စီေရာ္နယ္ဒိုနဲ႔မက္စီ ဘယ္သူေစတနာပိုခ်မ္းသာလဲ?

အေတာ္ဆုံးေဘာလုံးသမားႏွစ္ေယာက္ျဖစ္တဲ့ စီေရာ္နယ္ဒိုနဲ႔ မက္ဆီတုိ႔ဟာ ေငြေၾကးပိုင္းမွာအေတာ္ကို ခ်မ္းသာတဲ့သူေတြလုိ႔ ဆိုရမွာျဖစ္ပါတယ္။ ဒါ့အျပင္သူတို႔ဟာ အလွဴအတန္းလည္းရက္ေရာၾကပါတယ္။ ဒါေၾကာင့္ သူတို႔ႏွစ္ေယာက္ ကုသိုလ္ျပဳထားတဲ့ စာရင္းအခ်ဳိ႕ကို ေဖာ္ျပေပးလုိက္ပါတယ္။ ေရာ္နယ္ဒိုဟာ ကင္ဆာေဆးရုံအတြက္ ရန္ပုံေငြ ေဒၚလာ 165,000 လွဴဒါန္းခဲ့ၿပီး၊ အထူးသျဖင့္ ကင္ဆာေရာဂါ ခံစားရတဲ့ ကေလးငယ္ေတြကို ပိုမိုလွဴဒါန္းပါတယ္။

အင္ဒုိနီးရွားမွာရိွတဲ့ ဒီေရေတာထိန္းသိမ္းေရးလုပ္ငန္းစဥ္အတြက္လည္း တစ္တပ္တစ္အားပါ၀င္ခဲ့သူတစ္ဦးျဖစ္ သလို၊ 2014 ခုႏွစ္မွာေတာ့ ဦးေႏွာက္ခြဲစိတ္ဖို႔လုိအပ္တဲ့ ကေလးငယ္တစ္ေယာက္ကို လုိအပ္တာေတြ ကူညီခဲ့ပါေသးတယ္။ 2015ခုႏွစ္နီေပါငလ်င္အတြက္လည္း ေရာ္နယ္ဒိုအေနနဲ႔ ယူရို 5သိန္းလွဴဒါန္းခဲ့ပါေသး တယ္။ 2016 ခုႏွစ္ ဆီရီးယားတိုက္ခုိက္ခံရမႈမွာေတာ့ ေရာ္နယ္ဒိုဟာ Save the children အစီအစဥ္နဲ႔အတူ ကေလးေတြအတြက္လိုအပ္တာေတြကူညီခဲ့သလုိ၊ ကေလးငယ္ေတြစိတ္ဒဏ္ရာသက္သာေစဖို႔အတြက္လည္း သူတို႔ေလးေတြနဲ႔ေတြ႕ဆုံခဲ့ကာ ေပ်ာ္စရာအခ်ိန္ေတြခဏတာဖန္တီးေပးခဲ့ပါေသးတယ္။

ဒါ့အျပင္ေရာ္နယ္ဒိုဟာသူရထားတဲ့ 2013 FIFA Balon d’Or ဆုကိုလည္း ေလလံတင္ေရာင္းခ်ကာ ရရိွလာတဲ့ ယူရို 6သိန္းကို Make-A-Wish ေဖာင္ေဒးရွင္းကို လွဴဒါန္းခဲ့ပါတယ္။ ေရာ္နယ္ဒိုရဲ႕ ေလးစားစရာအခ်က္တစ္ခ်က္ကေတာ့ သူဟာေသြးလွဴဒါန္းတာကို ထိခိုက္မွာစိုးလို႔ ခႏၶာကိုယ္မွာ တက္တူးမထုိးတာဘဲျဖစ္ပါတယ္။

လီယုိမက္ဆီေဖာင္ေဒးရွင္း ေထာင္ၿပီး လွဴဒါန္းေနတဲ့ ေဖာင္ေဒးရွင္း CEO ကေတာ့ ေလာေလာလတ္လတ္မွာတင္ သူ႔မိသားစုပိုင္ဆုိင္တဲ့ စားေသာက္ဆုိင္ကေန အိမ္ရာမဲ့ေတြအတြက္ 15ရက္တာနီးပါး အခမဲ့အစားအေသာက္ ေကၽြးတဲ့ လွဴဒါန္းတာေတြလုပ္ေနပါတယ္။

မက္ဆီဟာသူ႔ေမြးရပ္ေျမ မွာရိွတဲ့ကေလးေဆးရုံျပင္ဆင္မြမ္းမံဖုိ႔အတြက္ 2011 ခုႏွစ္တုန္းက ယူရို 6သိန္း7ေသာင္းလွဴဒါန္းခဲ့ပါတယ္။ 2012 တုန္းကလည္း 12 ႏွစ္အရြယ္ေရာဂါခံစားေနရတဲ့ ကေလးငယ္ တစ္ဦးကိုလည္း အစစအရာရာကူညီေပးခဲ့ပါေသးတယ္။ 2015 ခုႏွစ္မွာေတာ့ ယူနီဆပ္ရဲ႕ ကေလးသူငယ္ အစီအစဥ္အတြက္ ယူရို သုံးသိန္းခြဲ လွဴဒါန္းခဲ့ပါတယ္။

ဆီးရီးယားစစ္ပြဲမွာ ပညာသင္ဖို႔ခက္ေနတဲ့ ကေလးငယ္ေတြအတြက္ မက္ဆီရဲ႕ေဖာင္ေဒးရွင္းဟာ စာသင္ခန္းေတြေဆာက္လုပ္ၿပီး ကေလးငယ္ 1600 ေက်ာ္အတြက္ ပညာေတြသင္ေပးခဲ့ပါေသးတယ္။

မက္ဆီဟာ သူ႔ၿမိဳ႕က အစားအေသာက္ဘဏ္အတြက္လည္း မၾကာခဏအစားအေသာက္ေတြလွဴဒါန္းေလ့ရိွ ပါတယ္။ ဒါ့အျပင္ နယ္စည္းမျခားဆရာ၀န္အဖြဲ႕အတြက္လည္း ယူရို 7ေသာင္းေက်ာ္လွဴဒါန္းခဲ့ဖူးပါေသးတယ္။ ေရာ္နယ္ဒိုနဲ႔မက္ဆီနွစ္ေယာက္စလုံးဟာ ေဘာလုံးသမားေတြထဲမွာ လွဴဒါန္းမႈအမ်ားဆုံးျပဳသူေတြလုိ႔ သက္ဆုိင္ရာပရဟိတအဖြဲ႕အစည္းေတြကမွတ္ခ်က္ျပဳၾကပါတယ္။ ဒါေပမယ့္ပရိသတ္ေတြရဲ႕အျမင္မွာ ေရာ္နယ္ဒိုဟာမက္ဆီထက္ အေပ်ာ္အပါးနဲ႔ဇိမ္ခံပစၥည္းေတြအတြက္ ေငြသုံးၾကမ္း သူတစ္ေယာက္ျဖစ္ေနတတ္ပါတယ္။

unicode

စီရော်နယ်ဒိုနဲ့မက်စီ ဘယ်သူစိတ်စေတနာပိုချမ်းသာလဲ?

အတော်ဆုံးဘောလုံးသမားနှစ်ယောက်ဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ငွေကြေးပိုင်းမှာအတော်ကို ချမ်းသာတဲ့သူတွေလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင်သူတို့ဟာ အလှူအတန်းလည်းရက်ရောကြပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက် ကုသိုလ်ပြုထားတဲ့ စာရင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ကင်ဆာဆေးရုံအတွက် ရန်ပုံငွေ ဒေါ်လာ 165,000 လှူဒါန်းခဲ့ပြီး၊ အထူးသဖြင့် ကင်ဆာရောဂါ ခံစားရတဲ့ ကလေးငယ်တွေကို ပိုမိုလှူဒါန်းပါတယ်။

အင်ဒိုနီးရှားမှာရှိတဲ့ ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းစဉ်အတွက်လည်း တစ်တပ်တစ်အားပါဝင်ခဲ့သူတစ်ဦးဖြစ် သလို၊ 2014 ခုနှစ်မှာတော့ ဦးနှောက်ခွဲစိတ်ဖို့လိုအပ်တဲ့ ကလေးငယ်တစ်ယောက်ကို လိုအပ်တာတွေ ကူညီခဲ့ပါသေးတယ်။ 2015ခုနှစ်နီပေါငလျင်အတွက်လည်း ရော်နယ်ဒိုအနေနဲ့ ယူရို 5သိန်းလှူဒါန်းခဲ့ပါသေး တယ်။ 2016 ခုနှစ် ဆီရီးယားတိုက်ခိုက်ခံရမှုမှာတော့ ရော်နယ်ဒိုဟာ Save the children အစီအစဉ်နဲ့အတူ ကလေးတွေအတွက်လိုအပ်တာတွေကူညီခဲ့သလို၊ ကလေးငယ်တွေစိတ်ဒဏ်ရာသက်သာစေဖို့အတွက်လည်း သူတို့လေးတွေနဲ့တွေ့ဆုံခဲ့ကာ ပျော်စရာအချိန်တွေခဏတာဖန်တီးပေးခဲ့ပါသေးတယ်။

ဒါ့အပြင်ရော်နယ်ဒိုဟာသူရထားတဲ့ 2013 FIFA Balon d’Or ဆုကိုလည်း လေလံတင်ရောင်းချကာ ရရှိလာတဲ့ ယူရို 6သိန်းကို Make-A-Wish ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ လေးစားစရာအချက်တစ်ချက်ကတော့ သူဟာသွေးလှူဒါန်းတာကို ထိခိုက်မှာစိုးလို့ ခန္ဓာကိုယ်မှာ တက်တူးမထိုးတာဘဲဖြစ်ပါတယ်။ လီယိုမက်ဆီဖောင်ဒေးရှင်း ထောင်ပြီး လှူဒါန်းနေတဲ့ ဖောင်ဒေးရှင်း CEO ကတော့ လောလောလတ်လတ်မှာတင် သူ့မိသားစုပိုင်ဆိုင်တဲ့ စားသောက်ဆိုင်ကနေ အိမ်ရာမဲ့တွေအတွက် 15ရက်တာနီးပါး အခမဲ့အစားအသောက် ကျွေးတဲ့ လှူဒါန်းတာတွေလုပ်နေပါတယ်။

မက်ဆီဟာသူ့မွေးရပ်မြေ မှာရှိတဲ့ကလေးဆေးရုံပြင်ဆင်မွမ်းမံဖို့အတွက် 2011 ခုနှစ်တုန်းက ယူရို 6သိန်း7သောင်းလှူဒါန်းခဲ့ပါတယ်။ 2012 တုန်းကလည်း 12 နှစ်အရွယ်ရောဂါခံစားနေရတဲ့ ကလေးငယ် တစ်ဦးကိုလည်း အစစအရာရာကူညီပေးခဲ့ပါသေးတယ်။ 2015 ခုနှစ်မှာတော့ ယူနီဆပ်ရဲ့ ကလေးသူငယ် အစီအစဉ်အတွက် ယူရို သုံးသိန်းခွဲ လှူဒါန်းခဲ့ပါတယ်။ ဆီးရီးယားစစ်ပွဲမှာ ပညာသင်ဖို့ခက်နေတဲ့ ကလေးငယ်တွေအတွက် မက်ဆီရဲ့ဖောင်ဒေးရှင်းဟာ စာသင်ခန်းတွေဆောက်လုပ်ပြီး ကလေးငယ် 1600 ကျော်အတွက် ပညာတွေသင်ပေးခဲ့ပါသေးတယ်။

မက်ဆီဟာ သူ့မြို့က အစားအသောက်ဘဏ်အတွက်လည်း မကြာခဏအစားအသောက်တွေလှူဒါန်းလေ့ရှိ ပါတယ်။ ဒါ့အပြင် နယ်စည်းမခြားဆရာဝန်အဖွဲ့အတွက်လည်း ယူရို 7သောင်းကျော်လှူဒါန်းခဲ့ဖူးပါသေးတယ်။ ရော်နယ်ဒိုနဲ့မက်ဆီနှစ်ယောက်စလုံးဟာ ဘောလုံးသမားတွေထဲမှာ လှူဒါန်းမှုအများဆုံးပြုသူတွေလို့ သက်ဆိုင်ရာပရဟိတအဖွဲ့အစည်းတွေကမှတ်ချက်ပြုကြပါတယ်။ ဒါပေမယ့်ပရိသတ်တွေရဲ့အမြင်မှာ ရော်နယ်ဒိုဟာမက်ဆီထက် အပျော်အပါးနဲ့ဇိမ်ခံပစ္စည်းတွေအတွက် ငွေသုံးကြမ်း သူတစ်ယောက်ဖြစ်နေတတ်ပါတယ်။