ဂ်ဴဗင္တပ္မွာ တာထြက္မေကာင္းျဖစ္ေနေသးတဲ့ ဒီလစ္

အခုေႏြရာသီအေျပာင္းအေရႊ႕အတြင္း ပ်ိဳတိုင္းႀကိဳက္ႏွင္းဆီခုိင္ျဖစ္ခဲ့ၿပီး ေနာက္ဆုံးမွာ ေျပာင္းေရႊ႕ေၾကးယူရို ၇၅ သန္းနဲ႔ ဂ်ဴဗင္တပ္ကိုေရာက္သြားတဲ့ေနာက္ခံလူဒီလစ္ဟာ လက္ရွိမွာ အသင္းသစ္နဲ႔အတူ စတင္ကစားေနၿပီျဖစ္ပါတယ္။ ဒါေပမဲ့လည္း ဒီလစ္ဟာ အသင္းသစ္မွာ ေမွ်ာ္လင့္ထားသေလာက္ တာထြက္မေကာင္းျဖစ္ေနပါတယ္။

photo-gettyimages

သူဟာ ဗုဒၶဟူးေန႔က ကစားခဲ့တဲ့ အင္တာမီလန္နဲ႔ပြဲစဥ္မွာ အေစာပိုင္း ၁၀ မိနစ္မွာတင္ ကံမေကာင္းစြာနဲ႔ ကိုယ္ဂိုးကိုယ္သြင္းမိခဲ့ပါတယ္။ ဒီလစ္ဟာ အဲဒီပြဲမွာ ပထမပိုင္း ၄၅ ကိုသာကစားသြားခဲ့တာျဖစ္ၿပီး ဂ်ဴဗင္တပ္အတြက္ သူ႔ရဲဲ႕ဒုတိယေျမာက္ပြဲလညး္ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္နဲ႔ သူ႔ရဲ႕ပြဲဦးထြက္ကေတာ့ စင္ကာပူမွာ စပါးနဲ႔ကစားခဲ့တာျဖစ္ၿပီး အဲဒီတုန္းက ဒုတိယပိုင္းမိနစ္ ၆၀ ေက်္ာမွ ၀င္ကစားတာျဖစ္ကာ သူ၀င္လာၿပီးမွ စပါးကို ၂ ဂိုးေပးခဲ့ရၿပီး အဲဒီထဲမွာ ဟယ္ရီကိန္းသြင္းတဲ့ေနာက္ဆုံးမိနစ္အႏိုင္ဂိုးလည္း ပါ၀င္ပါတယ္။

photo-gettyimages

ဒါေၾကာင့္မို႔လည္း ဒီလစ္ဟာ ဂ်ဴဗင္တပ္ကစားသမားဘ၀ ကစားခဲ့တဲ့စုစုေပါင္း ၇၃ မိနစ္မွာ စုစုေပါင္း ၃ ဂိုးေပးခဲ့ရၿပီး အဲဒီထဲမွာ ကိုယ့္ဂိုးကိုယ္သြင္းမိမႈ ၁ ဂိုးလည္း ပါ၀င္ေနတာပါ။ သူဟာ ဂ်ဴဗင္တပ္မွာ တစ္ပတ္လစာအျဖစ္ ေပါင္ ၄ သိန္းေက်ာ္ရမွာျဖစ္ၿပီး ဂ်ဴဗင္တပ္နဲ႔စာခ်ဳပ္ထဲမွာလည္း သူ႔ရဲ႕ထြက္ခြာေၾကးကို ေပါင္ ၁၃၅.၆ သန္းသတ္မွတ္ထားတာပါ။ ဒီေလာက္လစာျမင့္မား၊တန္ဖိုးႀကီးတဲ့ကစားသမားတစ္ေယာက္ဟာ တာထြက္မေကာင္းေသးေပမယ့္ ရာသီႀကိဳပြဲေတြမို႔သာ ဂ်ဴဗင္တပ္အတြက္ ခံသာတာပါ။

[Unicode]

အခုနွေရာသီအပြောင်းအရွှေ့အတွင်း ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ခဲ့ပြီး နောက်ဆုံးမှာ ပြောင်းရွှေ့ကြေးယူရို ၇၅ သန်းနဲ့ ဂျူဗင်တပ်ကိုရောက်သွားတဲ့နောက်ခံလူဒီလစ်ဟာ လက်ရှိမှာ အသင်းသစ်နဲ့အတူ စတင်ကစားနေပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီလစ်ဟာ အသင်းသစ်မှာ မျှော်လင့်ထားသလောက် တာထွက်မကောင်းဖြစ်နေပါတယ်။

သူဟာ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ အင်တာမီလန်နဲ့ပွဲစဉ်မှာ အစောပိုင်း ၁၀ မိနစ်မှာတင် ကံမကောင်းစွာနဲ့ ကိုယ်ဂိုးကိုယ်သွင်းမိခဲ့ပါတယ်။ ဒီလစ်ဟာ အဲဒီပွဲမှာ ပထမပိုင်း ၄၅ ကိုသာကစားသွားခဲ့တာဖြစ်ပြီး ဂျူဗင်တပ်အတွက် သူ့ရဲ့ဒုတိယမြောက်ပွဲလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်နဲ့ သူ့ရဲ့ပွဲဦးထွက်ကတော့ စင်ကာပူမှာ စပါးနဲ့ကစားခဲ့တာဖြစ်ပြီး အဲဒီတုန်းက ဒုတိယပိုင်းမိနစ် ၆၀ ကျေ်ာမှ ဝင်ကစားတာဖြစ်ကာ သူဝင်လာပြီးမှ စပါးကို ၂ ဂိုးပေးခဲ့ရပြီး အဲဒီထဲမှာ ဟယ်ရီကိန်းသွင်းတဲ့နောက်ဆုံးမိနစ်အနိုင်ဂိုးလည်း ပါဝင်ပါတယ်။

ဒါကြောင့်မို့လည်း ဒီလစ်ဟာ ဂျူဗင်တပ်ကစားသမားဘ၀ ကစားခဲ့တဲ့စုစုပေါင်း ၇၃ မိနစ်မှာ စုစုပေါင်း ၃ ဂိုးပေးခဲ့ရပြီး အဲဒီထဲမှာ ကိုယ့်ဂိုးကိုယ်သွင်းမိမှု ၁ ဂိုးလည်း ပါဝင်နေတာပါ။ သူဟာ ဂျူဗင်တပ်မှာ တစ်ပတ်လစာအဖြစ် ပေါင် ၄ သိန်းကျော်ရမှာဖြစ်ပြီး ဂျူဗင်တပ်နဲ့စာချုပ်ထဲမှာလည်း သူ့ရဲ့ထွက်ခွာကြေးကို ပေါင် ၁၃၅.၆ သန်းသတ်မှတ်ထားတာပါ။ ဒီလောက်လစာမြင့်မား၊တန်ဖိုးကြီးတဲ့ကစားသမားတစ်ယောက်ဟာ တာထွက်မကောင်းသေးပေမယ့် ရာသီကြိုပွဲတွေမို့သာ ဂျူဗင်တပ်အတွက် ခံသာတာပါ။