ဂ်ဴ ဗင္တပ္နဲ႔ ပြဲကဂိုးက သူ႔ကစားသမားဘ၀အေကာင္းဆုံးေတြထဲက တစ္ဂိုးလို႔ ဟယ္ရီကိန္းဆို

စပါးအသင္းတိုက္စစ္မွဴ း ဟယ္ရီကိန္းက စင္ကာပူမွာက်င္းပခဲ့တဲ႔ ICC ဖလားၿပိဳင္ပြဲမွာ ဂ်ဴ ဗင္တပ္ဘက္ကိုသူသြင္းယူခဲ့တဲ႔ ေနာက္ဆုံးမိနစ္အႏိုင္ဂိုးက သူ႔ကစားသမားဘ၀မအေကာင္းဆုံးေတြထဲက တစ္ဂိုးျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။

ဒီပြဲမွာ စပါးဟာ ဂ်ဴ ဗင္တပ္ကို ၃-၂ နဲ႔အႏိုင္ရခဲ့တာပါ။ ပြဲက ၂-၂ သေရက်ေနခ်ိန္မွာ ပင္နယ္တီအဆုံးအျဖတ္ခံယူရမယ္လို႔ ထင္ခဲ့ၾကေပမယ္႔ နာက်င္အခ်ိန္ပိုေနာက္ဆုံး မိနစ္ျဖစ္တဲ႔ပြဲခ်ိန္ ၉၃ မိနစ္မွာ ဟယ္ရီကိန္းက ကြင္းလယ္စက္၀ိုင္းထဲမွာ ဂ်ဴ ဗင္တပ္ကစားသမားအခ်ဳိ႕ရွိေနတဲ႔ၾကားထဲကေနၿပီး လွမ္းကန္ခဲ့မႈက ဂိုး၀င္သြားခဲ့တာျဖစ္ပါတယ္။ သူနဲ႔ဂိုးေပါက္အကြာအေ၀းက ၄၈ ကိုက္ရွိခဲ့ေပမယ္႔ ဂ်ဴ ဗင္တပ္ဂိုးသမား ရွက္ဇနီဘာမွမလုပ္ႏိုင္ဘဲ သူ႔အေပၚကေနေက်ာ္ကာ ဂိုး၀င္ခဲ့တာပါ။

အဂၤလန္အသင္းေခါင္းေဆာင္ျဖစ္တဲ႔ ကိန္းဟာသူ႔ကစားသမားဘ၀မွာအံအားသင့္စရာ ဂိုးေတြအမ်ားအျပား ကိုသြင္းယူႏိုင္ခဲ့သူျဖစ္ေပမယ္႔ ဒီတစ္ဂိုးကေတာ႔ ဘ၀မွာအေကာင္းဆုံးဂိုးေတြထဲက တစ္ဂိုးျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။

သူက”ဒီဂိုးဟာကၽြန္ေတာ္႔ ကစားသမားဘ၀မွာအေကာင္းဆံုးဂိုးေတြထဲက တစ္ဂိုးပါ။ က်ြန္ေတာ္ၾကည့္လိုက္တဲ႔အခ်ိန္မွာ ရွက္ဇနီဟာဂိုးေရွ႕ကိုထြက္ေနတာေတြ႔ရလို႔ ငါအခြင့္အေရးရၿပီဆိုၿပီး ကန္ထည့္လိုက္တာပါ။ ကံေကာင္းေတာ႔လည္း ဂိုး၀င္သြားခဲ့ပါတယ္။ ဒီပြဲဟာေျခစမ္းပြဲသာျဖစ္ေပမယ္႔ ကၽြန္ေတာ္႔ဂိုးအတြက္ ဂုဏ္ယူရပါတယ္” လို႔ေျပာၾကားသြားပါတယ္။

ဒီပြဲမွာ စပါးအတြက္ဂိုးေတြကို လာမီလာ၊ လူးကက္စ္မိုရာတို႔ကဦးစြာသြင္းယူခဲ့တာပါ။ ကိန္းကေတာ႔ ၄၆ မိနစ္ေရာက္မွလူစား၀င္လာတဲ႔သူျဖစ္ၿပီး သူ႔သြင္းဂိုးက တစ္ကြင္းလုံးကပရိသတ္ေတြကိုဖမ္းစားႏိုင္ခဲ့သလို အသင္းအတြက္လည္းအႏိုင္ဂိုးျဖစ္ေစခဲ့တာပါ။

Unicode

ဂျူ ဗင်တပ်နဲ့ ပွဲကဂိုးက သူ့ကစားသမားဘဝအကောင်းဆုံးတွေထဲက တစ်ဂိုးလို့ ဟယ်ရီကိန်းဆို
စပါးအသင်းတိုက်စစ်မှူ း ဟယ်ရီကိန်းက စင်ကာပူမှာကျင်းပခဲ့တဲ့ ICC ဖလားပြိုင်ပွဲမှာ ဂျူ ဗင်တပ်ဘက်ကိုသူသွင်းယူခဲ့တဲ့ နောက်ဆုံးမိနစ်အနိုင်ဂိုးက သူ့ကစားသမားဘဝမအကောင်းဆုံးတွေထဲက တစ်ဂိုးဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဒီပွဲမှာ စပါးဟာ ဂျူ ဗင်တပ်ကို ၃-၂ နဲ့အနိုင်ရခဲ့တာပါ။ ပွဲက ၂-၂ သရေကျနေချိန်မှာ ပင်နယ်တီအဆုံးအဖြတ်ခံယူရမယ်လို့ ထင်ခဲ့ကြပေမယ့် နာကျင်အချိန်ပိုနောက်ဆုံး မိနစ်ဖြစ်တဲ့ပွဲချိန် ၉၃ မိနစ်မှာ ဟယ်ရီကိန်းက ကွင်းလယ်စက်ဝိုင်းထဲမှာ ဂျူ ဗင်တပ်ကစားသမားအချို့ရှိနေတဲ့ကြားထဲကနေပြီး လှမ်းကန်ခဲ့မှုက ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ သူနဲ့ဂိုးပေါက်အကွာအဝေးက ၄၈ ကိုက်ရှိခဲ့ပေမယ့် ဂျူ ဗင်တပ်ဂိုးသမား ရှက်ဇနီဘာမှမလုပ်နိုင်ဘဲ သူ့အပေါ်ကနေကျော်ကာ ဂိုးဝင်ခဲ့တာပါ။

အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်တဲ့ ကိန်းဟာသူ့ကစားသမားဘဝမှာအံအားသင့်စရာ ဂိုးတွေအများအပြား ကိုသွင်းယူနိုင်ခဲ့သူဖြစ်ပေမယ့် ဒီတစ်ဂိုးကတော့ ဘဝမှာအကောင်းဆုံးဂိုးတွေထဲက တစ်ဂိုးဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

သူက”ဒီဂိုးဟာကျွန်တော့် ကစားသမားဘဝမှာအကောင်းဆုံးဂိုးတွေထဲက တစ်ဂိုးပါ။ ကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာ ရှက်ဇနီဟာဂိုးရှေ့ကိုထွက်နေတာတွေ့ရလို့ ငါအခွင့်အရေးရပြီဆိုပြီး ကန်ထည့်လိုက်တာပါ။ ကံကောင်းတော့လည်း ဂိုးဝင်သွားခဲ့ပါတယ်။ ဒီပွဲဟာခြေစမ်းပွဲသာဖြစ်ပေမယ့် ကျွန်တော့်ဂိုးအတွက် ဂုဏ်ယူရပါတယ်” လို့ပြောကြားသွားပါတယ်။

ဒီပွဲမှာ စပါးအတွက်ဂိုးတွေကို လာမီလာ၊ လူးကက်စ်မိုရာတို့ကဦးစွာသွင်းယူခဲ့တာပါ။ ကိန်းကတော့ ၄၆ မိနစ်ရောက်မှလူစားဝင်လာတဲ့သူဖြစ်ပြီး သူ့သွင်းဂိုးက တစ်ကွင်းလုံးကပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့သလို အသင်းအတွက်လည်းအနိုင်ဂိုးဖြစ်စေခဲ့တာပါ။