စီေရာ္နယ္ဒိုခုန္ႏိုင္သေလာက္ ခုန္ရမယ့္ ေပါင္ ၁၀၀၀ တန္ ေခါငး္တုိက္ Challenge

“ဒီေလာက္ျမင့္ေအာင္ ခုန္ႏိုင္တာ ဘယ္လုိတားဆီးႏိုင္မွာလဲ” ယူရုိ ၂၀၁၆ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ စီေရာ္နယ္ဒိုက ၂.၆၅ မီတာခုန္ၿပီး ေ၀းလ္ဘက္ကို ေခါင္းတုိက္သြင္းယူခဲ့ၿပီးေနာက္ ေ၀းလ္နည္းျပခရစ္ကိုးလ္မန္းက အဲဒီလိုေျပာခဲ့တာပါ။ အာဆင္နယ္ဂႏၳ၀င္ေဟာင္းမာတင္ကင္အြန္ကလည္း ဘက္စ္ကတ္ေဘာကစားသမားတစ္္ေယာက္ ခုန္ၿပီးဂိုးသြင္းတာကို ၾကည့္ရသလိုပဲလို႔ စီေရာ္နယ္ဒိုရဲ႕အဲဒီေခါင္းတိုက္သြင္းမႈကို ခိုင္းႏႈိင္းခဲ့ပါတယ္။ ဟုတ္ပါတယ္။ စီေရာ္နယ္ဒုိရဲ႕အားကစားဆိုင္ရာလုပ္ျပႏိုင္စြမ္းက ပုံမွန္ထက္ကို ထူးကဲပါတယ္။ သာမန္ဘယ္ဟုတ္ပါ့မလဲ။

photo-gettyimages

အဲဒီဂ်ဴဗင္တပ္တုိက္စစ္မႈးဟာ အရပ္ ၆ ေပ ၁ လက္မျမင့္ပါတယ္။ ဒါေပမဲ့လညး္ ၂၀၁၁ က ခ်ီခ်က္စတာတကၠသုိလ္က ျပဳလုပ္ခဲ့တဲ့စစ္တမ္းတစ္ခုအရ စီေရာ္နယ္ဒိုရဲ႕ပ်ဥ္းမွ်ခုန္ႏိုင္မႈဟာ ၇၈ စင္တီမီတာ(၂ ေပ ၅ လက္မ)ရွိၿပီး အဲဒါဟာ NBA ဘတ္စ္ကတ္ေဘာကစားသမားတစ္ေယာက္ပ်ဥ္းမွ်ခုန္ႏိုင္တာထက္ ၇ စင္တီမီတာပိုျမင့္တယ္လုိ႔ သိရပါတယ္။ ဒါေၾကာင့္လည္း စီေရာ္နယ္ဒိုတစ္ေယာက္ သူ႔ရဲ႕ကစားသမားဘ၀မွာ ေခါင္းတိုက္ဂိုး ၁၀၀ ေက်ာ္သြင္းႏိုင္ခဲ့တာဟာ အံ့ၾသစရာမရွိပါဘူး။

photo-social media

အခုေတာ့ လန္ဒန္က ပရိသတ္ေတြဟာ ေန႔စဥ္ဘ၀မွာ စီေရာ္နယ္ဒိုျဖစ္ရတာဟာ ဘယ္ေလာက္ခက္ခဲတယ္ဆိုတဲ့အေတြ႕အႀကဳံကို ပထမဆုံးအႀကိမ္ရရွိေနၾကၿပီ။ ဂ်ရမီးလင့္ခ်္နဲ႔ ၀င္းဂရုဗ္ဆိုတဲ့ နာမည္ႀကီးဖရီးစတိုင္(ေဘာလုံးစေကးအလွျပ)ကစားသမားႏွစ္ေယာက္ဟာ လန္ဒန္က လမ္းတစ္ခုမွာ စီေရာ္နယ္ဒိုေခါင္းတိုက္ Challenge ဆိုတဲ့ၿပိဳင္ပြဲေလးကို က်င္းပခဲ့တာပါ။ လမ္းသြားလမ္းလာဘယ္သူမဆုိပါ၀င္ယွဥ္ၿပိဳင္ႏိုင္တဲ့ၿပိဳင္ပြဲေလးပါ။ အဲဒီမွာ ႏိုင္ခဲ့ရင္ေတာ့ ေပါင္ ၁၀၀၀ ရမွာျဖစ္ပါတယ္။ ေ၀းလ္နဲ႔ယူရိုဆီမီးပြဲတုန္းက စီေရာ္နယ္ဒုိေခါင္းတိုက္သြင္းခဲ့စဥ္ ခုန္ခဲ့တဲ့ ၂.၆၅ မီတာအတိုင္းခုန္ႏိုင္မွပါ။

[Unicode]

“ဒီလောက်မြင့်အောင် ခုန်နိုင်တာ ဘယ်လိုတားဆီးနိုင်မှာလဲ” ယူရို ၂၀၁၆ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စီရော်နယ်ဒိုက ၂.၆၅ မီတာခုန်ပြီး ဝေးလ်ဘက်ကို ခေါင်းတိုက်သွင်းယူခဲ့ပြီးနောက် ဝေးလ်နည်းပြခရစ်ကိုးလ်မန်းက အဲဒီလိုပြောခဲ့တာပါ။ အာဆင်နယ်ဂန္ထဝင်ဟောင်းမာတင်ကင်အွန်ကလည်း ဘက်စ်ကတ်ဘောကစားသမားတစ်ယောက် ခုန်ပြီးဂိုးသွင်းတာကို ကြည့်ရသလိုပဲလို့ စီရော်နယ်ဒိုရဲ့အဲဒီခေါင်းတိုက်သွင်းမှုကို ခိုင်းနှိုင်းခဲ့ပါတယ်။ ဟုတ်ပါတယ်။ စီရော်နယ်ဒိုရဲ့အားကစားဆိုင်ရာလုပ်ပြနိုင်စွမ်းက ပုံမှန်ထက်ကို ထူးကဲပါတယ်။ သာမန်ဘယ်ဟုတ်ပါ့မလဲ။

အဲဒီဂျူဗင်တပ်တိုက်စစ်မှုးဟာ အရပ် ၆ ပေ ၁ လက်မမြင့်ပါတယ်။ ဒါပေမဲ့လည်း ၂၀၁၁ က ချီချက်စတာတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့စစ်တမ်းတစ်ခုအရ စီရော်နယ်ဒိုရဲ့ပျဉ်းမျှခုန်နိုင်မှုဟာ ၇၈ စင်တီမီတာ(၂ ပေ ၅ လက်မ)ရှိပြီး အဲဒါဟာ NBA ဘတ်စ်ကတ်ဘောကစားသမားတစ်ယောက်ပျဉ်းမျှခုန်နိုင်တာထက် ၇ စင်တီမီတာပိုမြင့်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း စီရော်နယ်ဒိုတစ်ယောက် သူ့ရဲ့ကစားသမားဘဝမှာ ခေါင်းတိုက်ဂိုး ၁၀၀ ကျော်သွင်းနိုင်ခဲ့တာဟာ အံ့သြစရာမရှိပါဘူး။

အခုတော့ လန်ဒန်က ပရိသတ်တွေဟာ နေ့စဉ်ဘဝမှာ စီရော်နယ်ဒိုဖြစ်ရတာဟာ ဘယ်လောက်ခက်ခဲတယ်ဆိုတဲ့အတွေ့အကြုံကို ပထမဆုံးအကြိမ်ရရှိနေကြပြီ။ ဂျရမီးလင့်ချ်နဲ့ ဝင်းဂရုဗ်ဆိုတဲ့ နာမည်ကြီးဖရီးစတိုင်(ဘောလုံးစကေးအလှပြ)ကစားသမားနှစ်ယောက်ဟာ လန်ဒန်က လမ်းတစ်ခုမှာ စီရော်နယ်ဒိုခေါင်းတိုက် Challenge ဆိုတဲ့ပြိုင်ပွဲလေးကို ကျင်းပခဲ့တာပါ။ လမ်းသွားလမ်းလာဘယ်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်တဲ့ပြိုင်ပွဲလေးပါ။ အဲဒီမှာ နိုင်ခဲ့ရင်တော့ ပေါင် ၁၀၀၀ ရမှာဖြစ်ပါတယ်။ ဝေးလ်နဲ့ယူရိုဆီမီးပွဲတုန်းက စီရော်နယ်ဒိုခေါင်းတိုက်သွင်းခဲ့စဉ် ခုန်ခဲ့တဲ့ ၂.၆၅ မီတာအတိုင်းခုန်နိုင်မှပါ။