ ရောက်ရှိနေပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ ဆိုးလ်ရှားဟာ အသင်းမှာ လူကာကူ ဆက်ရှိစေရေးအတွက် ကြိုးစားမှုအဖြစ် အဲဒီကစားသမားနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ The Sun သတင်းစာရဲ့ဖော်ပြချက်အရ ရာသီသစ်အတွက် အသင်းရဲ့ဦးစားပေးတိုက်စစ်မှူးအဖြစ် ရက်ရှ်ဖို့ဒ်ကိုပဲ ဆက်ထားမယ်လို့သဘောရတဲ့ဆိုးလ်ရှားရဲ့မှတ်ချက်ကြောင့် ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အဲဒီသတင်းကပဲ ဆိုးလ်ရှားဟာ အသင်းကနေ ထွက်ခွာလိုတဲ့ လူကာကူရဲ့ဆန္ဒကို အမေးအမြန်းမရှိအပြစ်တင်ခဲ့ပြီး အခုလိုထပ်မံဆွေးနွေးခဲ့တာတောင် ဆိုးလ်ရှားရဲ့ခံယူချက် ပြောင်းလဲမှာမဟုတ်ဘူးလို့ လူကာကူက ခံစားနေရတယ်လို့ ရေးသားခဲ့ပါတယ်။
နောက်ပြီး ဆိုးလ်ရှားက အခုလိုသူ့ကို အသင်းမှာဆက်ထိန်းထားလိုတဲ့အဓိကရည်ရွယ်ချက်က သူ့နေရာမှာ အစားထိုးဖို့ ခက်ခဲနေတာကြောင့်လို့ လူကာကူက ထင်မြင်ယူဆလျက်ရှိပါတယ်။ လူကာကူဟာ အင်တာမီလန်အသင်းနည်းပြ ကွန်တီကို ကမ္ဘာ့အကောင်းဆုံးနည်းပြအဖြစ် ချီးကျူးထားပြီး အီတလီမြေကိုရေက်ဖို့က ပိုမိုနီးစပ်လာပါတယ်။