စီေရာ္နယ္ဒိုကို ေမွ်ာ္လင့္ေနတဲ့ ကိုရီးယားေတြရဲ႕ ပ်က္ျပယ္သြားတဲ့အိပ္မက္

Photo Credit-International news

ပရိသတ္ေတြ တိုးတုိးႀကိတ္ႀကိတ္အားေပးတဲ့ထဲမွာ ေဘာလုံးသမားေတြလည္း ပါပါတယ္။ အထူးသျဖင့္ နာမည္ေက်ာ္ေဘာလုံးသမားေတြဆုိရင္ ကေလးနဲ႔အမ်ဳိးသားေတြသာမက အမ်ဳိးသမီးထုႀကီးကလည္း အားေပး ၀န္းရံၾကပါတယ္။ ေဘာလုံးသမားေတြထဲမွာဆုိရင္ စီေရာ္နယ္ဒိုဟာမ်က္ႏွာပန္းပြင့္လြန္းသူျဖစ္ပါတယ္။ အခုစီေရာ္နယ္ဒိုရဲ႕ ဂ်ဴဗင္တပ္စ္ အသင္းဟာကုိရီးယားကိုေရာက္ရိွေနၿပီျဖစ္ပါတယ္။

Photo Credit-Internet

ကိုရီးယားျပည္သူလူထုဟာ စတားေတြကို အားေပးတဲ့ေနရာမွာ သည္းသည္းလႈပ္ျဖစ္ၾကတာေၾကာင့္ အခုလည္း စီေရာ္နယ္ဒိုလာတယ္ဆုိတာေၾကာင့္ ေမွ်ာ္လင့္တႀကီးနဲ႔ေတြ႕ဆုံလုိၾကပါတယ္။ စီေရာ္နယ္ဒို ေလဆိပ္ကို စေရာက္ကတည္းက ပရိသတ္ေတြဟာတိုးတိုးႀကိတ္ႀကိတ္သြားေရာက္ေတြ႕ဆုံၾကၿပီး၊ ဒိုေလးဟာလုံၿခံဳေရးေတြနဲ႔အတူ လူအုပ္ၾကားျဖတ္ကာ သြားခဲ့ရပါတယ္။

Photo Credit- Internet

ဒါေပမယ့္ လက္ရိွအခ်ိန္အထိေတာ့ ကိုရီးယားပရိသတ္ေတြရဲ႕အိပ္မက္ေတြ ပ်က္ျပယ္ေနဆဲျဖစ္ပါတယ္။ ဘာေၾကာင့္လဲ ဆိုရင္ စီေရာ္နယ္ဒိုဟာ ပရိသတ္ေတြနဲ႔မေတြ႕ဆုံေသးလုိ႔ျဖစ္ပါတယ္။ ဒီအတြက္လည္း ဂ်ဴဗင္တပ္စ္အသင္းကို ပရိသတ္ေတြက စိတ္ဆိုးေဒါသထြက္ေနၾကပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ပရိသတ္ေတြနဲ႔ ေတြ႕ဆုံတဲ့ပြဲမွာ စီေရာ္နယ္ဒိုမပါ၀င္ခဲ့ဘဲ အျခားကစားသမားေတြသာ တက္ေရာက္ခဲ့ၾကပါတယ္။

Photo Credit-the score

ဂရမ္းဟိုင္းရက္စ္ဆိုးလ္ ဟိုတယ္မွာျပဳလုပ္တဲ့ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ပရိသတ္မိတ္ဆက္ပြဲကို ရွပ္စနီ၊ ဘက္ဖြန္၊ ဒီလစ္ဂ်္ တို႔တက္ေရာက္ခဲ့ၾကပါတယ္။ ပြဲကို တက္ေရာက္ခဲ့တဲ့ကစားသမားေတြကေတာ့ သူတို႔အေနနဲ႔ စိတ္လႈပ္ရွားေနေၾကာင္းမွတ္ခ်က္ျပဳခဲ့ၾကပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ကိုရီးယားေျမမွာ Kလိဂ္ေအာစတားအသင္းန႔ဲခ်စ္ၾကည္ေရးပြဲကစားခ့ဲတာျဖစ္ၿပီး၊ တစ္ဖက္ 3 ဂိုးစီနဲ႔သေရက်ခဲ့ပါတယ္။

Photo Credit-getty

စီေရာ္နယ္ဒိုဟာ Kလိဂ္ေအာစတားအသင္းနဲ႔ပြဲမွာလည္း မပါ၀င္ခဲ့ပါဘူး။ အသင္းတာ၀န္ရိွသူကေတာ့ ဒိုေလးအတြက္ အနားယူဖို႔လိုအပ္တာေၾကာင့္ ေပးမကစားတာလို႔မွတ္ခ်က္ျပဳပါတယ္။ ကိုရီးယားပရိသတ္ေတြ အေနနဲ႔ ဒိုေလးကို ေတြ႕ဆုံအားေပးခ်င္ၾကတာလည္း သိပ္ေတာ့မဆန္းပါဘူး။ ဘာေၾကာင့္လဲဆိုရင္ ဒိုေလးဟာ 12ႏွစ္အတြင္း ကိုရီးယားကို ပထမဆုံးအေနနဲ႔ ျပန္လည္ေရာက္ရိွလာလို႔ျဖစ္ပါတယ္။

Photo Credit-getty

စီေရာ္နယ္ဒိုကို အားေပးတဲ့ ကိုရီးယားပရိသတ္တစ္ေယာက္ကေတာ့ ေဒါသအလြန္ထြက္ၿပီး ဗီဒီယုိတစ္ခုရုိက္ တင္ခဲ့ပါတယ္။ အဲဒီဗီဒီယုိထဲမွာ သူဟာ ဒိုေလးရဲ႕ေက်ာနံပါတ္ 7 အက်ၤီကို ေဒါသတႀကီးနဲ႔ဆြဲၿဖဲျပခဲ့ပါတယ္။ K-pop ေတြကို အလြန္အက်ဴးအားေပးတတ္တဲ့ ကိုရီးယားလူထုႀကီးကေတာ့ စီေရာ္နယ္ဒိုနဲ႔ မေတြ႕ဆုံရတဲ့အေပၚ အေတာ္ကိုေဒါသထြက္ ၀မ္းနည္းေနၾကပါတယ္။

Photo Credit-getty

(Unicode Version)

စီရော်နယ်ဒိုကို မျှော်လင့်နေတဲ့ ကိုရီးယားတွေရဲ့ ပျက်ပြယ်သွားတဲ့အိပ်မက်

ပရိသတ်တွေ တိုးတိုးကြိတ်ကြိတ်အားပေးတဲ့ထဲမှာ ဘောလုံးသမားတွေလည်း ပါပါတယ်။ အထူးသဖြင့် နာမည်ကျော်ဘောလုံးသမားတွေဆိုရင် ကလေးနဲ့အမျိုးသားတွေသာမက အမျိုးသမီးထုကြီးကလည်း အားပေး ဝန်းရံကြပါတယ်။ ဘောလုံးသမားတွေထဲမှာဆိုရင် စီရော်နယ်ဒိုဟာမျက်နှာပန်းပွင့်လွန်းသူဖြစ်ပါတယ်။ အခုစီရော်နယ်ဒိုရဲ့ ဂျူဗင်တပ်စ် အသင်းဟာကိုရီးယားကိုရောက်ရှိနေပြီဖြစ်ပါတယ်။

ကိုရီးယားပြည်သူလူထုဟာ စတားတွေကို အားပေးတဲ့နေရာမှာ သည်းသည်းလှုပ်ဖြစ်ကြတာကြောင့် အခုလည်း စီရော်နယ်ဒိုလာတယ်ဆိုတာကြောင့် မျှော်လင့်တကြီးနဲ့တွေ့ဆုံလိုကြပါတယ်။ စီရော်နယ်ဒို လေဆိပ်ကို စရောက်ကတည်းက ပရိသတ်တွေဟာတိုးတိုးကြိတ်ကြိတ်သွားရောက်တွေ့ဆုံကြပြီး၊ ဒိုလေးဟာလုံခြုံရေးတွေနဲ့အတူ လူအုပ်ကြားဖြတ်ကာ သွားခဲ့ရပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိတော့ ကိုရီးယားပရိသတ်တွေရဲ့အိပ်မက်တွေ ပျက်ပြယ်နေဆဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် စီရော်နယ်ဒိုဟာ ပရိသတ်တွေနဲ့မတွေ့ဆုံသေးလို့ဖြစ်ပါတယ်။ ဒီအတွက်လည်း ဂျူဗင်တပ်စ်အသင်းကို ပရိသတ်တွေက စိတ်ဆိုးဒေါသထွက်နေကြပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ စီရော်နယ်ဒိုမပါဝင်ခဲ့ဘဲ အခြားကစားသမားတွေသာ တက်ရောက်ခဲ့ကြပါတယ်။

ဂရမ်းဟိုင်းရက်စ်ဆိုးလ် ဟိုတယ်မှာပြုလုပ်တဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ပရိသတ်မိတ်ဆက်ပွဲကို ရှပ်စနီ၊ ဘက်ဖွန်၊ ဒီလစ်ဂျ် တို့တက်ရောက်ခဲ့ကြပါတယ်။ ပွဲကို တက်ရောက်ခဲ့တဲ့ကစားသမားတွေကတော့ သူတို့အနေနဲ့ စိတ်လှုပ်ရှားနေကြောင်းမှတ်ချက်ပြုခဲ့ကြပါတယ်။ ဂျူဗင်တပ်စ်အသင်းအနေနဲ့ ကိုရီးယားမြေမှာ Kလိဂ်အောစတားအသင်းနဲ့ချစ်ကြည်ရေးပွဲကစားခဲ့တာဖြစ်ပြီး၊ တစ်ဖက် 3 ဂိုးစီနဲ့သရေကျခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ Kလိဂ်အောစတားအသင်းနဲ့ပွဲမှာလည်း မပါဝင်ခဲ့ပါဘူး။ အသင်းတာဝန်ရှိသူကတော့ ဒိုလေးအတွက် အနားယူဖို့လိုအပ်တာကြောင့် ပေးမကစားတာလို့မှတ်ချက်ပြုပါတယ်။ ကိုရီးယားပရိသတ်တွေ အနေနဲ့ ဒိုလေးကို တွေ့ဆုံအားပေးချင်ကြတာလည်း သိပ်တော့မဆန်းပါဘူး။ ဘာကြောင့်လဲဆိုရင် ဒိုလေးဟာ 12နှစ်အတွင်း ကိုရီးယားကို ပထမဆုံးအနေနဲ့ ပြန်လည်ရောက်ရှိလာလို့ဖြစ်ပါတယ်။
စီရော်နယ်ဒိုကို အားပေးတဲ့ ကိုရီးယားပရိသတ်တစ်ယောက်ကတော့ ဒေါသအလွန်ထွက်ပြီး ဗီဒီယိုတစ်ခုရိုက် တင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ သူဟာ ဒိုလေးရဲ့ကျောနံပါတ် 7 အင်္ကျီကို ဒေါသတကြီးနဲ့ဆွဲဖြဲပြခဲ့ပါတယ်။ K-pop တွေကို အလွန်အကျူးအားပေးတတ်တဲ့ ကိုရီးယားလူထုကြီးကတော့ စီရော်နယ်ဒိုနဲ့ မတွေ့ဆုံရတဲ့အပေါ် အတော်ကိုဒေါသထွက် ဝမ်းနည်းနေကြပါတယ်။