စင္ကာပူမွာ သြင္းဂိုးေတြနဲ႔ ေဖ်ာ္ေျဖႏိုင္ခဲ့တဲ့ပြဲ (ဂ်ဴဗင္တပ္စ္ ၂-၃ စပါး ပြဲၿပီးျမင္ကြင္းက်ယ္)

Photo Credit ; Getty Images

Photo Credit ; Getty Images

ေျခစမ္းပြဲဆုိေပမယ့္ ႏွစ္သင္းစလုံး အားထည့္ကစားသြားၿပီး ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒို ဂိုးသြင္းႏုိင္ခဲ့ေပမယ့္ ဂိုးသမားဆက္ဇီနီရဲ႕အမွား၊ စပါးအသင္းေခါင္းေဆာင္ ဟယ္ရီကိန္းရဲ႕အံ့အားသင့္ဖြယ္သြင္းဂိုးေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္း ၂-၃ ဂိုးနဲ႔အေရးနိမ့္သြားခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္မွာ ကစားသမားသစ္ေတြထဲက ဘူဖြန္၊ ရာဘီေယာ့၊ ဒီလစ္ခ်္တုိ႔ ပထမဆုံးအႀကိမ္ပါ၀င္ကစားခဲ့သလို စပါးအသင္းကလည္း ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားတဲ့ ကြင္းလယ္လူ အန္ဒမ္ဘီလီကို ဒုတိယပိုင္းမွာ ပထမဆုံးအႀကိမ္ထုတ္သုံးသြားပါတယ္။

Photo Credit

ဒါေပမဲ့ ကစားသမားသစ္ေတြရဲ႕စြမ္းေဆာင္ရည္ခ်င္းယွဥ္ရင္ ဂ်ဴဗင္တပ္စ္ထက္ စပါးက အားရစရာပိုေကာင္းခဲ့ၿပီး ဂ်ဴဗင္တပ္စ္မွာ ဒီလစ္ဂ်္၀င္လာမွ စပါးကို ၂ဂိုးေပးလုိက္ရတာျဖစ္သလို ဟယ္ရီကိန္းရဲ႕အႏိုင္ဂိုးကလည္း ကြင္းလယ္မွာ ရာဘီေယာ့ဆီကေန ေဘာလုံးပ်က္သြားရာကေန အစျပဳခဲ့တာပါ။ အန္ဒမ္ဘီလီကေတာ့ လူစား၀င္လာၿပီးသိပ္မၾကာခင္မွာပဲ တုိက္စစ္မွဴး လူးကပ္စ္မိုရာ ဂိုးသြင္းယူႏုိင္ေရးအတြက္ လွလွပပဖန္တီးေပးႏုိင္ခဲ့ၿပီး သူ႕အတြက္ စပါးအသင္း ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ဘာေၾကာင့္သုံးစြဲခဲ့လဲဆုိတဲ့အေျဖကို လက္ေတြ႕ေျဖဆုိသြားပါတယ္။

Photo Credit ; Getty Images / AFP

ပြဲခ်ိန္အေစာပိုင္းမွာ စပါးအသင္း အခြင့္အေရးပိုရခဲ့ၿပီး ပြဲခ်ိန္ ၃မိနစ္မွာ ဆြန္ေဟာင္မင္း ဘယ္ေျခနဲ႔ အနီးကပ္ေထာင့္ျဖတ္ကန္သြင္းခဲ့ေပမယ့္ ဂိုးေပါက္နဲ႔ကပ္လြဲသြားသလို ေနာက္ ၅မိနစ္အၾကာမွာလည္း ပင္နယ္တီဧရိယာထဲမွာ ရင္ဘတ္နဲ႔တစ္ခ်က္ထိန္းကာ အနီးကပ္ကန္သြင္းတာလည္း ဂိုးေပါက္နဲ႔လြဲေခ်ာ္သြားပါတယ္။ ပြဲခ်ိန္မိနစ္ ၃၀မွာေတာ့ စပါးအသင္း ဦးေဆာင္ဂိုးရရွိသြားခဲ့ၿပီး ဆြန္ေဟာင္မင္းရဲ႕ေပးပို႔မႈကေန ပါေရာ့ရဲ႕ကန္သြင္းခ်က္ကို ဘူဖြန္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ လာမယ္လာက ေျပး၀င္ပိတ္သြင္းႏိုင္ခ့ဲတာျဖစ္ပါတယ္။

Photo Credit ; Getty Images

အဲဒီေနာက္မွာေတာ့ ဂ်ဴဗင္တပ္စ္အသင္း ကစားကြက္ျပန္မိလာၿပီး ပြဲခ်ိန္ ၅၆မိနစ္မွာ ခ်ဲလ္ဆီးကေန ျပန္ေရာက္လာတဲ့ တုိက္စစ္မွဴး ဟီဂူအင္က ပင္နယ္တီဧရိယာစပ္ကေန အနိမ့္ေဘာအျပင္းကန္သြင္းကာ ေခ်ပဂိုးရယူႏိုင္ခဲ့ပါတယ္။ အဲဒီေနာက္ ပြဲခ်ိန္မိနစ္ ၆၀မွာ ဂ်ဴဗင္တပ္စ္အသင္း ဦးေဆာင္ဂိုးရရွိခဲ့ၿပီး ဒီစီဂလီယို ဂိုးေရွ႕ျပန္ခ်ိဳးေပးတာကို အသ့င္ရွိေနတဲ့ ေရာ္နယ္ဒိုက မနားတမ္းပိတ္သြင္းခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ပြဲခ်ိန္ ၆၅မိနစ္မွာ အန္ဒမ္ဘီလီ ဂိုးဧရိယာထဲ လွလွပပခ်ိဳးေပးလုိက္တာကို လူးကပ္စ္မုိရာက ေျပး၀င္ပိတ္သြင္းႏို္င္ခဲ့လို႔ စပါးအသင္း ေခ်ပဂိုးရရွိခဲ့ပါတယ္။ ၂-၂ ဂိုးသေရက်ေတာ့မယ္လုိ႔ ထင္မွတ္ေနတုန္း နာက်င္အခ်ိန္ပို ၂မိနစ္မွာ ကြင္းလယ္စည္းနား ရာဘီေယာ့ ေဘာလုံးပ်က္သြားရာကေန ဟယ္ရီကိန္းက ေရွ႕ထြက္ေနတဲ့ဂ်ဴဗင္တပ္စ္ဂိုးသမား ဆက္ဇီနီရဲ႕အမွားကို အခြင့္ေကာင္းယူကာ ကြင္းလယ္စည္းသာသာကေန ကန္သြင္းယူႏုိင္ခဲ့လုိ႔ စပါးအသင္း အႏိုင္ဂိုးရရွိခဲ့ပါတယ္။

Photo Credit ; Getty Images

Unicode

စင်ကာပူမှာ သွင်းဂိုးတွေနဲ့ ဖျော်ဖြေနိုင်ခဲ့တဲ့ပွဲ (ဂျူဗင်တပ်စ် ၂-၃ စပါး ပွဲပြီးမြင်ကွင်းကျယ်)

ခြေစမ်းပွဲဆိုပေမယ့် နှစ်သင်းစလုံး အားထည့်ကစားသွားပြီး ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒို ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဂိုးသမားဆက်ဇီနီရဲ့အမှား၊ စပါးအသင်းခေါင်းဆောင် ဟယ်ရီကိန်းရဲ့အံ့အားသင့်ဖွယ်သွင်းဂိုးကြောင့် ဂျူဗင်တပ်စ်အသင်း ၂-၃ ဂိုးနဲ့အရေးနိမ့်သွားခဲ့ပါတယ်။ ဂျူဗင်တပ်စ်မှာ ကစားသမားသစ်တွေထဲက ဘူဖွန်၊ ရာဘီယော့၊ ဒီလစ်ချ်တို့ ပထမဆုံးအကြိမ်ပါဝင်ကစားခဲ့သလို စပါးအသင်းကလည်း ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ အန်ဒမ်ဘီလီကို ဒုတိယပိုင်းမှာ ပထမဆုံးအကြိမ်ထုတ်သုံးသွားပါတယ်။
ဒါပေမဲ့ ကစားသမားသစ်တွေရဲ့စွမ်းဆောင်ရည်ချင်းယှဉ်ရင် ဂျူဗင်တပ်စ်ထက် စပါးက အားရစရာပိုကောင်းခဲ့ပြီး ဂျူဗင်တပ်စ်မှာ ဒီလစ်ဂျ်ဝင်လာမှ စပါးကို ၂ဂိုးပေးလိုက်ရတာဖြစ်သလို ဟယ်ရီကိန်းရဲ့အနိုင်ဂိုးကလည်း ကွင်းလယ်မှာ ရာဘီယော့ဆီကနေ ဘောလုံးပျက်သွားရာကနေ အစပြုခဲ့တာပါ။ အန်ဒမ်ဘီလီကတော့ လူစားဝင်လာပြီးသိပ်မကြာခင်မှာပဲ တိုက်စစ်မှူး လူးကပ်စ်မိုရာ ဂိုးသွင်းယူနိုင်ရေးအတွက် လှလှပပဖန်တီးပေးနိုင်ခဲ့ပြီး သူ့အတွက် စပါးအသင်း ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ဘာကြောင့်သုံးစွဲခဲ့လဲဆိုတဲ့အဖြေကို လက်တွေ့ဖြေဆိုသွားပါတယ်။
ပွဲချိန်အစောပိုင်းမှာ စပါးအသင်း အခွင့်အရေးပိုရခဲ့ပြီး ပွဲချိန် ၃မိနစ်မှာ ဆွန်ဟောင်မင်း ဘယ်ခြေနဲ့ အနီးကပ်ထောင့်ဖြတ်ကန်သွင်းခဲ့ပေမယ့် ဂိုးပေါက်နဲ့ကပ်လွဲသွားသလို နောက် ၅မိနစ်အကြာမှာလည်း ပင်နယ်တီဧရိယာထဲမှာ ရင်ဘတ်နဲ့တစ်ချက်ထိန်းကာ အနီးကပ်ကန်သွင်းတာလည်း ဂိုးပေါက်နဲ့လွဲချော်သွားပါတယ်။ ပွဲချိန်မိနစ် ၃၀မှာတော့ စပါးအသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး ဆွန်ဟောင်မင်းရဲ့ပေးပို့မှုကနေ ပါရော့ရဲ့ကန်သွင်းချက်ကို ဘူဖွန် ကာကွယ်နိုင်ခဲ့ပေမယ့် လာမယ်လာက ပြေးဝင်ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ဂျူဗင်တပ်စ်အသင်း ကစားကွက်ပြန်မိလာပြီး ပွဲချိန် ၅၆မိနစ်မှာ ချဲလ်ဆီးကနေ ပြန်ရောက်လာတဲ့ တိုက်စစ်မှူး ဟီဂူအင်က ပင်နယ်တီဧရိယာစပ်ကနေ အနိမ့်ဘောအပြင်းကန်သွင်းကာ ချေပဂိုးရယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန်မိနစ် ၆၀မှာ ဂျူဗင်တပ်စ်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ဒီစီဂလီယို ဂိုးရှေ့ပြန်ချိုးပေးတာကို အသ့င်ရှိနေတဲ့ ရော်နယ်ဒိုက မနားတမ်းပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၆၅မိနစ်မှာ အန်ဒမ်ဘီလီ ဂိုးဧရိယာထဲ လှလှပပချိုးပေးလိုက်တာကို လူးကပ်စ်မိုရာက ပြေးဝင်ပိတ်သွင်းနိုင်ခဲ့လို့ စပါးအသင်း ချေပဂိုးရရှိခဲ့ပါတယ်။ ၂-၂ ဂိုးသရေကျတော့မယ်လို့ ထင်မှတ်နေတုန်း နာကျင်အချိန်ပို ၂မိနစ်မှာ ကွင်းလယ်စည်းနား ရာဘီယော့ ဘောလုံးပျက်သွားရာကနေ ဟယ်ရီကိန်းက ရှေ့ထွက်နေတဲ့ဂျူဗင်တပ်စ်ဂိုးသမား ဆက်ဇီနီရဲ့အမှားကို အခွင့်ကောင်းယူကာ ကွင်းလယ်စည်းသာသာကနေ ကန်သွင်းယူနိုင်ခဲ့လို့ စပါးအသင်း အနိုင်ဂိုးရရှိခဲ့ပါတယ်။