ဂရေ့ဇ်မန်းရဲ့ အပြောင်းအရွှေ့ကို သရော်လိုက်တဲ့ မော်ရင်ဟို

ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူနည်းပြဟောင်းဖြစ်တဲ့ မော်ရင်ဟိုဟာ ဘာစီလိုနာကိုပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူးဂရေ့ဇ်မန်းရဲ့ အပြောင်းအရွှေ့အပေါ် သရော်ပြောဆိုလိုက်ပါတယ်။

ဂရေ့ဇ်မန်းဟာ အက်သလက်တီကိုမှာ 5 နှစ်ကြာကစားခဲ့ပြီးတဲ့နောက် အောင်မြင်မှုတွေကို ဆာလောင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ ပြောင်းရွှေ့ကြေး ယူရိုသန်း 120 နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အပြီးသတ်ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ဂရေ့ဇ်မန်းဟာ အက်သလက်တီကိုမှာ ကစားခဲ့တဲ့ 5 နှစ်တာကာလအတွင်း ယူရိုပါလိဂ်ဆုဖလားတစ်ကြိမ်သာ ရယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီက ဂျူဗင်တပ်ကို ချန်ပီယံလိဂ် 16 သင်းအဆင့်မှာ အရေးနိမ့်ပြီးတဲ့နောက် အသင်းပြောင်းဖို့ ဆုံးဖြတ်ချက်ချခဲ့တာပဲဖြစ်ပါတယ်။

အခုတော့ ဂရေ့ဇ်မန်းရဲ့ ဆုံးဖြတ်ချက်ဟာ အကောင်အထည်ပေါ်လာခဲ့ပြီး ဘာစီလိုနာအသင်းကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဂရေ့ဇ်မန်းဟာ ဘာစီလိုနာအသင်းနဲ့အတူ ပြိုင်ပွဲတိုင်းမှာ အောင်မြင်မှုရဖို့ မျှော်မှန်းနေပြီး အထူးသဖြင့် ချန်ပီယံလိဂ်ဆုဖလားရယူနိုင်ဖို့ ဆန္ဒပြင်းပြနေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့အတူ ဂရေ့ဇ်မန်း ချန်ပီယံလိဂ်ဆုဖလားရယူဖို့ မျှော်မှန်းနေပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူနည်းပြဟောင်း မော်ရင်ဟိုကတော့ ဂရေ့ဇ်မန်းရဲ့ ဆုံးဖြတ်ချက်အပေါ် လှောင်ပြောင်သရော်ခဲ့ပါတယ်။

မက်ဒရစ်အခြေစိုက် ရေဒီယိုတစ်ခုနဲ့ အင်တာဗျူးမှာ မော်ရင်ဟိုက “ ဂရေ့ဇ်မန်းက ချန်ပီယံလိဂ်ဆုဖလားရယူချင်လို့ ဘာစီလိုနာကိုပြောင်းခဲ့တာဆိုပေမယ့် ကျတော့်အထင်မှာတော့ အဲဒီဆုံးဖြတ်ချက်က လုံးဝမှားယွင်းပါတယ်။ သူလိုပဲ ချန်ပီယံလိဂ်ဆုဖလားလိုချင်လို လီဗာပူးကနေ ဘာစီလိုနာကို ပြောင်းသွားတဲ့ တစ်ယောက်ရှိသေးတယ်။ ကျတော် နာမည်တော့မမှတ်မိပါဘူး။ မေးချင်တာက သူရော ချန်ပီယံလိဂ်ဖလားရပြီလားဆိုတာပါပဲ” လို့ သရော်သွားခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးကနေ ဘာစီလိုနာကိုပြောင်းရွှေ့သွားခဲ့တဲ့ဘရာဇီးကွင်းလယ်လူ ကော်တင်ဟိုနဲ့ ဥပမာပေးဆိုလိုခဲ့တာဖြစ်ပါတယ်။ ကော်တင်ဟိုဟာ ချန်ပီယံလိဂ်ဆုဖလားအောင်မြင်မှုအတွက် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေခဲ့ရပြီး အသင်းဟောင်း လီဗာပူးအသင်းကတော့ ချန်ပီယံလိဂ်ဆုဖလားရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။

zawgyi

ဂေရ႕ဇ္မန္းရဲ႕ အေျပာင္းအေရႊ႕ကို သေရာ္လုိက္တဲ့ ေမာ္ရင္ဟို

ရီးရဲလ္မက္ဒရစ္နဲ႔ မန္ယူနည္းျပေဟာင္းျဖစ္တဲ့ ေမာ္ရင္ဟိုဟာ ဘာစီလုိနာကိုေျပာင္းေရႊ႕သြားခဲ့တဲ့ တုိက္စစ္မွဴးဂေရ႕ဇ္မန္းရဲ႕ အေျပာင္းအေရႊ႕အေပၚ သေရာ္ေျပာဆုိုလိုက္ပါတယ္။

ဂေရ႕ဇ္မန္းဟာ အက္သလက္တီကိုမွာ 5 ႏွစ္ၾကာကစားခဲ့ၿပီးတဲ့ေနာက္ ေအာင္ျမင္မႈေတြကို ဆာေလာင္ေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔အတူ ေျပာင္းေရႊ႕ေၾကး ယူရိုသန္း 120 နဲ႔ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက အၿပီးသတ္ေျပာင္းေရႊ႕သြားခဲ့တာျဖစ္ပါတယ္။

ဂေရ႕ဇ္မန္းဟာ အက္သလက္တီကိုမွာ ကစားခဲ့တဲ့ 5 ႏွစ္တာကာလအတြင္း ယူရိုပါလိဂ္ဆုဖလားတစ္ႀကိမ္သာ ရယူႏုိင္ခဲ့ၿပီး ၿပီးခဲ့တဲ့ေဘာလံုးရာသီက ဂ်ဴဗင္တပ္ကို ခ်န္ပီယံလိဂ္ 16 သင္းအဆင့္မွာ အေရးနိမ့္ၿပီးတဲ့ေနာက္ အသင္းေျပာင္းဖို႔ ဆံုးျဖတ္ခ်က္ခ်ခဲ့တာပဲျဖစ္ပါတယ္။

အခုေတာ့ ဂေရ႕ဇ္မန္းရဲ႕ ဆံုးျဖတ္ခ်က္ဟာ အေကာင္အထည္ေပၚလာခဲ့ၿပီး ဘာစီလိုနာအသင္းကို ေရာက္ရိွလာခဲ့ၿပီျဖစ္ပါတယ္။ ဂေရ႕ဇ္မန္းဟာ ဘာစီလုိနာအသင္းနဲ႔အတူ ၿပိဳင္ပြဲတုိင္းမွာ ေအာင္ျမင္မႈရဖို႔ ေမွ်ာ္မွန္းေနၿပီး အထူးသျဖင့္ ခ်န္ပီယံလိဂ္ဆုဖလားရယူႏုိင္ဖုိ႔ ဆႏၵျပင္းျပေနတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းနဲ႔အတူ ဂေရ႕ဇ္မန္း ခ်န္ပီယံလိဂ္ဆုဖလားရယူဖုိ႔ ေမွ်ာ္မွန္းေနေပမယ့္ ရီးရဲလ္မက္ဒရစ္နဲ႔ မန္ယူနည္းျပေဟာင္း ေမာ္ရင္ဟိုကေတာ့ ဂေရ႕ဇ္မန္းရဲ႕ ဆံုးျဖတ္ခ်က္အေပၚ ေလွာင္ေျပာင္သေရာ္ခဲ့ပါတယ္။

မက္ဒရစ္အေျခစိုက္ ေရဒီယိုတစ္ခုနဲ႔ အင္တာဗ်ဴးမွာ ေမာ္ရင္ဟိုက “ ဂေရ႕ဇ္မန္းက ခ်န္ပီယံလိဂ္ဆုဖလားရယူခ်င္လုိ႔ ဘာစီလိုနာကိုေျပာင္းခဲ့တာဆိုေပမယ့္ က်ေတာ့္အထင္မွာေတာ့ အဲဒီဆံုးျဖတ္ခ်က္က လံုး၀မွားယြင္းပါတယ္။ သူလိုပဲ ခ်န္ပီယံလိဂ္ဆုဖလားလိုခ်င္လို လီဗာပူးကေန ဘာစီလုိနာကို ေျပာင္းသြားတဲ့ တစ္ေယာက္ရိွေသးတယ္။ က်ေတာ္ နာမည္ေတာ့မမွတ္မိပါဘူး။ ေမးခ်င္တာက သူေရာ ခ်န္ပီယံလိဂ္ဖလားရၿပီလားဆိုတာပါပဲ” လုိ႔ သေရာ္သြားခဲ့တာျဖစ္ပါတယ္။

ေမာ္ရင္ဟိုဟာ ၿပီးခဲ့တဲ့ရာသီက လီဗာပူးကေန ဘာစီလုိနာကိုေျပာင္းေရႊ႕သြားခဲ့တဲ့ဘရာဇီးကြင္းလယ္လူ ေကာ္တင္ဟိုနဲ႔ ဥပမာေပးဆုိိုလိုခဲ့တာျဖစ္ပါတယ္။ ေကာ္တင္ဟိုဟာ ခ်န္ပီယံလိဂ္ဆုဖလားေအာင္ျမင္မႈအတြက္ ဘာစီလိုနာကို ေျပာင္းေရႊ႕ခဲ့ေပမယ့္ ေျခစြမ္းမျပႏုိင္ဘဲ ရုန္းကန္ေနခဲ့ရၿပီး အသင္းေဟာင္း လီဗာပူးအသင္းကေတာ့ ခ်န္ပီယံလိဂ္ဆုဖလားရယူႏုိင္ခဲ့တာပဲျဖစ္ပါတယ္။