စီးတီးရဲ႕ ၾကြယ္ဝခ်မ္းသာမႈကို မနာလိုျခင္းမရွိေၾကာင္းကေလာ့ပ္ အခိုင္အမာဆို

Photo Credit ; Getty Images

Photo Credit ; Getty Images

လီဗာပူးနည္းျပဂ်ာဂန္ကေလာ့ပ္က လီဗာပူးအသင္းဟာ မန္စီးတီးအသင္းလိုေငြပင္ႀကီးမဟုတ္ေၾကာင္း၊ သူတို႔ ဟာ ေႏြရာသီတိုင္း ေျပာင္းေ႐ႊ႕ေၾကးအမ်ားအျပားအသံုးျပဳေနေပမယ့္ မိမိအေနနဲ႔ သူတုိ႔ရဲ႕ ၾကြယ္ဝခ်မ္းသာမႈကို မနာလို လံုးဝမျဖစ္ေၾကာင္း အခုိင္အမာေျပာၾကားလုိက္ပါတယ္။ လီဗာပူးအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း နာဘီကီတာ၊ အဲလစ္ဆန္ဘက္ကာ၊ ရွာကြီရီတို႔ကိုေခၚယူဖို႔ ေပါင္ ၁၁၃.၃၅သန္းအသံုးျပဳခဲ့ျပီး ခ်န္ပီယံလိဂ္ဖလား ကိုင္ေျမွာက္ႏိုင္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္ဖလားကိုေတာ့ အရယူႏိုင္ျခင္းမရွိခဲ့ဘဲ မန္စီးတီးအသင္းနဲ႔ တစ္မွတ္ အကြာ ဒုတိယသာရရိွကာ ၂၉ ႏွစ္ၾကာအမွတ္ေပးဖလားလက္မဲ့ျဖစ္ေနမႈကို အဆုံးမသတ္ႏိုင္ခဲ့ပါဘူး။

Photo Credit

ယခုေႏြရာသီအေျပာင္းအေရႊ႕မွာေတာ့ ကေလာ့ပ္က လူငယ္ကစားသမားေတြကိုရင္းႏွီးျမွပ္ႏွံ ေခၚယူထားခဲ့ပါ တယ္။ လက္ရွိမွာ အသက္၁၆ ႏွစ္အရြယ္ ဖူလ္ဟမ္ ေတာင္ပံကစားသမား ဟာေဗးအီလီေယာ့နဲ႔ ဇိုဝိုလီအသင္း ရဲ႕ အသက္ ၁၇ ႏွစ္အရြယ္ေနာက္ခံလူ ဗန္ဒန္ဘတ္တို႔ကိုေခၚယူထားခဲ့တာ ျဖစ္ပါတယ္။ စီးတီးအသင္းကေတာ့ ေႏြရာသီေစ်းကြက္ေနာက္ဆုံး ၂ႀကိမ္ဆက္ ကလပ္စံခ်ိန္တင္ကစားသမားသစ္ေခၚယူမႈအျဖစ္ အက္သလက္တီ ကိုကြင္းလယ္လူ ႐ိုဒရီကိုေပါင္ ၆၂.၅ သန္းနဲ႔ ေခၚယူထားခဲ့ပါတယ္။

Photo Credit

ဒါေပမဲ့ လီဗာပူးနည္းျပကေလာ့ပ္ကေတာ့ လက္ရွိအသင္းလူစာရင္းနဲ႔လည္း စီးတီးအသင္းကို ထပ္မံယွဥ္ျပိဳင္ႏိုင္ တယ္လို႔ ယံုၾကည္ေနပါတယ္။ “တျခားအသင္းေတြ ဘာေတြလုပ္ၾကတယ္ဆိုတာ ကၽြန္ေတာ္ မေျပာလိုပါဘူး၊ သူ တို႔ အသင္းကိုဘယ္လိုစီမံၾကတယ္ဆိုတာသိလဲမသိပါဘူး”လို႔ ကေလာ့ပ္က ေျပာပါတယ္။ “အေျပာင္းအေရႊ႕ လုပ္ေဆာင္မႈေတြကို ပံုေသသတ္မွတ္ထားလို႔မရပါဘူး၊ အသင္းႀကီး ၄သင္းျဖစ္တဲ့ မက္ဒရစ္၊ ဘာစီလုိနာ၊ မန္စီးတီးနဲ႔ ပီအက္စ္ဂ်ီတို႔ကေျပာင္းေ႐ႊ႕ေၾကးအမ်ားႀကီးအသံုးျပဳၾကတယ္။ သူတို႔နဲ႔လိုက္ယွဥ္ေနလို႔ေတာ့ မရပါဘူး”

Photo Credit

“ဒါကေဝဖန္ေျပာဆိုေနတာမဟုတ္ပါဘူး။ လူေတြကအဲလိုထင္ၾကမွာပါ။ ကၽြန္ေတာ္ မနာလို ျဖစ္ေနတယ္လို႔ေပါ့။ ကၽြန္ေတ္ာမနာလိုလံုးဝမျဖစ္ပါဘူး။ ကၽြန္ေတာ္တို႔ ကစားသမား ၅ဦးေခၚထားတယ္ဆိုၿပီး လက္စတာအသင္းကို သေရမက်ႏိုင္ဘူးလို႔လည္းအာမခံခ်က္မရွိပါဘူး’’လို႔ ကေလာ့ပ္က ထပ္ေလာင္းေျပာၾကား သြားခဲ့ပါတယ္။

Photo Credit

Unicode

စီးတီးရဲ့ ကြွယ်ဝချမ်းသာမှုကို မနာလိုခြင်းမရှိကြောင်းကလော့ပ် အခိုင်အမာဆို
လီဗာပူးနည်းပြဂျာဂန်ကလော့ပ်က လီဗာပူးအသင်းဟာ မန်စီးတီးအသင်းလိုငွေပင်ကြီးမဟုတ်ကြောင်း၊ သူတို့ ဟာ နွေရာသီတိုင်း ပြောင်းရွှေ့ကြေးအများအပြားအသုံးပြုနေပေမယ့် မိမိအနေနဲ့ သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုကို မနာလို လုံးဝမဖြစ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း နာဘီကီတာ၊ အဲလစ်ဆန်ဘက်ကာ၊ ရှာကွီရီတို့ကိုခေါ်ယူဖို့ ပေါင် ၁၁၃.၃၅သန်းအသုံးပြုခဲ့ပြီး ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ဖလားကိုတော့ အရယူနိုင်ခြင်းမရှိခဲ့ဘဲ မန်စီးတီးအသင်းနဲ့ တစ်မှတ် အကွာ ဒုတိယသာရရှိကာ ၂၉ နှစ်ကြာအမှတ်ပေးဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးမသတ်နိုင်ခဲ့ပါဘူး။
ယခုနွေရာသီအပြောင်းအရွှေ့မှာတော့ ကလော့ပ်က လူငယ်ကစားသမားတွေကိုရင်းနှီးမြှပ်နှံ ခေါ်ယူထားခဲ့ပါ တယ်။ လက်ရှိမှာ အသက်၁၆ နှစ်အရွယ် ဖူလ်ဟမ် တောင်ပံကစားသမား ဟာဗေးအီလီယော့နဲ့ ဇိုဝိုလီအသင်း ရဲ့ အသက် ၁၇ နှစ်အရွယ်နောက်ခံလူ ဗန်ဒန်ဘတ်တို့ကိုခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ စီးတီးအသင်းကတော့ နွေရာသီဈေးကွက်နောက်ဆုံး ၂ကြိမ်ဆက် ကလပ်စံချိန်တင်ကစားသမားသစ်ခေါ်ယူမှုအဖြစ် အက်သလက်တီ ကိုကွင်းလယ်လူ ရိုဒရီကိုပေါင် ၆၂.၅ သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။
ဒါပေမဲ့ လီဗာပူးနည်းပြကလော့ပ်ကတော့ လက်ရှိအသင်းလူစာရင်းနဲ့လည်း စီးတီးအသင်းကို ထပ်မံယှဉ်ပြိုင်နိုင် တယ်လို့ ယုံကြည်နေပါတယ်။ “တခြားအသင်းတွေ ဘာတွေလုပ်ကြတယ်ဆိုတာ ကျွန်တော် မပြောလိုပါဘူး၊ သူ တို့ အသင်းကိုဘယ်လိုစီမံကြတယ်ဆိုတာသိလဲမသိပါဘူး”လို့ ကလော့ပ်က ပြောပါတယ်။ “အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေကို ပုံသေသတ်မှတ်ထားလို့မရပါဘူး၊ အသင်းကြီး ၄သင်းဖြစ်တဲ့ မက်ဒရစ်၊ ဘာစီလိုနာ၊ မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့ကပြောင်းရွှေ့ကြေးအများကြီးအသုံးပြုကြတယ်။ သူတို့နဲ့လိုက်ယှဉ်နေလို့တော့ မရပါ ဘူး”
“ဒါကဝေဖန်ပြောဆိုနေတာမဟုတ်ပါဘူး။ လူတွေကအဲလိုထင်ကြမှာပါ။ ကျွန်တော် မနာလို ဖြစ်နေတယ်လို့ပေါ့။ ကျွန်တေ်ာမနာလိုလုံးဝမဖြစ်ပါဘူး။ ကျွန်တော်တို့ ကစားသမား ၅ဦးခေါ်ထားတယ်ဆိုပြီး လက်စတာအသင်းကို သရေမကျနိုင်ဘူးလို့လည်းအာမခံချက်မရှိပါဘူး’’လို့ ကလော့ပ်က ထပ်လောင်းပြောကြား သွားခဲ့ပါတယ်။