စပို႔တင္းနဲ႔ မန္ယူၾကားကဆက္ႏြယ္မႈနဲ႔အတူ ေစာင့္ၾကည့္ခံမ်က္၀န္းမ်ားေအာက္က ဖာနန္ဒက္စ္

Photo Credit: Getty Images

လီဗာပူးနဲ႔ စပို႔တင္းတုိ႔ 2-2 သေရက်ခဲ့တဲ့ပြဲစဥ္မွာ 1 ဂိုးသြင္း၊ 1 ဂိုးဖန္တီးေပးခဲ့တဲ့ ကြင္းလယ္ဖန္တီးရွင္ဘရူႏုိဖာနန္ဒက္စ္ရဲ႕ေျခစြမ္းကိုၾကည့္ၿပီး မန္ယူအတြက္ေတာ့ သိပ္ကိုအက်ဳိးရွိတဲ့ေခၚယူမႈျဖစ္လာေတာ့မယ္လုိ႔ သံုးသပ္ေနၾကပါတယ္။ ဖာနန္ဒက္စ္အတြက္ မန္ယူေပးရမယ့္ ေပါင္သန္း 70 ဆုိတာဟာ”ဂ်င္း”မဟုတ္ႏုိင္ေတာ့ဘူးလုိ႔လည္းယံုၾကည္လာၾကတယ္။ လီဗာပူးပရိသတ္ေတြကေတာင္မွ မန္ယူလက္ထဲကေန ၾကားျဖတ္လုလုိက္ပါေတာ့လားလုိ႔ ေတာင္းဆိုခဲ့ၾကရတဲ့အထိပါပဲ။ အခုခ်ိန္ထိေတာ့ သူဟာ မန္ယူကို ေရာက္မလာေသးပါဘူး။ ဒါေပမဲ့ မန္ယူနဲ႔ စပို႔တင္းၾကားက ခမ္းနားတဲ့ဆက္ႏြယ္မႈကိုၾကည့္ၿပီး အုိးလ္ထရက္ဖုိ႔ဒ္ရပ္၀န္းဆီ ဖာနန္ဒက္စ္ေျခခ်လာမယ့္ေန႔ကို အားလံုးက မွန္းဆေမွ်ာ္လင့္ေနၾကပါၿပီ။

Photo Credit: Getty Images

သမုိင္းေၾကာင္းကိုျပန္ၾကည့္ရင္ မန္ယူနဲ႔ ေပၚတူဂီကစားသမားေတြဆုိတာက ဆက္ႏြယ္မႈသိပ္မရွိလွပါဘူး။ စီေရာ္နယ္ဒို၊ နာနီ၊ ဘီဘီ၊ ဒါေလာ့နဲ႔ ဂိုးသမားဂ်ဳိရယ္ပါရဲရားတုိ႔ပဲရွိတာပါ။ အဲဒီထဲကမွ ဒါေလာ့နဲ႔ ဂ်ဳိရယ္ပါရဲရားတုိ႔က အခုရွိေနတဲ့သူေတြပါ။ ဘီဘီကေတာ့ ဖာဂူဆန္လက္ထက္က ဗီလိန္တစ္ဦးျဖစ္ၿပီး စီေရာ္နယ္ဒိုနဲ႔ နာနီတုိ႔ဆုိတာကေတာ့ မန္ယူသမုိင္းရဲ႕ အမွတ္တရပံုရိပ္ေတြကို ဖန္တီးေပးႏုိင္ခဲ့တဲ့သူေတြပါ။ အဲဒီကစားသမား 5 ဦးထဲမွာမွ ေအာင္ျမင္မႈမ်ားစြာဖန္တီးႏုိင္ခဲ့တဲ့ စီေရာ္နယ္ဒိုနဲ႔ နာနီတုိ႔ 2 ဦးဟာ စပို႔တင္းကေန မန္ယူကိုေရာက္ရွိလာတာျဖစ္ၿပီး တျခားသူေတြကေတာ့ သီးျခားကလပ္ေတြကေနေရာက္လာခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ စပို႔တင္းနဲ႔ မန္ယူတုိ႔ ဘယ္ေလာက္အထိ အက်ဳိးေပးေကာင္းသလဲဆုိတာက ေျပာေနစရာေတာင္မလိုေတာ့ဘူးထင္တယ္။

Photo Credit: Getty Images

စီေရာ္နယ္ဒိုဟာ မန္ယူမွာကစားၿပီး ကမာၻ႔အေကာင္းဆံုးဆုရဖူးတဲ့ တစ္ဦးတည္းေသာကစားသမားျဖစ္သလုိ နာနီကလည္း ပရီးမီးယားလိဂ္ 4 ႀကိမ္၊ ခ်န္ပီယံလိဂ္ 1 ႀကိမ္၊ အက္ဖ္ေအဖလား 4 ႀကိမ္နဲ႔ ဖာဂူဆန္ေခတ္ရဲ႕ အသီးအပြင့္တစ္ခုျဖစ္ခဲ့ကာ အခုခ်ိန္ထိလည္း မန္ယူပရိသတ္ေတြရဲ႕ အခ်စ္ေတာ္တစ္ဦးျဖစ္ေနဆဲပါပဲ။ အခုေတာ့ စပို႔တင္းကေန မန္ယူကို ေနာက္ထပ္အေျပာင္းအေရႊ႕တစ္ခုက အေကာင္အထည္ေပၚလာဖုိ႔ ေတာ္ေတာ္ေလးကိုနီးစပ္ေနၿပီျဖစ္ပါတယ္။ မန္ယူကိုေျပာင္းေရႊ႕လာျခင္းတစ္ခုတည္းနဲ႔တင္ ဖိအားေတြ၊ ေ၀ဖန္မႈေတြ၊ ေစာင့္ၾကည့္ခံရမႈေတြက ေတာ္ေတာ္ေလးကိုမ်ားျပားျပင္းထန္ေလ့ရွိတာပါ။ အဲဒါအျပင္ ေရွ႕ရွိေနတဲ့ ပံုရိပ္ႏွစ္ခုနဲ႔ႏိႈင္းယွဥ္ခ်ိန္ထိုးမႈေတြကလည္း ဖာနန္ဒက္စ္ကို ပိုၿပီးရိုက္ခတ္လာႏိုင္ပါတယ္။

Photo Credit: Getty Images

ဒါဟာ ဖာနန္ဒက္စ္ရဲ႕ဘ၀မွာ ဘယ္တုန္းကမွမႀကံဳခဲ့ဖူးတဲ့ ထူးျခားတဲ့အေျခအေနလည္းျဖစ္လာပါလိမ့္မယ္။ အထုိင္က်ၿပီးသားအသင္းတစ္ခုမဟုတ္ေတာ့ဘဲ ဆုိးလ္ရွားနဲ႔အတူ အေျပာင္းအလဲေတြ၊ ကုိယ္ပိုင္စိတ္ကူးေတြနဲ႔ ေခတ္သစ္စဖုိ႔ျပင္ဆင္ေနခ်ိန္မွာ ဖာနန္ဒက္စ္ဘယ္ေလာက္အထိလုပ္ျပႏုိင္မလဲဆုိတာကလည္း တကယ္ကိုစိတ္၀င္စားဖုိ႔ေကာင္းေနတာပါ။ ေပါင္သန္း 70 ဆုိတဲ့ Price Tag အျပင္ စပို႔တင္းနဲ႔ မန္ယူၾကားကဆက္ႏြယ္မႈဖိအားေတြကို ဖာနန္ဒက္စ္ ဘယ္လုိကိုင္တြယ္မလဲဆုိတာ အိုးလ္ထရက္ဖုိ႔ဒ္ကိုေရာက္လာခ်ိန္မွာ ေစာင့္ၾကည့္သြားရေတာ့မွာပါ….။

(Unicode)

စပို့တင်းနဲ့ မန်ယူကြားကဆက်နွယ်မှုနဲ့အတူ စောင့်ကြည့်ခံမျက်ဝန်းများအောက်က ဖာနန်ဒက်စ်

လီဗာပူးနဲ့ စပို့တင်းတို့ 2-2 သရေကျခဲ့တဲ့ပွဲစဉ်မှာ 1 ဂိုးသွင်း၊ 1 ဂိုးဖန်တီးပေးခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင်ဘရူနိုဖာနန်ဒက်စ်ရဲ့ခြေစွမ်းကိုကြည့်ပြီး မန်ယူအတွက်တော့ သိပ်ကိုအကျိုးရှိတဲ့ခေါ်ယူမှုဖြစ်လာတော့မယ်လို့ သုံးသပ်နေကြပါတယ်။ ဖာနန်ဒက်စ်အတွက် မန်ယူပေးရမယ့် ပေါင်သန်း 70 ဆိုတာဟာ”ဂျင်း”မဟုတ်နိုင်တော့ဘူးလို့လည်းယုံကြည်လာကြတယ်။ လီဗာပူးပရိသတ်တွေကတောင်မှ မန်ယူလက်ထဲကနေ ကြားဖြတ်လုလိုက်ပါတော့လားလို့ တောင်းဆိုခဲ့ကြရတဲ့အထိပါပဲ။ အခုချိန်ထိတော့ သူဟာ မန်ယူကို ရောက်မလာသေးပါဘူး။ ဒါပေမဲ့ မန်ယူနဲ့ စပို့တင်းကြားက ခမ်းနားတဲ့ဆက်နွယ်မှုကိုကြည့်ပြီး အိုးလ်ထရက်ဖို့ဒ်ရပ်ဝန်းဆီ ဖာနန်ဒက်စ်ခြေချလာမယ့်နေ့ကို အားလုံးက မှန်းဆမျှော်လင့်နေကြပါပြီ။

သမိုင်းကြောင်းကိုပြန်ကြည့်ရင် မန်ယူနဲ့ ပေါ်တူဂီကစားသမားတွေဆိုတာက ဆက်နွယ်မှုသိပ်မရှိလှပါဘူး။ စီရော်နယ်ဒို၊ နာနီ၊ ဘီဘီ၊ ဒါလော့နဲ့ ဂိုးသမားဂျိုရယ်ပါရဲရားတို့ပဲရှိတာပါ။ အဲဒီထဲကမှ ဒါလော့နဲ့ ဂျိုရယ်ပါရဲရားတို့က အခုရှိနေတဲ့သူတွေပါ။ ဘီဘီကတော့ ဖာဂူဆန်လက်ထက်က ဗီလိန်တစ်ဦးဖြစ်ပြီး စီရော်နယ်ဒိုနဲ့ နာနီတို့ဆိုတာကတော့ မန်ယူသမိုင်းရဲ့ အမှတ်တရပုံရိပ်တွေကို ဖန်တီးပေးနိုင်ခဲ့တဲ့သူတွေပါ။ အဲဒီကစားသမား 5 ဦးထဲမှာမှ အောင်မြင်မှုများစွာဖန်တီးနိုင်ခဲ့တဲ့ စီရော်နယ်ဒိုနဲ့ နာနီတို့ 2 ဦးဟာ စပို့တင်းကနေ မန်ယူကိုရောက်ရှိလာတာဖြစ်ပြီး တခြားသူတွေကတော့ သီးခြားကလပ်တွေကနေရောက်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် စပို့တင်းနဲ့ မန်ယူတို့ ဘယ်လောက်အထိ အကျိုးပေးကောင်းသလဲဆိုတာက ပြောနေစရာတောင်မလိုတော့ဘူးထင်တယ်။

စီရော်နယ်ဒိုဟာ မန်ယူမှာကစားပြီး ကမ္ဘာ့အကောင်းဆုံးဆုရဖူးတဲ့ တစ်ဦးတည်းသောကစားသမားဖြစ်သလို နာနီကလည်း ပရီးမီးယားလိဂ် 4 ကြိမ်၊ ချန်ပီယံလိဂ် 1 ကြိမ်၊ အက်ဖ်အေဖလား 4 ကြိမ်နဲ့ ဖာဂူဆန်ခေတ်ရဲ့ အသီးအပွင့်တစ်ခုဖြစ်ခဲ့ကာ အခုချိန်ထိလည်း မန်ယူပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးဖြစ်နေဆဲပါပဲ။ အခုတော့ စပို့တင်းကနေ မန်ယူကို နောက်ထပ်အပြောင်းအရွှေ့တစ်ခုက အကောင်အထည်ပေါ်လာဖို့ တော်တော်လေးကိုနီးစပ်နေပြီဖြစ်ပါတယ်။ မန်ယူကိုပြောင်းရွှေ့လာခြင်းတစ်ခုတည်းနဲ့တင် ဖိအားတွေ၊ ဝေဖန်မှုတွေ၊ စောင့်ကြည့်ခံရမှုတွေက တော်တော်လေးကိုများပြားပြင်းထန်လေ့ရှိတာပါ။ အဲဒါအပြင် ရှေ့ရှိနေတဲ့ ပုံရိပ်နှစ်ခုနဲ့နှိုင်းယှဉ်ချိန်ထိုးမှုတွေကလည်း ဖာနန်ဒက်စ်ကို ပိုပြီးရိုက်ခတ်လာနိုင်ပါတယ်။

ဒါဟာ ဖာနန်ဒက်စ်ရဲ့ဘဝမှာ ဘယ်တုန်းကမှမကြုံခဲ့ဖူးတဲ့ ထူးခြားတဲ့အခြေအနေလည်းဖြစ်လာပါလိမ့်မယ်။ အထိုင်ကျပြီးသားအသင်းတစ်ခုမဟုတ်တော့ဘဲ ဆိုးလ်ရှားနဲ့အတူ အပြောင်းအလဲတွေ၊ ကိုယ်ပိုင်စိတ်ကူးတွေနဲ့ ခေတ်သစ်စဖို့ပြင်ဆင်နေချိန်မှာ ဖာနန်ဒက်စ်ဘယ်လောက်အထိလုပ်ပြနိုင်မလဲဆိုတာကလည်း တကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေတာပါ။ ပေါင်သန်း 70 ဆိုတဲ့ Price Tag အပြင် စပို့တင်းနဲ့ မန်ယူကြားကဆက်နွယ်မှုဖိအားတွေကို ဖာနန်ဒက်စ် ဘယ်လိုကိုင်တွယ်မလဲဆိုတာ အိုးလ်ထရက်ဖို့ဒ်ကိုရောက်လာချိန်မှာ စောင့်ကြည့်သွားရတော့မှာပါ….။