ဂ်ဴဗီကစားသမားဘ၀ ေရာ္နယ္ဒိုရဲ႕ပထမဆုံးဖရီးကစ္ဂိုးနဲ႔ ပင္နယ္တီသူရဲေကာင္း ဘူဖြန္တုိ႔ေၾကာင့္ ရာႏႈန္းျပည့္႐ံႈးနိမ့္မယ့္အေရးကေန ဂ်ဴဗင္တပ္စ္လြတ္ေျမာက္သြား

Photo Credit

Photo Credit

အင္တာေနရွင္နယ္ခ်န္ပီယံဖလားအဖြင့္ပြဲမွာ စပါးကို ၂-၃ ဂိုးနဲ႔အေရးနိမ့္ခဲ့ရတဲ့ ဂ်ဴဗင္တပ္စ္ဟာ ဒီပြဲမွာလည္း ေနာက္ခံကစားသမားသစ္ ဒီလစ္ဂ်္ရဲ႕ကိုယ့္ဂိုးကုိယ္သြင္းမိမႈေၾကာင့္ အင္တာမီလန္အသင္းကို ေနာက္ကေန လိုက္ကစားခဲ့ရေပမယ့္ ဒုတိယပိုင္းမွာသြင္းယူခဲ့ဲတဲ့ ေရာ္နယ္ဒိုရဲ႕ဖရီးကစ္သြင္းဂိုးေၾကာင့္ အင္တာေနရွင္နယ္ခ်န္ပီယံဖလားမွာ ရာႏႈန္းျပည့္႐ံႈးနိမ့္မယ့္အေရးကေန လြတ္ေျမာက္သြားခဲ့ရပါတယ္။ သာမန္ပြဲကစားခ်ိန္အတြင္း ၁-၁ ဂိုးသေရက်ေနလုိ႔ ပင္နယ္တီအဆုံးအျဖတ္ခံယူရာမွာေတာ့ ဂ်ဴဗင္တပ္စ္က တစ္ေက်ာ့ျပန္၀ါရင့္ဂိုးသမား ဘူဖြန္ရဲ႕လက္စြမ္းျပကာကြယ္မႈေၾကာင့္ အင္တာမီလန္ကို ပင္နယ္တီအဆုံးအျဖတ္ ၄-၃ ဂိုးနဲ႔အႏုိင္ရရွိသြားခဲ့ပါတယ္။

Photo Credit

ပင္နယ္တီအဆုံးအျဖတ္ခံယူရာမွာ ေရာ္နယ္ဒိုက အမွားအယြင္းမရွိ ကန္သြင္းႏိုင္ခဲ့ေပမယ့္ ေနာက္ထပ္ကြင္းလယ္လူ ရာဘီေယာ့ရဲ႕ကန္သြင္းခ်က္ကေတာ့ လဲြေခ်ာ္သြားခဲ့ၿပီး အင္တာအတြက္ ေနာက္ဆုံးကန္သြင္းခဲ့တဲ့ ကြင္းလယ္လူ ဗာလီ႐ိုရဲ႕ကန္သြင္းခ်က္ကို ဘူဖြန္ ထပ္မံကာကြယ္ႏုိင္ခဲ့လုိ႔ ပင္နယ္တီအဆုံးအျဖတ္ ၄-၃ ဂိုးနဲ႔ ဂ်ဴဗင္တပ္စ္အသင္း အႏိုင္ရရွိခဲ့တာပါ။ ဂ်ဴဗင္တပ္စ္က ေအဂ်က္စ္ကေန ေျပာင္းေရႊ႕ေၾကးျမင့္မားစြာနဲ႔ ေခၚယူထားတဲ့ နယ္သာလန္ေနာက္ခံလူ ဒီလစ္ဂ်္ကို ပထမဆုံးအႀကိမ္အျဖစ္ ဦးစားေပးကစားသမားအျဖစ္ ထည့္သြင္းအသုံးျပဳခဲ့သလို အဓိကကစားသမားအစုံအလင္ ထုတ္သုံးခဲ့ပါတယ္။

Photo Credit

ပြဲအစ ၂မိနစ္မွာပဲ ဂ်ဴဗင္တပ္စ္အသင္း အခြင့္အေရးရခဲ့ၿပီး ေရာ္နယ္ဒိုက ထုံးစံအတုိင္း ဂိုးဧရိယာဘယ္ဘက္ထိပ္ကေန ညာေျခနဲ႔အျပင္းကန္သြင္းခဲ့ေပမယ့္ ဂိုးသမားဆီ တည့္တည့္ေရာက္သြားလုိ႔ အင္တာဂိုးသမား အလြယ္တကူကာကြယ္ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ဒီလစ္ဂ်္အတြက္ေတာ့ ကံမေကာင္းတဲ့ေန႔ျဖစ္သြားခဲ့ရၿပီး ပြဲခ်ိန္ ၁၀မိနစ္မွာ ေထာင့္ကန္ေဘာကေန ဂိုးေရွ႕က်လာတာကို တားဆီးဖုိ႔ ႀကိဳးစားရင္း ကိုယ့္ဂိုးကုိယ္သြင္းမိသြားလုိ႔ အင္တာမီလန္အသင္း ဦးေဆာင္ဂိုးရရွိသြားခဲ့ၿပီး ဒီလစ္ဂ်္ကေတာ့ အသင္းသစ္ဂ်ဴဗင္တပ္စ္အတြက္ ၂ပြဲပါ၀င္ကစားခဲ့ၿပီးရာမွာ စုစုေပါင္း ၃ဂိုးအထိ ခြင့္ျပဳခဲ့ရၿပီးျဖစ္ပါတယ္။ ပြဲခ်ိန္ ၅၅မိနစ္မွာ ဘယ္ေတာင္ပံကေန အတြင္းထဲ ေရာ္နယ္ဒို ဆြဲေျပးလာၿပီး ေျခေယာင္ျပကာ ဂိုးသမားပိတ္ထားတဲ့ညာဘက္ေထာင့္က်ဥ္းထဲ ကန္သြင္းခဲ့ေပမယ့္ အင္တာဂုိးသမား ကာကြယ္ပုတ္ထုတ္ႏိုင္ခဲ့လုိ႔ ေထာင့္ကန္ေဘာပဲျဖစ္သြားပါတယ္။ ဒါေပမဲ့ ပြဲခ်ိန္ ၆၈မိနစ္မွာေတာ့ ဂ်ဴဗင္တပ္စ္အသင္း ေခ်ပဂိုးရရွိသြားခဲ့ၿပီး ေရာ္နယ္ဒိုရဲ႕ျပစ္ဒဏ္ေဘာကန္သြင္းခ်က္ လူတံတိုင္းနဲ႔ထိကာ လမ္းေၾကာင္းေျပာင္း၀င္သြားခဲ့တာျဖစ္ကာ ေရာ္နယ္ဒိုအတြက္ေတာ့ ဂ်ဴဗင္တပ္စ္ကစားသမားဘ၀ ပထမဆုံးဖရီးကစ္သြင္းဂိုးလည္းျဖစ္လာပါတယ္။

Photo Credit

ပြဲခ်ိန္ ၇၅ မိနစ္မွာ ေရာ္နယ္ဒို ဂိုးသမားကိုပါလိမ္ၿပီး ကန္သြင္းဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ အင္တာဂိုးသမား ပါဒယ္လီက ထပ္ဆင့္တားဆီးႏိုင္ခဲ့လုိ႔ ဂ်ဴဗင္တပ္စ္အသင္းနစ္နာခဲ့ရၿပီး သာမန္ပြဲကစားခ်ိန္ မိနစ္ ၉၀အတြင္း ၁-၁ ဂိုးသေရက်ေနလို႔ ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရပါတယ္။ ပင္နယ္တီအဆုံးအျဖတ္မွာေတာ့ ဂ်ဴဗင္တပ္စ္က ကန္ဆယ္လုိ၊ ေရာ္နယ္ဒိုနဲ႔အမ္မရီခ်န္တို႔ရဲ႕အဖြင့္ ၃လုံးဆက္ဂိုး၀င္ခဲ့ေပမယ့္ ေနာက္ ၂လုံးဆက္ ရာဘီေယာ့နဲ႔ ဘာနာဒက္ခီတို႔ရဲ႕ကန္သြင္းခ်က္ေတြ မ၀င္ခဲ့လုိ႔ အင္တာမီလန္နဲ႔ ၅လုံးစီကန္အၿပီးမွာ ၃-၃ ျဖစ္ေနလုိ႔ ေနာက္တစ္လုံးစီကန္သြင္းရာမွာ ဗာလီ႐ိုရဲ႕ကန္သြင္းခ်က္ကို ဘူဖြန္ကာကြယ္ႏိုင္ခဲ့ၿပီး ဒီမီရယ္က ၀င္ေအာင္သြင္းႏိုင္ခဲ့လုိ႔ ဂ်ဴဗင္တပ္စ္အသင္း အႏိုင္ရရွိခဲ့ပါတယ္။

Photo Credit

Unicode

ဂျူဗီကစားသမားဘ၀ ရော်နယ်ဒိုရဲ့ပထမဆုံးဖရီးကစ်ဂိုးနဲ့ ပင်နယ်တီသူရဲကောင်း ဘူဖွန်တို့ကြောင့် ရာနှုန်းပြည့်ရှုံးနိမ့်မယ့်အရေးကနေ ဂျူဗင်တပ်စ်လွတ်မြောက်သွား

အင်တာနေရှင်နယ်ချန်ပီယံဖလားအဖွင့်ပွဲမှာ စပါးကို ၂-၃ ဂိုးနဲ့အရေးနိမ့်ခဲ့ရတဲ့ ဂျူဗင်တပ်စ်ဟာ ဒီပွဲမှာလည်း နောက်ခံကစားသမားသစ် ဒီလစ်ဂျ်ရဲ့ကိုယ့်ဂိုးကိုယ်သွင်းမိမှုကြောင့် အင်တာမီလန်အသင်းကို နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် ဒုတိယပိုင်းမှာသွင်းယူခဲ့ဲတဲ့ ရော်နယ်ဒိုရဲ့ဖရီးကစ်သွင်းဂိုးကြောင့် အင်တာနေရှင်နယ်ချန်ပီယံဖလားမှာ ရာနှုန်းပြည့်ရှုံးနိမ့်မယ့်အရေးကနေ လွတ်မြောက်သွားခဲ့ရပါတယ်။ သာမန်ပွဲကစားချိန်အတွင်း ၁-၁ ဂိုးသရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ ဂျူဗင်တပ်စ်က တစ်ကျော့ပြန်ဝါရင့်ဂိုးသမား ဘူဖွန်ရဲ့လက်စွမ်းပြကာကွယ်မှုကြောင့် အင်တာမီလန်ကို ပင်နယ်တီအဆုံးအဖြတ် ၄-၃ ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။
ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ရော်နယ်ဒိုက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ပေမယ့် နောက်ထပ်ကွင်းလယ်လူ ရာဘီယော့ရဲ့ကန်သွင်းချက်ကတော့ လွဲချော်သွားခဲ့ပြီး အင်တာအတွက် နောက်ဆုံးကန်သွင်းခဲ့တဲ့ ကွင်းလယ်လူ ဗာလီရိုရဲ့ကန်သွင်းချက်ကို ဘူဖွန် ထပ်မံကာကွယ်နိုင်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ် ၄-၃ ဂိုးနဲ့ ဂျူဗင်တပ်စ်အသင်း အနိုင်ရရှိခဲ့တာပါ။ ဂျူဗင်တပ်စ်က အေဂျက်စ်ကနေ ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ခေါ်ယူထားတဲ့ နယ်သာလန်နောက်ခံလူ ဒီလစ်ဂျ်ကို ပထမဆုံးအကြိမ်အဖြစ် ဦးစားပေးကစားသမားအဖြစ် ထည့်သွင်းအသုံးပြုခဲ့သလို အဓိကကစားသမားအစုံအလင် ထုတ်သုံးခဲ့ပါတယ်။
ပွဲအစ ၂မိနစ်မှာပဲ ဂျူဗင်တပ်စ်အသင်း အခွင့်အရေးရခဲ့ပြီး ရော်နယ်ဒိုက ထုံးစံအတိုင်း ဂိုးဧရိယာဘယ်ဘက်ထိပ်ကနေ ညာခြေနဲ့အပြင်းကန်သွင်းခဲ့ပေမယ့် ဂိုးသမားဆီ တည့်တည့်ရောက်သွားလို့ အင်တာဂိုးသမား အလွယ်တကူကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလစ်ဂျ်အတွက်တော့ ကံမကောင်းတဲ့နေ့ဖြစ်သွားခဲ့ရပြီး ပွဲချိန် ၁၀မိနစ်မှာ ထောင့်ကန်ဘောကနေ ဂိုးရှေ့ကျလာတာကို တားဆီးဖို့ ကြိုးစားရင်း ကိုယ့်ဂိုးကိုယ်သွင်းမိသွားလို့ အင်တာမီလန်အသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး ဒီလစ်ဂျ်ကတော့ အသင်းသစ်ဂျူဗင်တပ်စ်အတွက် ၂ပွဲပါဝင်ကစားခဲ့ပြီးရာမှာ စုစုပေါင်း ၃ဂိုးအထိ ခွင့်ပြုခဲ့ရပြီးဖြစ်ပါတယ်။
ပွဲချိန် ၅၅မိနစ်မှာ ဘယ်တောင်ပံကနေ အတွင်းထဲ ရော်နယ်ဒို ဆွဲပြေးလာပြီး ခြေယောင်ပြကာ ဂိုးသမားပိတ်ထားတဲ့ညာဘက်ထောင့်ကျဉ်းထဲ ကန်သွင်းခဲ့ပေမယ့် အင်တာဂိုးသမား ကာကွယ်ပုတ်ထုတ်နိုင်ခဲ့လို့ ထောင့်ကန်ဘောပဲဖြစ်သွားပါတယ်။ ဒါပေမဲ့ ပွဲချိန် ၆၈မိနစ်မှာတော့ ဂျူဗင်တပ်စ်အသင်း ချေပဂိုးရရှိသွားခဲ့ပြီး ရော်နယ်ဒိုရဲ့ပြစ်ဒဏ်ဘောကန်သွင်းချက် လူတံတိုင်းနဲ့ထိကာ လမ်းကြောင်းပြောင်းဝင်သွားခဲ့တာဖြစ်ကာ ရော်နယ်ဒိုအတွက်တော့ ဂျူဗင်တပ်စ်ကစားသမားဘ၀ ပထမဆုံးဖရီးကစ်သွင်းဂိုးလည်းဖြစ်လာပါတယ်။
ပွဲချိန် ၇၅ မိနစ်မှာ ရော်နယ်ဒို ဂိုးသမားကိုပါလိမ်ပြီး ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် အင်တာဂိုးသမား ပါဒယ်လီက ထပ်ဆင့်တားဆီးနိုင်ခဲ့လို့ ဂျူဗင်တပ်စ်အသင်းနစ်နာခဲ့ရပြီး သာမန်ပွဲကစားချိန် မိနစ် ၉၀အတွင်း ၁-၁ ဂိုးသရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ ဂျူဗင်တပ်စ်က ကန်ဆယ်လို၊ ရော်နယ်ဒိုနဲ့အမ်မရီချန်တို့ရဲ့အဖွင့် ၃လုံးဆက်ဂိုးဝင်ခဲ့ပေမယ့် နောက် ၂လုံးဆက် ရာဘီယော့နဲ့ ဘာနာဒက်ခီတို့ရဲ့ကန်သွင်းချက်တွေ မဝင်ခဲ့လို့ အင်တာမီလန်နဲ့ ၅လုံးစီကန်အပြီးမှာ ၃-၃ ဖြစ်နေလို့ နောက်တစ်လုံးစီကန်သွင်းရာမှာ ဗာလီရိုရဲ့ကန်သွင်းချက်ကို ဘူဖွန်ကာကွယ်နိုင်ခဲ့ပြီး ဒီမီရယ်က ဝင်အောင်သွင်းနိုင်ခဲ့လို့ ဂျူဗင်တပ်စ်အသင်း အနိုင်ရရှိခဲ့ပါတယ်။