ငယ္စဥ္ဘဝမွာ ဆင္းရဲလို႔ အရုပ္ေတာင္မရိွဘဲ ေဘာလုံးကိုပဲဖက္တြယ္ခဲ့ရၿပီး အခုအခ်ိန္ေအာင္ျမင္ေနတဲ့ နီကိုလပ္ ပီပီ

Photo Credit-getty

အာဆင္နယ္ရဲ႕ျပစ္မွတ္ကစားသမားျဖစ္လာတဲ့ နီကိုးလပ္ပီပီဟာ ဆင္းရဲတဲ့မိသားစုဘ၀ကေန ေမြးဖြား လာတဲ့သူျဖစ္ပါတယ္။ သူ႔ကို1995 ခုႏွစ္ ေမလ 29 ရက္ေန႔မွာ ျပင္သစ္တြင္ ေမြးဖြားခဲ့တာျဖစ္ၿပီး၊ သူ႔မိဘေတြဟာ အိုင္ဗရီကို႔စ္ လူမ်ိဳးေတြ ျဖစ္ျပီး ျပင္သစ္ကိုေျပာင္းေရႊ႕အေျခခ်ခဲ့တာျဖစ္ပါတယ္။ ေအာက္ေျခလူတန္းစား မိသားစုလို႔ဆိုႏိုင္တဲ့ ပီပီတို႔မိသားစုဟာ စီးပြားေရးအဆင္မေျပၾကပါဘူး။ ဖခင္ျဖစ္သူက ေထာင္၀ါဒါ အလုပ္ကို လုပ္ကိုင္ခဲ့ရသလို ၊ မိခင္ ျဖစ္သူဟာလည္း အိမ္ေဖာ္အလုပ္ကိုလုပ္ၿပီး စား၀တ္ေနေရး ေျဖရွင္းၾကရပါတယ္။

Photo Credit-Internet

ပီပီဟာ ငယ္စဥ္ဘ၀မွာအျခားကေလးေတြလိုအရုပ္ေတြနဲ႔မကစားႏိုင္ပါဘူး။ မိသားစုကဆင္းရဲတာေၾကာင့္ ဘာကစားစရာအရုပ္မွ မ၀ယ္ေပးႏိုင္ပါဘူး။ ဒါေၾကာင့္သူ႔အတြက္ ေဘာလုံးကသာအေဖာ္ျဖစ္ခဲ့ပါတယ္။ ပီပီရဲ႕ငယ္စဥ္ဘ၀ကတည္းက အိပ္မက္ကလည္း ေဘာလုံးသမားျဖစ္ခ်င္တာျဖစ္ပါတယ္။ ဒါေၾကာင့္ ေက်ာင္းတက္တဲ့အခ်ိန္မွာ ဆရာျဖစ္သူက ေဘာလုံးကစားနည္းေတြကို သင္ၾကားေပးခဲ့ပါတယ္။ ပီပီရဲ႕ရည္မွန္းခ်က္ေတြကို အေဖျဖစ္သူကလည္း အစြမ္းကုန္ပံ့ပိုးေပးခဲ့ပါတယ္။ သူကိုယ္တုိင္အားကစားနည္းျပဆရာလက္မွတ္ကို ႀကိဳးစားရယူခဲ့ၿပီး၊ သားျဖစ္သူကို ပ့ံပိုးေပးခဲ့ပါတယ္။

Photo Credit-Internet

ပီပီရဲ႕အိပ္မက္ေတြအမွန္တကယ္ျဖစ္လာမယ့္ ခရီးအစကေတာ့ ျပင္သစ္ကမၻာ့ဖလားက်င္းပခ်ိန္ပဲျဖစ္ပါတယ္။ အဲဒီအခ်ိန္ ျပင္သစ္မွာ လူမည္းကစားသမားေတြေနရာပိုရလာတာေၾကာင့္ ေရႊ႕ေျပာင္းေနထိုင္လာခဲ့သူပီပီ အတြက္ အခြင့္ အေရးေကာင္းတစ္ခုျဖစ္လာခဲ့ပါတယ္။ ပီပီဟာေဒသကလပ္တစ္ခုျဖစ္တဲ့ Poitiers FC အသင္း မွာစတင္၀င္ေရာက္ ကစားခဲ့ေပမယ့္ သူ႔ရဲ႕ေဘာလုံးသမားဘ၀ခရီးအစဟာအဆင္သိပ္မေျပခဲ့ပါဘူး။ စီနီယာေတြ၊ကစားေဖာ္ေတြ ရဲ႕အသိအမွတ္ျပဳတာကို မခံရတဲ့အျပင္ ခ်ီးက်ဴးလည္းမခံခဲ့ရပါဘူး။ အခ်ဳိ႕သတင္းေတြအရေတာ့ ပီပီဟာေလ့က်င့္ေရးအတြက္ အပ်င္းႀကီးတတ္တဲ့အခ်ိန္ေတြရိွတာေၾကာင့္ ေျခစြမ္းပိုင္းမွာလည္း အတက္အက်ေတြရိွခဲ့ပါတယ္။ ဒါေၾကာင့္ လူအေတာ္မ်ားမ်ားရဲ႕ ေ၀ဖန္တာကိုခံခဲ့ရတာျဖစ္ပါတယ္။

Photo Credit-Daily Express

ဒါေပမယ့္ေနာက္ပိုင္းမွာေတာ့ ပီပီဟာ သူ႔ရဲ႕ မေကာင္းတဲ့ အက်င့္ေတြကို ျပင္ဆင္ရင္း ၾကိဳးစားလာခဲ့ရာကေန ေနရာတစ္ခုရရိွလာခဲ့တာျဖစ္ပါတယ္။ ပီပီရဲ႕ကစားသမားဘ၀ကိုအေျပာင္းအလဲျဖစ္ေစခဲ့သူကေတာ့ လိုင္လီ အသင္းရဲ႕ အားကစား ဒါရိုက္တာျဖစ္သူ လူး၀စ္ ကမ္းပို႔စ္ ပါ။သူဟာ ျပိဳင္ဘက္ ကစားသမား တစ္ေယာက္ ရဲ႕ အေနအထားကို အကဲခတ္ဖို႔ ေဘာလံုးပြဲ လာၾကည့္ရင္း ပီပီကို ေတြ႔ရွိသြားခဲ့ကာ သေဘာက်ခဲ့တာ ျဖစ္ပါတယ္။ “ကၽြန္ေတာ္သူ႔ကို ကစားခ်ိန္ 82 မိနစ္ေလာက္မွာ ဂိုးသြင္းသြားတာကို သေဘာက်သြားခဲ့ပါတယ္။ အဲဒီကေနစၿပီး သူ႔ကို ႏွစ္သက္သြားခဲ့တာျဖစ္ပါတယ္”ဆိုၿပီး လူး၀စ္က ျပင္သစ္ေဘာလုံးသတင္းwebsite တစ္ခုရဲ႕ အင္တာဗ်ဴးမွာ ေျဖၾကားသြားခဲ့ပါတယ္။

Photo Credit-Internet

အဲဒီလုိနဲ႔ ပီပီဟာ လိုင္လီကို ေရာက္ရွိလာခဲ့ၿပီး ေျခစြမ္းေတြ ပိုမိုျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ တျဖည္းျဖည္းနဲ႔ ပရိသတ္ေတြလည္း ပိုမိုရရိွလာခဲ့ကာ ေနာက္ပုိင္းမွာ ဥေရာပရဲ႕စြမ္းေဆာင္ရည္ေကာင္းတဲ့ တုိက္စစ္ကစား သမားစာရင္းေတြမွာပါ ပါ၀င္ခြင့္ရရိွလာခဲ့ပါတယ္။ ပီပီဟာသူ႔ရဲ႕ ကိုယ္ေရးကိုယ္တာဘ၀နဲ႔ပတ္သက္ၿပီး သိုသိပ္တတ္သူတစ္ေယာက္လည္းျဖစ္ပါတယ္။ သမီးရည္းစားအေရးေတြနဲ႔ပတ္သက္ၿပီးနာမည္မႀကီးပါဘူး။ ဒါေပမယ့္ မိတ္ေဆြ၊ကစားသမားေတြနဲ႔ ေပါင္းသင္းဆက္ဆံေရးပိုင္းမွာေတာ့ ေကာင္းမြန္တဲ့သူျဖစ္ပါတယ္။ အာဆင္နယ္ကိုေရာက္ရိွၿပီး ပီပီတစ္ေယာက္ဘယ္လုိကစားကြက္စြမ္းရည္ေတြကို ျပသမယ္ဆိုတာကေတာ့ ေစာင့္ၾကည့္ရပါမယ္။

Photo Credit-Internet

(Unicode Version)

ငယ်စဉ်ဘဝမှာ ဆင်းရဲလို့ အရုပ်တောင်မရှိဘဲ ဘောလုံးကိုပဲဖက်တွယ်ခဲ့ရပြီး အခုအချိန်အောင်မြင်နေတဲ့
နီကိုလပ် ပီပီ

အာဆင်နယ်ရဲ့ပြစ်မှတ်ကစားသမားဖြစ်လာတဲ့ နီကိုးလပ်ပီပီဟာ ဆင်းရဲတဲ့မိသားစုဘဝကနေ မွေးဖွား လာတဲ့သူဖြစ်ပါတယ်။ သူ့ကို1995 ခုနှစ် မေလ 29 ရက်နေ့မှာ ပြင်သစ်တွင် မွေးဖွားခဲ့တာဖြစ်ပြီး၊ သူ့မိဘတွေဟာ အိုင်ဗရီကို့စ် လူမျိုးတွေ ဖြစ်ပြီး ပြင်သစ်ကိုပြောင်းရွှေ့အခြေချခဲ့တာဖြစ်ပါတယ်။ အောက်ခြေလူတန်းစားမိသားစုလို့ဆိုနိုင်တဲ့ ပီပီတို့မိသားစုဟာ စီးပွားရေးအဆင်မပြေကြပါဘူး။ ဖခင်ဖြစ်သူက ထောင်ဝါဒါ အလုပ်ကို လုပ်ကိုင်ခဲ့ရသလို ၊ မိခင် ဖြစ်သူဟာလည်း အိမ်ဖော်အလုပ်ကိုလုပ်ပြီး စားဝတ်နေရေး ဖြေရှင်းကြရပါတယ်။

ပီပီဟာ ငယ်စဉ်ဘဝမှာအခြားကလေးတွေလိုအရုပ်တွေနဲ့မကစားနိုင်ပါဘူး။ မိသားစုကဆင်းရဲတာကြောင့် ဘာကစားစရာအရုပ်မှ မဝယ်ပေးနိုင်ပါဘူး။ ဒါကြောင့်သူ့အတွက် ဘောလုံးကသာအဖော်ဖြစ်ခဲ့ပါတယ်။ ပီပီရဲ့ငယ်စဉ်ဘဝကတည်းက အိပ်မက်ကလည်း ဘောလုံးသမားဖြစ်ချင်တာဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းတက်တဲ့အချိန်မှာ ဆရာဖြစ်သူက ဘောလုံးကစားနည်းတွေကို သင်ကြားပေးခဲ့ပါတယ်။ ပီပီရဲ့ရည်မှန်းချက်တွေကို အဖေဖြစ်သူကလည်း အစွမ်းကုန်ပံ့ပိုးပေးခဲ့ပါတယ်။ သူကိုယ်တိုင်အားကစားနည်းပြဆရာလက်မှတ်ကို ကြိုးစားရယူခဲ့ပြီး၊ သားဖြစ်သူကို ပံ့ပိုးပေးခဲ့ပါတယ်။

ပီပီရဲ့အိပ်မက်တွေအမှန်တကယ်ဖြစ်လာမယ့် ခရီးအစကတော့ ပြင်သစ်ကမ္ဘာ့ဖလားကျင်းပချိန်ပဲဖြစ်ပါတယ်။ အဲဒီအချိန် ပြင်သစ်မှာ လူမည်းကစားသမားတွေနေရာပိုရလာတာကြောင့် ရွှေ့ပြောင်းနေထိုင်လာခဲ့သူပီပီ အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ပီပီဟာဒေသကလပ်တစ်ခုဖြစ်တဲ့ Poitiers FC အသင်း မှာစတင်ဝင်ရောက်ကစားခဲ့ပေမယ့် သူ့ရဲ့ဘောလုံးသမားဘဝခရီးအစဟာအဆင်သိပ်မပြေခဲ့ပါဘူး။ စီနီယာတွေ၊ကစားဖော်တွေရဲ့အသိအမှတ်ပြုတာကို မခံရတဲ့အပြင် ချီးကျူးလည်းမခံခဲ့ရပါဘူး။ အချို့သတင်းတွေအရတော့ ပီပီဟာလေ့ကျင့်ရေးအတွက် အပျင်းကြီးတတ်တဲ့အချိန်တွေရှိတာကြောင့် ခြေစွမ်းပိုင်းမှာလည်း အတက်အကျတွေရှိခဲ့ပါတယ်။ ဒါကြောင့် လူအတော်များများရဲ့ ဝေဖန်တာကိုခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်နောက်ပိုင်းမှာတော့ ပီပီဟာ သူ့ရဲ့ မကောင်းတဲ့ အကျင့်တွေကို ပြင်ဆင်ရင်း ကြိုးစားလာခဲ့ရာကနေ နေရာတစ်ခုရရှိလာခဲ့တာဖြစ်ပါတယ်။ ပီပီရဲ့ကစားသမားဘဝကိုအပြောင်းအလဲဖြစ်စေခဲ့သူကတော့ လိုင်လီ အသင်းရဲ့ အားကစား ဒါရိုက်တာဖြစ်သူ လူးဝစ် ကမ်းပို့စ် ပါ။သူဟာ ပြိုင်ဘက် ကစားသမား တစ်ယောက် ရဲ့ အနေအထားကို အကဲခတ်ဖို့ ဘောလုံးပွဲ လာကြည့်ရင်း ပီပီကို တွေ့ရှိသွားခဲ့ကာ သဘောကျခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်သူ့ကို ကစားချိန် 82 မိနစ်လောက်မှာ ဂိုးသွင်းသွားတာကို သဘောကျသွားခဲ့ပါတယ်။ အဲဒီကနေစပြီး သူ့ကို နှစ်သက်သွားခဲ့တာဖြစ်ပါတယ်”ဆိုပြီး လူးဝစ်က ပြင်သစ်ဘောလုံးသတင်းwebsite တစ်ခုရဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

အဲဒီလိုနဲ့ ပီပီဟာ လိုင်လီကို ရောက်ရှိလာခဲ့ပြီး ခြေစွမ်းတွေ ပိုမိုပြသနိုင်ခဲ့တာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ပရိသတ်တွေလည်း ပိုမိုရရှိလာခဲ့ကာ နောက်ပိုင်းမှာ ဥရောပရဲ့စွမ်းဆောင်ရည်ကောင်းတဲ့ တိုက်စစ်ကစား သမားစာရင်းတွေမှာပါ ပါဝင်ခွင့်ရရှိလာခဲ့ပါတယ်။ ပီပီဟာသူ့ရဲ့ ကိုယ်ရေးကိုယ်တာဘဝနဲ့ပတ်သက်ပြီး သိုသိပ်တတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ သမီးရည်းစားအရေးတွေနဲ့ပတ်သက်ပြီးနာမည်မကြီးပါဘူး။ ဒါပေမယ့် မိတ်ဆွေ၊ကစားသမားတွေနဲ့ ပေါင်းသင်းဆက်ဆံရေးပိုင်းမှာတော့ ကောင်းမွန်တဲ့သူဖြစ်ပါတယ်။ အာဆင်နယ်ကိုရောက်ရှိပြီး ပီပီတစ်ယောက်ဘယ်လိုကစားကွက်စွမ်းရည်တွေကို ပြသမယ်ဆိုတာကတော့ စောင့်ကြည့်ရပါမယ်။